Pages

Monday, June 9, 2014

ဒီဇယ်နေရာ၌ မီသိန်းဓာတ်ငွေ့ အစားထိုး သုံးသော်လည်း ကမ္ဘာကြီး ပူနွေးလာမှုကို ဆိုးရွားစွာ ထိခိုက် စေနိုင်ကြောင်း လေ့လာ တွေ့ ရှိ


RangonNewsDaily: June . 9 .2014
ကုန်တင်ကားများနှင့် ခရီးသည် တင်ကားများအနေဖြင့် လောင်စာဆီ အခက်အခဲကြောင့် သဘာဝ ဓာတ်ငွေ့ဖြင့် မောင်းပါက ရေရှည်တွင် ဒီဇယ်ကားများထက် ရာသီဥတုကို ပိုမို ဆိုးရွားစေနိုင်ကြောင်း လေ့လာမှုအရ သိရသည်။
သဘာဝဓာတ်ငွေ့ စနစ်သည် မီသိန်းဓာတ်ငွေ့ကို ထွက်စေသဖြင့် ဖန်လုံအိမ် ဓာတ်ငွေ့များ ကြောင့် အပူကို ထိန်းထားနိုင်သည်။

သဘာဝဓာတ်ငွေ့သည် လောင်စာဆီများထက် ပို၍သန့်သည်။ သုတေသန အသစ်များအရ ကုန်တင်ကားများနှင့် ခရီးသည် တင်ကားများတွင် ဒီဇယ်ဆီများ ထည့်မောင်းပါက နှစ်ပေါင်း ၁ဝဝ ကာလအတွင်း ကမ္ဘာကြီး ပူနွေးလာမှု ပိုမို ဆိုးရွား သွားစေနိုင်သည်ဟု သိရသည်။

ဒီဇယ် အင်ဂျင်စက်များသည် ဆီအရည်အသွေး အလွန်ကောင်းသည်။ သဘာဝ ဓာတ်ငွေ့ဖြင့် အခြေခံ အဆောက်အအုံမှ အပူဖမ်းသော မီသိန်းဓာတ်ငွေ့များကို ယိုစိမ့်ထွက်ကြောင်း ဗဟိုအစိုးရနှင့် စက်မှု လုပ်ငန်းများ၏ စာရင်းဇယားများက အကြံပြုပါသည်ဟု ဗဟို အစိုးရ ဓာတ်ခွဲခန်းများနှင့် စတန်းဖို့ဒ်၊ ဟားဗတ်နှင့် အမ်အိုင်တီ တက္ကသိုလ်ကြီးများ အပါအဝင် တက္ကသိုလ် ခုနစ်ခုတို့မှ သိပ္ပံပညာရှင်ပေါင်း ၁၆ ဦး၏ လေ့လာချက်အရ သိရသည်။

ကုန်တင်ကားများနှင့် ခရီးသည် တင်ကားများတွင် သဘာဝဓာတ်ငွေ့ကို အသုံးပြု မောင်းနှင် စေပါက ပတ်ဝန်းကျင် လေထု အရည်အသွေးကို အထောက်အကူပြုသည်။ နိုင်ငံခြားမှ ရေနံတင်သွင်းရမှုကို လျှော့ချနိုင်သည်။

သို့သော် ယင်းသို့ သဘာဝဓာတ်ငွေ့ အသုံးပြုပါက ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ချနိုင်ဖွယ် မရှိကြောင်း စတန်းဖို့ဒ် တက္ကသိုလ်မှ ဦးဆောင်စာရေးသူ အဒမ်ဘရန့်က ပြောသည်။ ဤတွေ့ရှိချက်ကို ၂ဝ၁၂ ခုနှစ် အစောပိုင်းက သရုပ်ခွဲ လေ့လာမှုအရ ဖန်လုံအိမ် ဓာတ်ငွေ့ တွက်ချက်မှုကို အခြေပြု၍ တွေ့ရှိရခြင်း ဖြစ်သည်။ ကားအင်ဂျင်တွင် သဘာဝ ဓာတ်ငွေ့ လောင်ကျွမ်းစေခြင်းသည် ဒီဇယ်ဆီ လောင်ကျွမ်းစေခြင်းထက် ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ ထုတ်လွှတ်မှု လျော့နည်းစေသည်။ သို့သော် သဘာဝ ဓာတ်ငွေ့ကို တူးဖော်ခြင်း၊ ထုတ်လုပ်ခြင်းများသည် မီသိန်းဓာတ်ငွေ့ ယိုစိမ့် ထွက်မှုများကို ဖြစ်ပေါ်စေ သည်။

သဘာဝ ဓာတ်ငွေ့ဖြင့် ခရီးသည် တင်ကားကို မောင်းနှင်စေရာတွင် ဓာတ်ဆီထည့်၍ မောင်းနှင်စေခြင်းထက် ရာသီဥတုကို ထိခိုက်မှုက ၅ဝ-၅ဝ ဖြစ်ကောင်း ဖြစ်နိုင်သည်။

ဤကိစ္စနှင့် ပတ်သက်၍ စက်မှုလုပ်ငန်း လုပ်ကိုင်ကြသူ အုပ်စုက သဘောမတူပေ။

သဘာဝဓာတ်ငွေ့ ကားဥက္ကဋ္ဌ ရစ်ချဒ်ကို လော့ဇီးက ပြောကြားရာတွင် ''သဘာဝဓာတ်ငွေ့ တွင်းမှသည် ကားများအထိ ထုတ်ယူခြင်းနှင့် ဖြန့်ဖြူးခြင်း အပိုင်းကို ကာလီဖိုးနီးယား စွမ်းအင် ကော်မရှင်က တွက်ချက်သော ၂ဝဝ၇ ခုနှစ် အစီရင်ခံစာတွင် သဘာဝ ဓာတ်ငွေ့ကားများက ဒီဇယ်ကားများထက် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု ၂၂ ရာခိုင်နှုန်း လျော့နည်းစေပြီး သမားရိုးကျ ဓာတ်ဆီကားများထက် ၂၉ ရာခိုင်နှုန်း လျော့နည်းကြောင်း ဖော်ပြထားသည်''ဟု ပြောခဲ့သည်။

သုတေသန အသစ် ပြုလုပ်ချက်ပေါင်း၂ဝဝ ကျော်ကို ပြန်လည် စစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ တွင် သောကြာနေ့ထုတ် သိပ္ပံဂျာနယ်၌ သဘာဝဓာတ်ငွေ့သည် မီသိန်းဓာတ်ငွေ့များ ယိုစိမ့်မှု ရှိနေသည် မှန်သော်လည်း ရေရှည်တွင် ကျောက်မီးသွေးဖြင့် လျှပ်စစ် ဓာတ်ထုတ်လုပ်မှု နည်းလမ်း အသုံးပြုခြင်းထက် ရာသီဥတုကိုပို၍ ကောင်းမွန် စေနိုင်သည်ဟု ဆိုထားသည်။

သဘာဝ ဓာတ်ငွေ့တွင် မီသိန်းဓာတ်ငွေ့ ပါဝင်မှုက အများဆုံး သို့မဟုတ် မီသိန်း ဓာတ်ငွေ့ ချည်း ပါဝင်သည်ဟု ဆိုနိုင်ကာ လေထုထဲတွင် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့လောက် အချိန် ကြာရှည်စွာ မျောပါ နေနိုင်ခြင်း မရှိသည်မှာ မှန်သော်လည်း မီသိန်း ဓာတ်ငွေ့ ရှိနေခိုက် အချိန်အတွင်း အပူဓာတ်ကို ဖမ်းယူထားနိုင်မှုမှာ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့ထက် အဆပေါင်း ၃ဝ ခန့် ပို၍ရှိနေကြောင်း သိရသည်။

သို့ဖြစ်၍ မီသိန်း ဓာတ်ငွေ့နည်းသော ပိုက်လိုင်းကဖြစ်စေ၊ မြို့လမ်းတွေဖြစ်စေ၊ ဓာတ်အား ပေးစက်က ယိုစိမ့်သွားလျှင် ထပ်တိုး ဆိုးသွားစေပါသည်။

လေ့လာမှုအရ အမေရိကန် ပြည်ထောင်စု ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီက မီသိန်း ထုတ်လွှတ်မှုကို အများကြီး လျှော့တွက် ထားသည်ဟု ဆိုသည်။ အကြောင်းမှာ သူတို့၏ အသေးစိတ် တွက်ချက်မှု နည်းလမ်းကြောင့် လျော့ကျနေခြင်းဟု သိရသည်။ အေဂျင်စီက တွက်ချက်ရာတွင် အောက်မှ အထက်သို့ ချဉ်းကပ် တွက်နည်းဖြစ်ရာ နွားတစ်ကောင် သို့မဟုတ် စက်ရုံတစ်ခုမှ ထုတ်လွှတ်သည့် ပမာဏအပေါ် အခြေပြု၍ မီသိန်း ထုတ်လွှတ်မှုကို တွက်သည်။ ယင်းသို့ တွက်ခြင်းကြောင့် မသုံးတော့၍ စွန့်ပစ်ထားသော ရေနံ သဘာဝ ဓာတ်ငွေ့တွင်းများ၊ စိမ့်မြေများကို ထည့်သွင်း တွက်ချက်ထားခြင်း လုံးဝမရှိပေ။ ထို့ကြောင့် ပမာဏ လျော့နည်းနေခြင်း ဖြစ်သည်။

အပြန်အလှန်အားဖြင့် အထက်မှ အောက်သို့ တွက်ချက်ခြင်း နည်းကို သုံးရာတွင် လေယာဉ်ပျံ များ၊ မီခိုး ခေါင်းတိုင်များမှ ထုတ်လွှတ်သော မီသိန်းဓာတ်ငွေ့များ လေထုထဲတွင် ပမာဏ မည်မျှ ရှိနေသည်ကို တွက်ချက်ခြင်း ဖြစ်သည်။

သူတို့သုံးသော ဤအထက်မှအောက်သို့ တွက်ချက်နည်းဖြင့် တွက်၍ ရသော ပမာဏမှာ အမေရိကန် ပြည်ထောင်စု ပတ်ဝန်းကျင် ကာကွယ် စောင့်ရှောက်ရေး အေဂျင်စီက တွက်ချက် ခန့်မှန်းသည့် ပမာဏထက် ၂၅ ရာခိုင်နှုန်းမှ ၇၅ ရာခိုင်နှုန်း အထိ များပြား လျက်ရှိကြောင်း သိရသည်။

သို့သော် ဤမီသိန်းဓာတ်ငွေ့ ထုတ်လွှတ်ခြင်း များသည် မည်သည့် နေရာကလာ သနည်း ရှင်းလင်းမှု မရှိပေဟု ဘရန့်က သတင်းထောက်များကို ပြောကြားခဲ့သည်။

သိပ္ပံပညာရှင် များကလည်း မြေအောက် ကျောက်ဖျာများကို ရေအား သုံးဖြိုခွဲခြင်း နည်းသုံး၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်ယူနည်းလား၊ သာမန်လွန် တူးဖောက်ထွင်း၍ ထုတ်ယူနည်းလား သိဖို့လိုကြောင်း၊ ယင်းသို့ အသုံးပြုသည့် နည်းစနစ်ကြောင့် မည်မျှမီ သိန်းဓာတ်ငွေ့တွေ ထုတ်လွှတ်သည် ဆိုသည့် ပမာဏကို အတိအကျ မသိရှိကြပေ။ ယင်းသို့သော မြေအောက် ကျောက်ဖျာများကို ရေအားသုံးကာ ဖိအားဖြင့် ခွဲလျက် ရေနံနှင့် သဘာဝ ဓာတ်ငွေ့သိုက်ထဲမှ ထုတ်ယူနည်းကြောင့် ယိုစိမ့် ထွက်လာသော မီသိန်းဓာတ်ငွေ့ ပမာဏ နည်းနေနိုင်မည် ဖြစ်မည်။ သို့သော် သိပ္ပံပညာရှင်များက အတိအကျ မသိချေ။

ရေနံနှင့် သဘာဝ ဓာတ်ငွေ့တွင်းများနှင့် လုပ်ငန်းစဉ် အတွင်း၌ စက်ရုံများမှ ထုတ်လွှတ်သည့် မီသိန်း ဓာတ်ငွေ့ပမာဏသည် သူတို့ အလိုအလျောက် ပါဝင် လုပ်ဆောင်မှု အပေါ် မူတည်နေသည်။ အမေရိကန် ပြည်ထောင်စု ပတ်ဝန်းကျင်ကာကွယ် စောင့်ရှောက် ထိန်းသိမ်းရေး အေဂျင်စီ၏ လေ့လာချက် တစ်ခုတွင် သဘာဝ ဓာတ်ငွေ့ကုမ္ပဏီ ၃ဝ ကို ပူးပေါင်း ဆောင်ရွက်ပေးရန် တောင်းဆို ခဲ့သော်လည်း ဓာတ်ငွေ့ကုမ္ပဏီ ခြောက်ခုကသာ အေဂျင်စီကို လုပ်ငန်းသို့ လေ့လာခွင့်ပြုခဲ့၍ ဖြစ်သည်။

သဘာဝ ဓာတ်ငွေ့လုပ်ငန်း စက်ရုံများရှိ ပါဝင်သော ပစ္စည်းကိရိယာ အစိတ်အပိုင်းပေါင်း ၇၅ဝဝဝ ကို စောစောပိုင်းက လေ့လာချက် တစ်ခုအရ အပြစ်အနာအဆာ ရှိသော ပစ္စည်း ၅ဝ တွေ့ရှိ ခဲ့ရ၍ မီသိန်းဓာတ်ငွေ့ ယိုစိမ့် ထုတ်လွှတ်မှု၏ ၆ဝ ရာခိုင်နှုန်းနီးပါး ရှိခဲ့ကြောင်း သိရ သည်။ အမေရိကန် နိုင်ငံ၌ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီလတွင် စတင် အာဏာ တည်တော့မည့် ဥပဒေအရ မီသိန်း သဘာဝဓာတ်ငွေ့ကိုဖမ်းယူကာ အရည်ပြုလုပ်ပြီးနောက်တွင် တွင်းတူးပြီး နောက်မှ ဖယ်ရှား ပစ်ရမည်။

ပတ်ဝန်းကျင်ကို ထိန်းသိမ်းရမှန်း၊ ကာကွယ် စောင့်ရှောက်ရမှန်း ရှေးတုန်းက လူတွေ မသိရှိ အလေးမထား ခဲ့ကြသော်လည်း ယနေ့ ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတု တွေ ဖောက်ပြန်မှုများ ဖြစ်လာတော့ မှသာလျှင် သိပ္ပံပညာရှင်တွေ ကျေးဇူးကြောင့် ဘာကြောင့် ဖြစ်လာရသည်ကို အမှန်အတိုင်း သိရှိလာကြပြီး တစ်ကမ္ဘာလုံး အသိပညာ များပေးကာ ကြိုးပမ်း လာကြ ရကြောင်း ရေးသား လိုက်ရပါသည်။ ။

မြ၀တီ , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment