Pages

Monday, June 9, 2014

နိုင်ငံတကာပြိုင်ပွဲ ငါးပွဲအတွက် အလှမယ် ငါးဦးရွေးရန် ဆန်ခါတင် ၂၆ ဦး ရွေးချယ်


RangonNewsDaily: June . 9 .2014
နိုင်ငံတကာအလှမယ် ပြိုင်ပွဲငါးပွဲသို့ သွားရောက်ယှဉ် ပြိုင်မည့် အလှမယ် ရွေးချယ်မည့် ‘‘Miss Golden Land Myanmar 2014’’အတွက် ဆန်ခါတင် အလှမယ်ရွေးပွဲကို ဇွန်လ ၇ ရက် ညနေက တော်ဝင်ဂါးဒင်းဟိုတယ်၌ ပြုလုပ်ခဲ့သည်။
ပြိုင်ပွဲဝင်လျှောက်လွှာ ၄၂၆ ဦးထဲမှာ အဆင့်ဆင့်စိစစ်ရွေးကာ အလှမယ် ၅၀ အနက် ၂၆ ဦးကို နယ်ပယ်စုံမှ ဒိုင် ၁၆ ဦးက ရွေး ချယ်ပေးခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲ ကာလတစ်လျှောက် ပွဲစည်းကမ်း များနှင့် ပတ်သက်သော အချက် အလက်များ မချိုးဖောက်ရန် မီဒီ ယာရှေ့တွင် ရွေးချယ်လိုက်သော အလှမယ် ၂၆ ဦးကို စာချုပ်၌ လက်မှတ်ရေးထိုးစေခဲ့သည်။

‘‘သူတို့ကို ပုံစံအမျိုးမျိုးနဲ့ စစ် ဆေးခဲ့ပါတယ်။ အားလုံးက မျက် နှာသစ်တွေများတယ်။ မော်ဒယ် လောကထဲကို ၀င်ပြီးတဲ့ သူတွေ လည်းရှိတယ်။ အတွေ့အကြုံ ရှိခြင်း၊ မရှိခြင်းကို မစစ်ဆေးပါဘူး။ ကောင်းမွန်မှန်ကန်တဲ့ စိတ်ပိုင်းဆိုင်ရာအရည်အသွေးတွေ၊ နိုင်ငံအတွက် ဘယ်လောက် ပေးဆပ်နိုင်မလဲဆိုတဲ့ အမျိုးစုံ စမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။ အဲဒီထဲကမှ ဘယ်လိုစစ်ချချ မကျသွားမယ့် ဒေါင်ဒေါင်မြည် ၂၆ ယောက်လို့ပြောချင်ပါတယ်’’ဟု National Director ကိုဝေယံအောင်ကပြော သည်။

ရွေးချယ်ထားသော အလှမယ် ၂၆ ဦးအား တစ်လကျော်ကြာ စခန်းသွင်းလေ့ကျင့်ပြင်ဆင်ပေးသွားမည်ဖြစ်ပြီး အလှမယ်တစ်ဦးအတွက် လိုအပ်သော အရည်အချင်းများအား ဖိလစ်ပိုင်နိုင်ငံမှ ပညာရှင်များက လာရောက်သင်ကြားပေးမည်ဖြစ်သည်။

ဇူလိုင်လအတွင်း ပြိုင်ပွဲ ပြုလုပ်ကာ ဆန်ခါတင်အလှမယ် ၂၆ ဦးအနက် ငါးဦးရွေးချယ်၍ Miss Supranational, Miss Gr-and International, Miss EarthInternational, Miss Intercon-tinental Myanmar 2014 and Face of Beauty Myanmar 2014 စသည့် ပြိုင်ပွဲများသို့ တစ်ဦးစီစေ လွှတ်ယှဉ်ပြိုင်စေမည်ဖြစ်သည်။

၂၀၁၃ ခုနှစ်က Miss Supr-anational ပြိုင်ပွဲသို့ အလှမယ် ခင်ဝင့်ဝါ၊ Miss Grand Inter- national ပြိုင်ပွဲသို့ အလှမယ် ထားထက်ထက်တို့ ၀င်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ထိုနှစ်ပွဲအပြင် ယခုနှစ်တွင် နိုင်ငံတကာအလှ မယ်ပွဲ သုံးပွဲထပ်မံတိုးကာ ရွေး ချယ်သွားမည်ဖြစ်သည်။

Miss Golden Land Myanmar 2014 ဆန်ခါတင် အလှမယ်ရွေးချယ်ပွဲ ၀င်ရောက်ယှဉ်ပြိုင်နေသူများကို တွေ့ရစဉ် (ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)
7Day Daily , KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment