Pages

Monday, June 9, 2014

အလိုမတူ အဓမ္မကျင့်ကြံမှုများကိုမတော်တဆဖြစ်စဉ်များအဖြစ် အိန္ဒိယပြည်နယ်ဝန်ကြီးတစ်ဦးပြောကြား


RangonNewsDaily: June . 9 .2014
အမျိုးသမီးများ အဓမ္မကျင့်ကြံခံရမှုကို ရည်ရွယ်ချက်အားဖြင့်မဟုတ်ဘဲမတော်တဆအားဖြင့်သာ ပေါ်ပေါက်တတ်သည့်ဖြစ်
စဉ်များအဖြစ် အိန္ဒိယအစိုးရသစ် ၀န်ကြီးအဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့ရာ အိန္ဒိယပြည်သူများ အမျက်ထွက်ခဲ့ကြကြောင်း ဇွန် ၈ ရက်သတင်းများ၌ဖော်ပြထားသည်။
အဓမ္မကျင့်ကြံမှုများသည် ရည်ရွယ်ချက်အားဖြင့် ပေါ်ပေါက်တတ်သည့်ဖြစ်စဉ်များမဟုတ်ကြောင်း အိန္ဒိယနိုင်ငံ အလယ်
ပိုင်း ချဟာတီစဂါပြည် နယ်အစိုးရ ပြည်နယ်အုပ်ချုပ်ရေးဝန်ကြီးဌာန ၀န်ကြီး ရမ်ဆီဘက်ခ်ပိုင်ကရာက ဇွန် ၇ ရက်၌ ပြော
ကြားခဲ့သည်။

အလားတူ မဒရာပရာဒေ့ရှ်ပြည်နယ်အစိုးရ အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦးကလည်း အဓမ္မကျင့်ကြံမှုများသည် တစ်ခါတစ်
ရံ မှန်ကန်သည့်လုပ်ရပ်များဖြစ်၍ တစ်ခါတစ်ရံမှားယွင်းသည့်လုပ်ရပ်များဖြစ်ကြောင်း ဇွန် ၅ ရက်က ပြောကြားခဲ့ဖူးရာ ပြင်းထန်သည့် ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

အိန္ဒိယ ပြည်နယ်အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၏ မှတ်ချက်စကားများကိုအမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုအုပ်စုများက ဝေ

ဖန်ခဲ့ကြပြီး ယင်းမှတ်ချက် စကားများသည်လိင်အကြမ်းဖက်မှုများအား အိန္ဒိယနိုင်ငံရေးသမားများက တားဆီးနိုင်
စွမ်းကင်းမဲ့ပုံကိုဖော်ညွှန်းလျက်ရှိ ကြောင်း ပြောကြားခဲ့ကြသည်။

အိန္ဒိယ၀န်ကြီးချုပ်သစ် နာရန်ဒါမိုဒီကိုယ်တိုင်သည် အဓမ္မကျင့်ကြံမှုများနှင့်ပတ်သက်၍ ၎င်းင်း၏သဘောထား
ကို ထုတ်ေ
ဖ်ာပြောဆိုခြင်း မရှိခဲ့ပေ။၂၀၁၂ ခုနှစ် ဒေလီ အဓမ္မမှုပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း အိန္ဒိယအစိုးရသည်ပြင်းထန်သည့် ဥပဒေ
များပြဋ္ဌာန်း၍ လိင်အကြမ်းဖက်မှုများအား တားဆီးရန် ကြိုးပမ်းခဲ့သော်လည်း ခရီးမတွင်လှကြောင်း သတင်းများ၌ ဖော်ပြသည်။

စံတော်ချိန် , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment