Pages

Friday, March 7, 2014

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်တွင် မြေယာရှင်း လင်းရာမှာ ဒေသခံတောင်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တို့ ပဋိပက္ခဖြစ်ပွား သံဃာတော်တစ်ဦးကိုလှုံခြုံရေးတပ်ဖွဲ့ဝင်များမှရိုက်နှက်


RangonNewsDaily: March . 7 .2014
စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ယင်းမာပင်မြို့နယ်၊စုန်းချောင်းအုပ် စု၊အုံတုံပင် ကျေးရွာ မှာ ရဲတပ်ရင်း(၂၈)တည်ဆောက်ဘို့အတွက် မြေယာရှင်းလင်းရာမှာ ဒေသခံတောင်သူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တို့ ပဋိပက္ခဖြစ်ပွားရာတွင် 
တောင်သူများနှင့်အပြေလည်ဆုံးညှိုနှိုင်းပြီးဆောင်ရွက်ကြပါလို့ မေတ္တာရပ်ခံ ခဲ့သည့် မုံရွာမြို့၊ဝေဠုဝန်ကျောင်းတိုက် မှ သက်တော်(၄၈)နှစ် နှင့် ၀ါတော် (၁၄)၀ါရှိ ဆရာတော် ဦးဇနက အား ရဲတပ်ရင်း မှ ရဲမေတစ်ချို့ နှင့် ရဲတစ်ချို့ က ဒိုင်းဖြင့်ဆောင့်တွန်းပြီး ရဲမေများက ကားပေါ်သို့ ဆောင့်ကန်ပြီးတင်ခဲ့ သည့် အတွက် ဆရာတော် ဦးဇနက မှာ ယခုအခါတွင် မုံရွာပြည်သူ့ဆေးရုံ ကြီးတွင် အတွင်းလူနာအဖြစ် တက်ရောက်ကုသနေရကြောင်းသိရသည်။
ဒိုင်းဖြင့်ဆောင့်တွန်းခံရခြင်း၊ရဲမေများကားပေါ်သို့ ဆောင့်ကန်ပြီးတင်ခဲ့ခြင်းတို့ကြောင့် ဆရတော် ဦးဇနက ၏ ၀ဲဘက်မျက်လုံးမှာ ဖူးရောင်ကာ စိုးရိမ်ရ သည့် အနေအထားတွင်ရှိနေပြီး သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် ဘာ တစ်ခုမျှ လာရောက်ကူညီမေးမြန်းခြင်းမရှိကြောင်းလည်း မုံရွာပြည်သူဆေးရုံ ကြီး တာဝန်ကျဝန်ထမ်းတစ်ဦးထံမှသိရသည်။

အဆိုပါရဲတပ်ရင်း(၂၈)တည်ဆောက်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း လုပ်ပိုင်ခွင့်ရ တရုတ်ဝမ်ပေါင် ကုမ္ပဏီ နှင့် မြန်မာစီပွားရေးဦးပိုင်လီမီတက်တို့အား ကာကွယ်ပေးရန် နှင့် စံပယ်တောင်၊ကြေးစင်တောင်ကြေးနီထုပ်လုပ်ရေးစီမံကိန်းတို့အား ကာကွယ် ရန်အတွက် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးထံမှသိရသည်။

ThanLarWaddy Times , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment