Pages

Tuesday, March 11, 2014

မလေးရှားသို့ တရုတ်မှ အစိုးရကိုယ်စားလှယ် အဖွဲ့စေလွှတ်


RangonNewsDaily: March . 11 .2014
မလေးရှား လေကြောင်းလိုင်းပိုင် ခရီးသည်တင် လေယာဉ် ပျောက်ဆုံးမှု နှင့် စပ်လျဉ်း၍ ထိန်းချုပ်မှုများ လုပ်နိုင်ရန် အတွက် တရုတ် အစိုးရ ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့ကို ယမန်နေ့ နံနက်ပိုင်း တွင် စေလွှတ် ခဲ့ကြောင်း Xinhur သတင်းတစ်ရပ် အရ သိရသည်။
အဆိုပါ ကိုယ်စားလှယ် အဖွဲ့တွင် တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ၊ ပြည်သူ့ လုံခြုံရေး ၀န်ကြီးဌာန နှင့် သယ်ယူ ပို့ဆောင်ရေး နှင့် လေကြောင်း ထိန်းသိမ်းရေး ၀န်ကြီးဌာန တို့မှ တာဝန်ရှိ သူများ အပါအ၀င် အဖွဲ့ဝင် ၁၃ ဦး လိုက်ပါ သွားခဲ့ကြောင်း သိရသည်။

မလေးရှား နိုင်ငံ ကွာလာလမ်ပူ လေဆိပ် မှ တရုတ်နိုင်ငံ ပေကျင်း လေဆိပ်သို့ ထွက်ခွာ လာသော မလေးရှား လေကြောင်းလိုင်း ပိုင် ဘိုးအင်း 777-200 လေယာဉ်သည် အံ့အား သင့်ဖွယ် ကောင်းစွာ ဗီယက်နမ်နိုင်ငံ လေပိုင်နက် တွင် မတ်လ ၈ ရက်က ပျောက်ဆုံး သွားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ လေယာဉ်တွင် စီးနင်း လိုက်ပါ လာသော ခရီးသည် သုံးပုံ နှစ်ပုံခန့်မှာ တရုတ်နိုင်ငံသား များဖြစ်ကြောင်း သိရှိရသည်။

Myawady , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment