Pages

Monday, June 9, 2014

ဘဂ္ဂဒက် မြို့ တစ်ခွင် ဒါဇင် နှင့် ချီသော ကားဗုံးများ ဖြင့် ဖောက်ခွဲ တိုက်ခိုက်


RangonNewsDaily: June . 9 .2014
ဘဂ္ဂဒက် မြို့၌ စနေနေ့ က ကား ဗုံးခွဲ တိုက်ခိုက် မှုများ ဆက်တိုက် ဖြစ်ပွား ခဲ့ရာ လူပေါင်း ၆ဝ ကျော် သေဆုံး သွားခဲ့ ကြောင်း၊ စစ်သွေးကြွ များက အီရတ် အနောက် ပိုင်း တက္ကသိုလ် တစ်ခု ကို ဝင်ရောက် စီးနင်း တိုက်ခိုက် ခဲ့ကြောင်း ဒေသ ဆိုင်ရာ ဆေးဘက် သတင်း ရပ်ကွက် များက ပြောသည်။
အဆိုပါ မြို့တော် ၏ ရှီးယိုက် တို့ နေထိုင်ရာ ခရိုင် များ၌ ဒါဇင် နှင့် ချီသော ဗုံးခွဲ တိုက်ခိုက် မှုများ ဖြစ်ပွား ခဲ့ကြောင်း၊ ဘေယာ ၌ ဖြစ်ပွား ခဲ့သော တိုက်ခိုက် မှုသည် သွေးထွက် သံယို အများ ဆုံး ဖြစ်ပြီး ၂၃ ဦး သေဆုံး ခဲ့ကြောင်း၊ ယင်း တို့တွင် ဘိလိယက် ကစား နေသော လူငယ် များမှာ အများ ဆုံး ဖြစ်ကြောင်း သတင်း တွင် ဖော်ပြ သည်။

''ကျွန်တော် ဆိုင် ပိတ်ဖို့ အသွား လမ်းမ ပေါ်က ပေါက်ကွဲ သံကြီး ကြား လိုက်ရ တာ ပါပဲ။ အဲဒီ အချိန်မှာ လမ်းပေါ် မှာ ကားတွေ ရော ဆိုင်တွေ ပါ မီးလောင် နေတာကို တွေ့လိုက် ရတာ ပါပဲဗျာ'' ဟု ကာရမ် အဗ္ဗဒူလာ က ပြောသည်။ အခြားသော ဗုံးများ မှာ ရုပ်ရှင် ရုံ၊ နာမည် ကျော် အဖျော်ဆိုင် နှင့် ရှီးယိုက် ဗလီ တို့၌ ဗုံး ပေါက်ကွဲ မှုများ ဖြစ်ပွား ခဲ့သည်။

အဆိုပါ ဗုံးခွဲ တိုက်ခိုက် မှုများ သည် မည်သည့် အဖွဲ့က တိုက်ခိုက် ခဲ့သည် ကို ချက်ချင်း မသိ ရသေးကြောင်း၊ သို့သော် ရှီးယိုက် အသိုင်း အဝိုင်း သည် ဆွန်နီ အစ္စလာမ္မစ် တို့၏ မကြာ ခဏ ပစ်မှတ် ထား တိုက်ခိုက် ခံနေ ရကြောင်း သတင်း တွင် ဖော်ပြ သည်။

 ကြာသ ပတေး နေ့ တစ်နေ့ တည်း၌ပင် စစ် သွေးကြွ များက ဆွန်နီ အန်ဘာ ပြည်နယ် ၏ အဓိက မြို့ကြီး ဖြစ်သော ရာမာဒီ နှင့် ဖလူး ဂျာ တို့ကို သိမ်းပိုက် ခဲ့သည့် အပြင် ရာမာဒီ ရှိ အန်ဘာ တက္ကသိုလ် ကိုလည်း ထိန်း ချုပ် ထားသည်။

ရိုက်တာ , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment