Pages

Monday, June 9, 2014

အင်းစိန်ထောင်မှ အကျဉ်းသားနှစ်ဦး တက္ကသိုလ်ဝင်တန်းအောင်မြင်


RangonNewsDaily: June . 9 .2014
အင်းစိန်ထောင်တွင်း ထောင်ကျနေစဉ် ယခုနှစ်တက္က သိုလ်ဝင်တန်းစာမေးပွဲကို ၀င် ရောက်ဖြေဆိုခဲ့သည့် ထောင်ကျ အကျဉ်းသား ခုနစ်ဦးအနက် နှစ်ဦး မှာ တက္ကသိုလ်ဝင်စာမေးပွဲကို ဘောဂဗေဒ ဘာသာတွဲဖြင့် အောင်မြင်ခဲ့ကြောင်း အင်းစိန် ဗဟိုအကျဉ်းထောင်၏ ထောင်ပိုင် ကြီး ဦးကျော်ဌေးက အတည်ပြု ပြောကြားသည်။
အဆိုပါအကျဉ်းသားနှစ်ဦး မှာ ၂၀၁၂ တွင် လုယက်မှုဖြင့် ထောင်ငါးနှစ်ကျခံနေရပြီး နှစ်ဦး စလုံးမှာ အမှုတစ်ခုတည်းကို ပူး တွဲကျူးလွန်ခဲ့ကြခြင်းဖြစ်သည်။ ထောင်ကျချိန်တွင် အသက်(၁၈) နှစ်မပြည့်သေးဘဲ တက္ကသိုလ်ဝင် တန်း တက်ရောက်နေသော ပညာရေးတစ်ပိုင်းတစ်စနှင့် လူ ငယ်အကျဉ်းသားများဖြစ်ပြီး ၎င်း တို့အပါအ၀င် လူငယ်အကျဉ်း သားများ၏ ပညာရေးကို အဆုံး သတ်မခံဘဲ ပညာသင်ယူခွင့်ရစေ ရန် စီစဉ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘စာမေးပွဲဖြေချင်တဲ့ သူတွေ ကို ထောင်ထဲမှာ စာရင်းလိုက် ကောက်ပြီး ဖြေဖို့ စာရင်းပေးသူ တိုင်းကို အမှုတွေပုဒ်မတွေ ကန့် သတ်ချက်မရှိဘဲ ဖြေဆိုဖို့စီစဉ်ပေးခဲ့ပါတယ်။ အခုပညာသင်နှစ်မှာ သူတို့ကို ဒီဇင်ဘာမှာ စပြီး စခန်း သွင်းတယ်။ ထောင်ပိတ်ချိန် ၉ နာရီနောက်ပိုင်းမှာ စာကျက်ခွင့် ရအောင် အထက်အဆင့်ဆင့်ကို ခွင့်တောင်းပေးတယ်။ လိုအပ်တဲ့ ဆေးဝါးအစားအစာအားလုံး ပံ့ပိုး ပေးတယ်။ အခုသူတို့နှစ်ယောက် အောင်မြင်မှုက အင်းစိန်ထောင် ကြီးရဲ့ အကြီးမားဆုံးအောင်မြင် မှုတစ်ခုလို့ ဆိုရမယ်’’ဟု ထောင် ပိုင်ကြီးဦးကျော်ဌေးကပြောကြား သည်။

အင်းစိန်ထောင်အတွင်း ထောင်ကျအကျဉ်းသားများ ပညာဆက်လက်သင်ကြားခွင့်အစီအ စဉ်ကို ၂၀၁၀ ပြည့်နှစ်က စတင်ခဲ့ ပြီး ၂၀၁၂-၁၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ငါး ဦးရှိခဲ့သော်လည်း ငါးဦးလုံးကျရှုံး ခဲ့သည်။ အင်းစိန်ထောင်တွင်း စာမတတ်သူအကျဉ်းသားအား လုံး မသင်မနေရ သူငယ်တန်း တွင် တက်ရောက်သင်ကြားစေ ခြင်း၊ စာမေးပွဲဖြေဆိုခြင်းတို့ကို လည်း ၂၀၁၂ ခုနှစ်နောက်ပိုင်း စတင်လုပ်ဆောင်ခဲ့ကြောင်း ဦးကျော်ဌေးကပြောသည်။

‘‘ကျောင်းသားတွေကို စာ ပြန်သင်ပေးတာကတော့ ထောင် ကျထဲက ပညာတတ်အကျဉ်းသား တွေက ၇၅ ရာခိုင်နှုန်းဖြစ်ပါ တယ်။ အဲဒီအတွက် ပညာဖြန့်ဝေ ပေးတဲ့ အကျဉ်းသားကို ဆုမှတ် လျှော့ချရက်တွေပေးပါတယ်။ ပညာရေးဦးစီးဌာနက ဆရာ၊ ဆရာမတွေ စနေ၊ တနင်္ဂနွေ နှစ်ရက် လာသင်ပေးပါတယ်။ အကျဉ်းသားတွေ စာမေးပွဲဖြေတဲ့ အခါ စိတ်ဓာတ်မြှင့်တင်ရေးအနေ နဲ့ အဖြူ၊ အစိမ်းဝတ်စုံအသစ် တွေ စီစဉ်ပေးပါတယ်’’ဟု ဦး ကျော်ဌေးကပြောသည်။

အကျဉ်းသားများအတွက် အင်းစိန်အကျဉ်းထောင်အတွင်း အလက (၁၃) ကျောင်းခွဲဖွင့်လှစ် ထားပြီး တက္ကသိုလ်ဝင်တန်းဖြေ ဆိုသူများအတွက် စာစစ်ဌာနကို လည်း ထောင်အနီးတွင် ဖွင့်လှစ် ထားသည်။

ယခုနှစ် ဇွန်လ ၂ ရက်က ကျောင်းများပြန်လည်ဖွင့်လှစ် ချိန်တွင် ယခုပညာသင်နှစ်အ တွက် သူငယ်တန်းမှ တက္ကသိုလ် ၀င်တန်းအထိ လူငယ်အကျဉ်း သား၊ အကျဉ်းသူ စုစုပေါင်း ၁၂၁ ဦးတက်ရောက်နေပြီဖြစ်ကြောင်း အင်းစိန်အကျဉ်းထောင်စာရင်းများအရသိရသည်။

အကျဉ်းသားများ စာတတ် မြောက်ရေးကို အင်းစိန်ထောင်၊ မန္တလေးထောင်နှင့် မိတ္ထီလာ ထောင်တို့တွင် ပြုလုပ်နေပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်မှုမှာ အစိုးရသစ်လက်ထက်တွင် အင်းစိန်ထောင်က ပထမဆုံးဖြစ်သည်။

ဇွန်လ ၇ ရက်အထိ အင်း စိန်ထောင်အတွင်း အကျဉ်းကျနှင့် အချုပ်သားစုစုပေါင်း ၆၈၆၈ ဦး ရှိသည်။

7Day Daily , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment