Pages

Tuesday, March 11, 2014

သမ္မတ ဦးသိန်းစိန် နှင့် ဒေါ်အောင် ဆန်းစုကြည် တွေ့ဆုံ ဆွေးနွေး သည့် အကြောင်း အရာ သတင်း ထုတ်ပြန် ခြင်း မရှိ

RangonNewsDaily: March . 10 .2014
နိုင်ငံ တော် သမ္မတ ဦးသိန်းစိန် နှင့် အမျိုးသား ဒီမိုက ရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် တို့ နေပြည်တော် ရှိ နိုင်ငံ တော် သမ္မတ ၏ လယ်တော အိမ်ယာ တွင် ယမန် နေ့ ညနေ ပိုင်းက တွေ့ဆုံ ခဲ့သော် လည်း သတင်း ထုတ်ပြန် ရန် မရှိ ကြောင်း အမျိုးသား ဒီမိုက ရေစီ အဖွဲ့ ချုပ် နေပြည် တော် ပြန်ကြား ရေး တာ ၀န်ခံ ဦးဖြိုး ဇေယျာသော် က The Messenger သတင်းစာ သို့ ပြော သည်။
သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ သမ္မတ လယ်တော အိမ်မှာ တွေ့ဆုံခဲ့ကြပါ တယ်။

ဘယ်သူ တွေပါ တယ်၊ ဘာတွေ ဆွေး နွေး တယ် တော့ မသိ ပါဘူး။ သတင်း မထုတ် ပြန် ပါဘူး””ဟု ၎င်း က ပြောသည်။ နိုင်ငံတော်သမ္မတနှင့်ဒေါ်အောင်ဆန်းစု ကြည်တို့ ယခုတွေ့ဆုံခြင်းမှာ ပဉမ အကြိမ် မြောက်ဖြစ်ပြီး ၂၀၁၁ ခုနှစ်၊ သြဂုတ်လတွင် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကာ ၂၀၁၃ ခုနှစ်၊ သြဂုတ်လတွင် စတုတ္ထအကြိမ်မြောက် တွေ့ ဆုံခဲ့ ခြင်း ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ သိရသည်။

သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ညနေ (၅) နာရီကနေ မိနစ် (၅၀)လောက် အထိ တွေ့ဆုံခဲ့ပါတယ်။ ဘာတွေ ဆွေးနွေး တယ်ဆိုတာတော့ မသိ ပါဘူး ဟု တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်း ရေးမှူး ဦးဝင်းမြင့် က The Messenger သတင်းစာသို့ ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အဆင် ပြေ ချောမွေ့စေရေးအတွက် နိုင်ငံတော်သမ်္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း နှင့် ကာ ကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်တို့ဖြင့် လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် ၂၀၁၃ ခု နှစ်၊ နိုဝင်ဘာလက မေတ္တာရပ်ခံစာ ပေးပို့ခဲ့ကြောင်း သိရ သည်။


 နိုင်ငံ တော် သမ္မတ ဦးသိန်းစိန်အနေဖြင့် လေး ပွင့် ဆိုင် တွေ့ဆုံ ဆွေးနွေးရေးနှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံး သပ် ပူးပေါင်းကော်မတီ အစီရင်ခံစာ ထွက် ရှိပြီးမှသာ စဉ်းစားသင့်ကြောင်း သဘောထား တုံ့ပြန်ထားသည်။

Messenger News  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment