Pages

Tuesday, March 11, 2014

စပရိန်ကောက်ဆံသားအလှကို ပျိုမေတို့ ဘယ်လိုထိန်းသိမ်းကြမလဲ

RangonNewsDaily: March . 11 .2014
အခုနောက်ပိုင်း ခေတ်စားလာတာကတော့ စပရိန်ကောက်ဆံပင်တွေပါပဲ။ ပျိုမေတို့အနေနဲ့ အခုတလော အကြိုက်များနေတဲ့ ဆံပင်စတိုင်လ်တွေဆိုရင်တော့ မမှားပါဘူး။ ဒီလိုဆံပင်စတိုင်လ်တွေကို ထိုင်းနိုင်ငံမှာ ရှိတဲ့ပျိုမေများနဲ့ နိုင်ငံခြားက မင်းသမီးတွေလည်း ကြိုက်နှစ်သက်စွာထားနေကြတဲ့ ဆံပင်စတိုင်လ်တွေပါပဲ။အခုခေတ်မှာ ဒီလိုစတိုင်လ်တွေကို ပျိုမေတွေအနေနဲ့ ထားလာကြတာများပေမယ့် ဘယ်လိုထိန်းသိမ်းရ မယ်ဆိုတာကိုတော့ သိသူနည်းပါးလျက်ရှိနေပါသေးတယ်။
ကိုယ်လိုချင်တဲ့ ဆံပင်စတိုင်လ်ကို ဆံကေသာဖန်တီးသူတွေက လှပအောင် ဖန်တီးပေးကြပေမယ့် ပျိုမေ တွေအနေနဲ့ ကိုယ်တိုင် သေချာစွာထိန်းသိမ်းတတ်ဖို့က နောက်ဆက်တွဲ အရေးကြီးလှပါတယ်။ ဒီလို ထိန်း သိမ်းပြုပြင်ရာမှာ ခေါင်းလျှော်ပါက အကောက်သားမပျက်အောင်လို့ လျှော်ရမယ့် ခေါင်းလျှော်ရည်များဖြစ် တဲ့ Paul Mitchell၊ Schwarzk ဖုသစ် တို့ကို အသုံးပြု ရမှာဖြစ်သလို ခေါင်းလျှော်ပြီး မျက်နှာသုတ်ပ၀ါနဲ့ ခေါင်းကိုသုတ်ရင်လည်း ခြောက်သွေ့အောင်လို့ ကြမ်းတမ်းစွာ မသုတ်သင့်ဘဲ ခပ်ဖွဖွလေး သုတ်ပေးသင့် ပါတယ်။ ဒါ့အပြင် ဆံသားကို ခြောက်သွေ့အောင် မသုတ် သင့်ဘဲ အစိုဓာတ်ကျန်အောင် သုတ်သင့် သလို ခေါင်းဖီးရင်လည်း ဘီးအကြဲကိုသာ အသုံးပြုပြီး ကောက်သားမပျောက်ပျက်အောင်လို့ ဖီးပေးရမှာ ဖြစ်ပါတယ်။

ဒီလိုထိန်းသိမ်းပြီး ခေါင်းလျှော်ခြင်း၊ ဆံပင်သားမပျက်စီးအောင် ခေါင်းသုတ်ခြင်းနဲ့ ဆီလိမ်းခြင်းတွေက အဓိကကျလှတယ်ဆိုတာ သတိထားသင့်ပါတယ်။ အခုလို ဆံပင်ကို ဖီးပေးပြီးရင်တော့ ကောက်သားပုံစံ သွင်းတဲ့ လိမ်းဆေးတွေ၊ Hair coat တွေကို လိမ်းပေးကာ ကိုယ့်ရဲ့ဆံကေသာကို ပြန်လည်ပြီးလိမ်းပေး ရမယ့် ထိန်းသိမ်းမှုပစ္စည်းတွေက အမျိုးမျိုးရှိပါတယ်။

စပရိန်ကောက်သားကို အလှဆင်ထားတဲ့ ပျိုမေတို့ရဲ့ဆံကေသာကို ဆံကေသာ ပြုပြင်သူတွေက သာမန် ဆံသားတွေအတွက် အပူချိန် ဂိတ်ဆုံး ၄၀မှ ၄၅ အထိ ထားပြီး စပရိန်ကောက်သားပေါ်အောင် ထားကြ သလို တချို့သောဆံကေသာများ အတွက် တစ်နာရီခန့် ဆေးတွေနဲ့အတူထားရတော့ ဆံသားကို ထိခိုက် ပျက်စီးစေပါတယ်။ ဒါကြောင့်မို့ ပျိုမေများကိုယ်တိုင်ကလည်း အလှပြင်ဆိုင်တွေက လှပမှုတွေကို လုပ်ပေး လိုက်ရုံတင်မကဘဲ ကိုယ်တိုင်ပြန်လည်ပြီးပြုပြင်ဖို့ လိုအပ်လှပါတယ်။

ဒီလိုဆံကေသာကို တစ်ခါမှမလုပ်ဖူးသေးသူတွေအနေနဲ့တော့ အဆင်ပြေမှုမရှိဘဲ ဆံသားတွေ ဖွာထွက် ကုန်မှာဖြစ်ပါတယ်။ အခုလို စပရိန်ကောက်တွေကိုတော့ ဆံပင်ပါးသူတွေ၊ ဆံသားအဖျားနှစ်ခွဖြစ်နေသူ များအနေနဲ့ ပြုလုပ်ရင် အထူးသင့် လျော်လှပြီး ဆံပင်အုံထူတွေအနေနဲ့ကတော့ ဦးခေါင်း ပိုကြီးသယောင် ဖြစ်ကာ လိုက်ဖက်မှုမရှိတာကို ခံစားရမှာပါ။

ဆံကေသာကို ပြုပြင်ဖန်တီးပေးကြတဲ့ ပညာရှင်တွေကလည်း ကိုယ့်ကို ယုံကြည်စွာ အပ်နှံလာကြသူတွေ ရဲ့ ယုံကြည်မှုတွေ ပိုမိုရရှိလာစေနိုင်ဖို့ ကိုယ်တိုင် ပြုပြင်ရမယ့်နည်းတွေကို သေချာနားလည်အောင် ပြော ပေးသင့်ပါတယ်။

ဘုန်းနေလ(ဒဂုံတက္ကသိုလ်)
Mizzima - News  , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment