Pages

Tuesday, March 11, 2014

ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်နိုင်သော အစ္စရေးနိုင်ငံထုတ် LifeWatch V4 စမတ်ဖုန်း


RangonNewsDaily: March . 11 .2014
ယနေ့ဖုန်းများတွင် လူသားတို့၏ ကျန်းမာရေးဆိုင်ရာ စစ်ဆေးချက်များကို App တစ်ခုအနေဖြင့် ထည့်သွင်း၍ ထုတ်လုပ်နိုင်ရန် ကြိုးစားလာကြပါသည်။ မကြာသေးမီက ထွက်ရှိခဲ့သည့် Galaxy S5 တွင်လည်း လူ၏ နှလုံးခုန်သံကို တိုင်းတာနိုင်သည့် App များထည့်သွင်း၍ လူအများ၏ နှစ်သက်စွဲလန်းမှု ရရှိအောင် လုပ်ဆောင်ခဲ့ကြပေသည်။
ယခုအခါ ကျန်းမာရေးစစ်ဆေးမှုများ ကိုဖုန်းဖြင့်လုပ်ဆောင်နိုင်သော LifeWatch V7 ဟုခေါ်သော ဖုန်းတစ်မျိုး ထွက်ပေါ်လာခဲ့ပြန်ပြီ ဖြစ်ပါသည်။ အဆိုပါဖုန်းအား အစ္စရေးနိုင်ငံ LifeWatch Company မှ တီထွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး V7 အနေဖြင့် အပူချိန်၊ စိတ်ဖိစီးမှုအဆင့်၊ သွေးဖိအား၊ နှလုံးခုန်နှုန်း အစရှိသည့် ကျန်းမာရေးကိစ္စရပ်များကို တိုင်းတာလုပ်ဆောင်နိုင်မည့် အပြင် သွေးအတွင်း သကြားပမာဏကိုလည်း စောင့်ကြည့်နိုင်မည်ဖြစ်ပါသည်။

အဆိုပါစစ်ဆေးမှုများကို ပြုလုပ်နိုင်ရန်အတွက် သင်၏ လက်မ၊သို့မဟုတ် လက်ချောင်းထိပ်ဖြင့် မိမိစစ်ဆေးလိုသော ကျန်းမာရေးစစ်ဆေးမှု App ကို နှိပ်ကာ ဖုန်းကို ရေပြင်ညီအနေအထားအတိုင်း ထား၍ စစ်ဆေးခြင်းဖြင့် သိရှိနိုင်မည်ဖြစ်သည်။

ဖုန်းအနေဖြင့် ကျန်းမာရေးစစ်ဆေးချက် မှတ်တမ်းများကို လိုအပ်ချိန်၌ ပြန်လည်ကြည့်ရှုနိုင်ရန် Cloud Server ၌ သိမ်းထားနိုင်မည်ဖြစ်ကာ ၄င်းမှတ်တမ်းများကိုလည်း ဆရာဝန်နှင့် Share ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ဖုန်းတွင် 1.3 GHz Quad-Core Processor ၊ RAM 1 GB ၊ 1280x720 Resolution ၊ 4.7 Screen ၊ 8 Megapixel Camera နှင့် 2150 mAH ဘက်ထရီကို အသုံးပြုထားသောကြောင့် အလယ်အလတ်တန်းစားရှိသော ဖုန်းအမျိုးအစားတစ်ခုပင် ဖြစ်ပြီး Jelly Bean 4.2.2 ကို အသုံးပြုထား၍ သိုလှောင်ထားနိုင်မှု ပမာဏမှာ 4GB ဖြစ်ပါသည်။ LifeWatch V7 အား ဧပြီလကုန်ပိုင်းတွင် စတင်ရောင်း ချမည်ဟု သိရှိရပါသည်။

Ref:wired.co.uk , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment