Pages

Tuesday, March 11, 2014

သီချင်းသည် အတိတ်မေ့ ရောဂါအတွက် အကောင်းဆုံး ဆေးဖြစ်


RangonNewsDaily: March . 11 .2014
လေ့လာ တွေ့ရှိချက်အရ သီချင်းနားထောင်ခြင်း၊ သီဆိုခြင်းဟာ အတိတ်မေ့ ရောဂါအတွက် အကောင်းဆုံး ဖြစ်ကြောင်း သိရပါတယ်။ အတိတ်မေ့ ရောဂါတင်မကပဲ ဦးနှောက် ထိခိုက်မှုေ ကြာင့် ဖြစ်ပွားတဲ့ ဘယ်ရောဂါ ကိုမဆို ကုသ နိုင်တယ်လို့
ဆိုပါတယ်။

စဉ်းစားရ ခက်တာမျိုး၊ စဉ်းစား မိသော်လည်း ဦးနှောက်က တန်ပြန် တုံ့ပြန်မှု နှေးကွေးတာမျိုး တို့ကိုလည်း ပျောက် ကင်း စေပါတယ်။ သီချင်းရယ်လို့ မဟုတ်ပဲ ဂီတနဲ့ ဆက်စပ်တဲ့ ဒရမ် တီးတာတို့၊ စန္တယား တီးတာတို့၊ ဂစ်တာတီးတာ တို့ကလည်း မှတ်ဥာဏ် ကောင်းပြီးတော့ အတိတ် မေ့ ခြင်းမှ လည်း ပြန်လည် ကောင်းမွန် စေပါတယ်။

သီချင်း တစ်ပုဒ် နားထောင်လိုက်တဲ့ အခါ နျူရွန် ဓာတ်တစ်မျိုးကို ဦးနှောက်ထဲမှာ ထုတ်လုပ်ပေးပြီး ဦးနှောက်ဆဲလ်တွေကို ရှင်သန်စေပြီး၊ ပျက်စီးနေတဲ့ ဆဲလ် နေရာကိုလည်း ပြန်လည် အစားထိုး ပေးပါတယ်။ 

ဒါကြောင့် သီချင်းဟာ အတိတ်မေ့ ရောဂါအတွက် အကောင်းဆုံး ဆေးဖြစ်တယ်လို့ သတ်မှတ်ခြင်းဖြစ်ကြာင်း သိရပါတယ်။

ရိုးရာလေး  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment