Pages

Friday, March 7, 2014

ပရိသတ်အားပေးမှု လိုချင်ပါတယ်ဆိုတဲ့ မေမြတ်နိုးနှင့် တွေ့ဆုံခြင်း


RangonNewsDaily: March . 7 .2014
ကိုရီးယားနိုင်ငံတွင် မေလ ၁၉ ရက်၌ကျင်းပမည့် Miss Asia Pacific World 2014 ကမ္ဘာ့အလှ မယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ် မေမြတ်နိုးက သွားရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ၎င်းသည် မတ်လ ၁၄ ရက်တွင် ကိုရီးယားနိုင်ငံသို့ စတင်ထွက်ခွာမည်ဖြစ်ခြင်းကြောင့် မဇ္ဈိမက ကြိုတင်တွေ့ဆုံ စကားပြောခဲ့သည်။ 
Miss Asia Pacific World 2014 ရွေးချယ်ခံရတဲ့အတွက် ခံစားချက်က . . . ။

အရမ်းဂုဏ်ယူဝမ်းသာမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ညီမအနေနဲ့ နိုင်ငံ့ဂုဏ်ဆောင်ပြီး တခြားနိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ရမယ်ဆိုတော့ အခွင့်အရေးကောင်း တစ်ခုပေါ့နော်။ ဒီပွဲအတွက် တာဝန်လည်း ကြီး ပါတယ်။ 

Miss ပြိုင်ပွဲတွေ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူးလား။ 

Miss ပြိုင်ပွဲ တစ်ခါမှတော့ ၀င်မပြိုင်ခဲ့ဖူးပါဘူး။ ဒါ ပထမဆုံးအကြိမ်ပါ။ 

ပြိုင်ပွဲအတွက် ပြင်ဆင်မှုက . . .။ 

ခန္ဓာကိုယ်၊ အလှအပနဲ့ ဉဏ်ရည်ဖွံ့ဖြိုးမှု သုံးခုကို ပြင်ဆင်နေပါတယ်။ Gym ကစားနေတယ်။ အသား အရေပိုင်းဆိုင်ရာအတွက် Spa တွေသွားတယ်။ ဆံပင်၊ မိတ်ကပ်အတွက်ကိုလည်း လေကျင့်မှုပိုင်း ၀င်နေ တယ်။ 

မြန်မာနိုင်ငံအကြောင်း ပြောပြနိုင်ဖို့အတွက် ပြင်ဆင်မှုက . . . ။ 

မြန်မာနိုင်ငံရဲ့ အလှ၊ ဓလေ့ထုံးစံတွေကို ချပြချင်တယ်။ အဲဒီတာဝန်ကို အကောင်းဆုံး၊ အတတ်နိုင်ဆုံး ထမ်းဆောင် သွားမှာပါ။ မြန်မာနိုင်ငံရဲ့ နာမည်ကြီး စေတီပုထိုးတွေကို လာရောက်ဖူးမြော် စေချင်ပါတယ်။ 

အလှမယ် တစ်ယောက်အနေနဲ့ လမ်းလျှောက်ပုံ ပြင်ဆင်ထားလား။ 

Miss Golden Land Myanmar က ကိုဝေယံနဲ့ ကိုဟန်ဇော်လတ်တို့က ပထမဆုံး သင်ပေးတာပါ။ ဖိလစ် ပိုင်ကရောက်လာတဲ့ Missosology ကဆရာတွေလည်း သင်ပေးကြတယ်။ 

အိပ်မက်ဆုံရာကနေ ပရိသတ်သိသူက အဆိုပိုင်းကို ဆက်လုပ်သွားမှာလား။

ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ သီချင်းကိုတော့ ဆိုဖြစ်သွားမှာပါ။ သရုပ်ဆောင်ပိုင်းကတော့ မသေချာသေးပါဘူး။ သီချင်းဆိုဖို့အတွက်ကို အဓိကထားပြီး လုပ်သွားမှာပါ။ 

အလှမယ်တွေ People Choice ဆု ရရှိကြတာကို ညီမအနေနဲ့ မျှော်လင့်မိလား။ 

သမီးတို့နိုင်ငံက People Choice ဆုကိုရတယ်ဆိုတာ မြန်မာနိုင်ငံက ပြည်သူတွေအားလုံးရဲ့ ပံ့ပိုးမှု ကြောင့်ပါ။ ညီမ အနေနဲ့လည်း နိုင်ငံ့ဂုဏ်ဆောင်သွားရမယ်ဆိုတော့ ပြည်သူတွေ အားပေးမယ် ဆိုရင် ညီမလည်း ဒီဆုကိုရနိုင်တယ်လို့ ထင်ပါတယ်။

Mizzima - News , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment