Pages

Tuesday, March 11, 2014

တိုယိုတာ သုံးဘီးကား FV2 မိတ်ဆက်


RangonNewsDaily: March . 10 .2014
၂၀၁၄ ဂျနီဗာ မော်တော်ယာဉ် ပြပွဲမှာ မိတ်ဆက် ပြသ သွားတဲ့ကား ဖြစ်ပါ တယ်။ လွန်ခဲ့တဲ့ ၃ လ ဝန်းကျင် လောက် ကတည်းက ဓာတ်ပုံနဲ့ ကြိုတင် မိတ်ဆက် ထားခဲ့ပေးတဲ့ ကား ဖြစ်ပါတယ်။
FV2 လို့အမည်ပေးထားတဲ့ကား ဖြစ်ပြီး ဘီး ၃ ဘီး ပါဝင် ပါတယ်။ တစ်ယောက်စီး ကား ဖြစ်ပြီး အမိုးပိတ် နဲ့ ရှေ့ဘေးဘယ်ညာ မှန်များက LED မျက်နှာပြင် ဖြစ်ပါတယ်။ ကားမှာ ဥာဏ်ရည်မြင့်မားတဲ့ OS ထည့်သွင်း ထားပြီး ဒရိုင်ဘာကို အထောက်အကူပြုမှု အတော်လေး များမှာ ဖြစ်ပါ တယ်။

 မြို့တွင်း အသုံးပြုဖို့ အဓိက ထားပြီး ရည်ရွယ် ထုတ်လုပ် ထားတဲ့ လျှပ်စစ်ကား ဖြစ်ပါတယ်။ နေရောင်ခြည် စွမ်းအင်ကို အဓိကား ထုတ်သုံး အသုံးပြုမယ့် ကား ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် အတွင်းမှာ ထုတ်လုပ် ရောင်းချ သွားနိုင်အောင် ဂျပန် တိုယိုတာ တို စီမံ ဆောင်ရွက်လျက် ရှိကြောင်း သိရ ပါတယ်။
.
Ref:pocketlint
အောင်ခမ်း , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment