BREAKING
သတင်းများကို ရယူနေပါသည်...
RANGON NEWS DAILY

Trending News

တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့်သူများ စာမေးပွဲကြေး ၄၀၀၀ ကျပ် မြို့နယ် ပညာရေးမှုး ထံ ပေးဆောင် နေရ

RangonNewsDaily: March . 11 .2014
သို့/ ရိုသေလေးစားရပါသော အယ်ဒီတာ ခင်ဗျား 
သျှမ်းပြည်မြောက်ပိုင်း ၊မူစယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် အတွင်းရှိ ၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုရန် နမ့်ခမ်းမြို့နယ်ပညာရေးမှူး ဒေါ်ဂျာဘောက်ထံ စာမေးပွဲဖြေဆိုခွင့်လက်မှတ်အတွက် ကျောင်းသား/သူတစ်ဦး လျှင်ကျပ် ၂၀၀၀ မှ ကျပ် ၄၀၀၀ အထိပေးဆောင်နေရပါသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုရန် နိုင်ငံ တော်အစိုးရက စာမေးပွဲကြေး ဘယ်လိုသတ်မှတ်ထားပါ သလဲ။ ကျပ် ၄၀၀၀ လား ၂၀၀၀ လား အခမဲ့လား ဆိုတာ ရှင်းရှင်းလင်းလင်း သိချင်ပါသည်။

အထက်ပါအကြောင်းအရာကို နိုင်ငံတော်သမတ္တကြီးဦးသိန်းစိန်၊ ပညာရေးဝန်ကြီးနှင့်တကွ သက်ဆိုင်ရာ တာဝန် ရှိ လူကြီးမင်းများသိရှိစေပြီး အမြန်ဆုံးရှင်းလင်းပေးပါရန် သျှမ်းသံတော်ဆင့် သတင်းဌာန ကနေတဆင့် တင်ပြအပ်ပါသည်ခင်ဗျား။

မှ- ကျောင်းသားမိဘတစ်ဦး
သျှမ်းသံတော်ဆင့်

kolatt(PBDN)

RangonNewsDaily