Pages

Tuesday, March 11, 2014

အမေ့ထံမှ ပေးစာ




RangonNewsDaily: March . 11 .2014
နေမကောင်းဖြစ်နေတဲ့အမေက သားဖြစ်သူဆီ စာတစ်စောင်ပို့လိုက်တယ် ။ 

အမေက ပညာမတတ်ပါဘူး ။ ဒါပေမယ့် ကြိုးစားပမ်းစားစာတိုလေးတစ်ပိုဒ်ကို ဖြစ်အောင်ရေးပြီး
ပို့ခဲ့တယ် ။ စာထဲမှာ ရေးထားတာက

“ သား ..

အမေသတိရစွာနဲ့စာရေးလိုက်တယ်အမေနေမကောင်းလို့ တစ်ခေါက်လောက်လာကြည့်ပေးပါ ” တဲ့

ဇနီးဖြစ်သူက အိမ်ရောက်ရောက်ချင်း စာတစ်စောင်ရောက်နေတယ် လို့သူ့ကိုပြောတယ် ။ အိမ်ရှေ့
ခန်းမှာ ဇနီးက စာကို ဖောက်ပြီးအတူ ဖတ်ရအောင်ပြောတယ် ။ အမေပညာမတတ်တာကို သိတဲ့
သားက သူ့အမေလက်ရေးမြင်မြင်ချင်း ရှက်ရွံ့သွားမိတယ် ။ ဒါနဲ့ ပထမစာကြောင်း လောက်မှာပဲ ဘာမှမဟုတ်ပါဘူးကွာ ဖတ်မနေပါနဲ့လို့ သူ့ဇနီးကိုပြောခဲ့တယ် ။

ဒီလိုနဲ့ နောက်တစ်လကြာတဲ့အခါ စာတိုက်ကနေ အမေဆုံးပြီဆိုတဲ့ စာ ကို အိမ်နီးချင်းတွေက ပို့
လိုက်လို့ရောက်လာခဲ့တယ် ။ သူ အမေ့အိမ်အမြန်ပြေးသွားပြီး အိမ်နီးချင်းတွေကိုမေးတယ် ။

“ ဘာလို့နေမကောင်းတာ ကျွန်တော့်ကို အကြောင်းမကြားရတာလဲ ”

“ သူနေမကောင်းတဲ့ကြားထဲက လာကြည့်ပေးဖို့ စာတိုလေးတစ်စောင် ရေးပို့ပေးခဲ့ပါတယ် သူ့ကိုယ်
စားရေးပေးပါ့မယ်ဆိုတာတောင်မရဘူး သူစာတတ်ပြီဆိုတဲ့အကြောင်းသူ့သားကို ပြချင်လို့တဲ့ .. သူ့သားသူ့အတွက်နဲ့ရှက်စရာမလိုတော့ဘူးတဲ့ ”

=====================

နောင်တဆိုတာ ဘယ်လိုနောင်တမှ မကောင်းပါဘူး ။

နောင်တမရခင်လေး ပြင်သင့်တာပြင်ပြီး

ပညာတတ်တဲ့အမေဖြစ်စေ ပညာမတတ်တဲ့အမေဖြစ်စေ

အမေကို အမေလို သဘောထားပြီး မိဘကျေးဇူးဆပ်နိုင်ဖို့ကြိုးစားတာ အကောင်းဆုံးပါပဲ ။

မိဘကျေးဇူးမဆပ်နိုင်တောင် မိဘကို စော်ကားမိတဲ့သားသမီးတွေမဖြစ်ကြဖို့အရေးအကြီးဆုံးပါပဲ ။

သက်တန့်ချို ::--
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment