Pages

Monday, June 9, 2014

စီအမ်တီ ဆုပေးပွဲ တွင် ထိပ်တန်း ဆု ရရှိ ခဲ့သည့် ကန်းထရီး တေးသံရှင် ကယ်ရီး အန်ဒါဝုဒ်


RangonNewsDaily: June . 9 .2014
ရုပ်သံ ဖျော်ဖြေ တင်ဆက်မှု များနှင့် ကန်းထရီး တေး သီချင်း ဗီဒီယို များကို ပရိသတ် များမှ မဲပေး ရွေးချယ် သည့် စီအမ်တီ ဂီတ ဆုပေးပွဲ အခမ်း အနား ကို အမေရိကန် နိုင်ငံ တန်နက်စီ ပြည်နယ် မြို့တော် နက်ရှ် ဗီလီ ၌ ဇွန် ၄ ရက် က ကျင်းပ ခဲ့ရာ အမေရိကန် ကန်းထရီး တေး သံရှင် ကယ်ရီး အန်ဒါဝုဒ် က အဆိုပါ ဆုပေးပွဲ ၏ ထိပ်တန်း ဆု တစ်မျိုး ဖြစ်သည့် Video of the Year ဆုကို You Again သီချင်း ဖြင့် ရရှိ ဆွတ်ခူး ခဲ့သည်။
အဆိုပါ စီအမ်တီ ဆုပေးပွဲ တွင် ကန်းထရီး တေးသံရှင် မာရင်ဒါ လမ်းဘတ် က Automatic သီချင်း ဖြင့် Female Video of the Year ဆုကို လည်းကောင်း၊ တေး သံရှင် Blake Shelton က Doin' What She Likes သီချင်း ဖြင့် ဆု ကို လည်းကောင်း ရရှိ ခဲ့ကြပြီး တေး သံရှင် ကယ်ရီး အန်ဒါဝုဒ် နှင့် မာရင်ဒါ လမ်း ဘတ် တို့က Somethin' Bad သီချင်း ဖြင့် ပရိသတ် များအား ဖျော်ဖြေ ကာ ဆုပေးပွဲ အခမ်း အနား ကို ရုပ်သိမ်း ခဲ့ကြောင်း သိရ သည်။

မာရင်ဒါ လမ်းဘတ် အနေ ဖြင့် ယင်း စီအမ်တီ ဆု ပေးပွဲ ၌ Female Video of the Year ဆု ကို ၂ဝ၁ဝ ခုနှစ် မှ စတင်ကာ ငါးနှစ် ဆက်တိုက် ဆွတ်ခူး နိုင်ခဲ့သူ လည်း ဖြစ်ပြီးကယ်ရီး အန်ဒါဝုဒ် သည်သုံးနှစ် ဆက်တိုက် Video of the Year ဆုရှင် တစ်ဦး လည်း ဖြစ် သည်။

KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment