Pages

Monday, June 9, 2014

ပဏာမ မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်း လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ


RangonNewsDaily: June . 9 .2014
မလေးရှား နိုင်ငံတွင် ယခုနှစ် အတွင်း ကျင်းပရန်ရှိသည့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲ AFF Women's Championship 2014 အတွက် ပဏာမ မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းသည်
ဇွန် ၃ ရက်မှ စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိသည်။

ကစားသမား ၂၆ ဦးပါ လက်ရွေးစင် အမျိုးသမီး အသင်းတွင် ဂိုးသမား အသစ်အဖြစ် ခင်သီတာအေး စတင် ပါဝင်လာပြီး ဒဏ်ရာမှ ပြန်လည် ကောင်းမွန်လာသည့် တောင်ပံ ကစားသမား နီလာမြင့်လည်း အသင်းနှင့် ပြန်လည် ပူးပေါင်းလာပြီ ဖြစ်သည်။

မြန်မာ့ လက်ရွေးစင် အသင်း၏ ဝါရင့်ဂိုးသမား မေခင်ယမင်းမှာ မြန်မာ့ လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းတွင် ဂိုးနည်းပြ တာဝန်စတင် ထမ်းဆောင်ပြီ ဖြစ်သောကြောင့် အား/ကာ (မန္တလေး)မှ လူငယ် ဂိုးသမား ခင်သီတာအေးကို ရွေးချယ် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ အလားတူ ယူ-၁၉ အသင်းမှ ဂိုးသမား မေဇင်နွယ်၊ နီလာဝင်း၊ မေစပါယ်ဖူး၊ ယွန်းမီမီလွင်၊ ခင်သန်းဝေ၊ မေသူကျော်၊ ဝင်းသိင်္ဂီထွန်း တို့လည်း လက်ရွေးစင် အသင်းကြီး လူစာရင်းတွင် ပါဝင်လာခဲ့သည်။

မြ၀တီ , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment