Pages

Friday, March 7, 2014

နာရေးတောင်မှ ပွဲစားကလိုက်နှောက်ယှက်


RangonNewsDaily: March . 7 .2014
သေဆုံးပြီးသူတွေရဲ့ ရုပ်အလောင်းကို သဂြိုဟ်မယ့်နေရာမှာ ဒီနောက်ပိုင်း တချို့အသင်းအဖွဲ့တွေကပွဲစားတွေကို ကော်မရှင်ပေးပြီး အလောင်းလုတာတွေရှိသလို နာရေးတွေမှာ ပွဲစားလုပ်ငွေယူတာတွေရှိတယ်လို့သိရတယ်။နာရေးကူညီမှုအသင်းမှဥကဦးကျော်သူ
က “လူမှုရေးလုပ်ငန်းလုပ်တဲ့နေရာမှာ နာမည်ကြီးဖို့၊အလှုငွေရဖို့အတွက် အခုလို အလောင်းလုတာမျိုးကတော့ မကောင်းဘူးလို့ထင်
ပါတယ်။
ဘာလို့ အလောင်းလုတယ်ဆိုတာသိလဲဆိုတော့ ကျွန်တော်တို့ ဒီ ၂၀၁၄ ဇန္န၀ါရီမှာကျွန်တော်တို့ သဂြိုဟ်ပေးရတာ၁၀၀၃လောင်းရှိ
တယ်။ဖေဖေါ်ဝါရီမှာ ၈၁၇ လောင်းပဲရှိတယ်ဆိုတော့ တော်တော်ကွာသွားတယ်လေ။အဲ့ဒီ့မှာသိသာတာပဲ”လို့ပြောပါတယ်။

ဆေးရုံမှာလူသေသွားပြီဆိုရင် နာရေးရှင်က ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေတဲ့အချိန် ကျော်သူတို့ကားခေါ်ပေးဆိုတဲ့အခါ ကျော်
သူ
ကားမအားလို့ဆိုတာမျိုးပြောပြီးကော်မရှင်ပေးတဲ့အဖွဲ့ကိုခေါ်ပေးတာမျိုးတွေရှိတယ်လို့သိရတယ်။

ဦးကျော်သူက “နာရေးကိုပွဲစားလုပ်တာကတော့ အင်မတန်မကောင်းဘူးလို့ထင်ပါတယ်။သေတာနဲ့ဖုန်းဆက်ပေး တစ်လောင်း
ကို 
ဘယ်လောက်ဆို ကော်မရှင်ပေးတော့ ကော်မရှင်ရတဲ့ဆီဖုန်းဆက်တာပေါ့။တခါတလေမှာ ပွဲစားက နာရေးရှင်ဆီကနေ ကဲ ကျော်
သူတို့ မအားဘူး တခြားအဖွဲ့ကျွန်တော်ခေါ်ပေးမယ်။လက်ဖက်ရည်ဖိုးပေးပါဆိုတာမျိုး နှစ်ခါစားတာမျိုးရှိသေးတယ်” လို့ပြောပါတယ်။

နာရေးကူညီမှုအသင်းကိုဖုန်းဆက်ပြီး အလောင်းသွားသယ်တဲ့အခါမှာ အခမဲ့ဝန်ဆောင်မှုပေးသည်ဆိုတာကို လက်မှတ်ထိုးခို
င်းတဲ
့အခါမှာ ဟင်ခုနတုန်းက ဖုန်းဆက်ပေးမယ်ဆိုတဲ့သူကို ပိုက်ဆံကျပ်၄၀,၀၀၀ လောက်ပေးလိုက်ရတယ်ဆိုတာမျိုးပြောတဲ့အခါ
ကျွန်တော်တို့ကအခမဲ့ကူညီတာ။ပွဲစားက ပိုက်ဆံယူတာဖြစ်တယ်ဆိုတာ ကိုပြန်ရှင်းရကြောင်းဆိုပါတယ်။

အရင်ကပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက သေသူမိသားစုကိုကျပ်၂၀,၀၀၀ ပေးပြီးအလောင်းလုတာမျိုးရှိခဲ့ပေမ
ယ့် သဂြိုဟ်
ခါနီးရောက်တဲ့အချိန်ကြတော့ အခေါင်းဖိုးကိုနာရေးရှင်က ပြန်စိုက်ရတာမျိုးတွေရှိတယ်လို့သိရတယ်။

ဦးကျော်သူက “အခုကပြည်ခိုင်ဖြိုးပါတီက ကတော့ပျက်သွားပြီ ။အဲ့ဒီ့တုန်းက သူတို့က ယပ်တောင်တို့၊ရေသန့်တို့ကိုကန်ထရိုက်ပြန်ဆွဲ

တာမျိုးရှိတယ်။အခုက လူမှုရေးအဖွဲ့ အချင်းချင်း အလောင်းများအောင်လုတဲ့သဘောပေါ့။လူမှုရေးဆိုတာ အလောင်းဦးရေ
 များအောင်လုပ်တာထက် ဘယ်လောက်အနစ်နာခံပြီးလုပ်တယ်ဆိုတဲ့လုပ်ရပ်ကိုပြရမှာဖြစ်တယ်။” လို့ပြောပါတယ်။

နာရေးလောကမှာ အခေါင်းလိုက်ဝယ်ပေးရင်လည်း လိုက်ဝယ်ပေးသူကိုကော်မရှင်ပေးတာမျိုးတွေရှိတဲ့ အတွက် ကူညီမှုမှာ
 နာရေး
ရှင်ကိုတကယ်ကူညီရာရောက်ဖို့ အထူးသတိထားဖို့ လိုအပ်တယ်လို့ဆိုပါတယ်။

သေဆုံးတဲ့အခါ သချို င်္င်းလက်မှတ်၊သေဆုံးမှုအမှတ်စဉ်စတာတွေ ရမှ သွားခေါ်တာမျိုးရှိတယ်လို့သိရတယ်။နာရေးကူညီမှုအ
သင်း
အနေနဲ့ သေဆုံးခါနီးပြီလို့ သတ်မှတ်ထားတဲ့လူနာရှင်က ဖိတ်ခေါ်ရင် သံဃာတော်တွေပင့်ပြီးလှုဖွယ်ပစ္စည်းကအစလှုပေး
ကာ မေတ္တာပို့ သရဏဂုံဆောက်တည်ပေးဖို့လုပ်ပေးတယ်လို့သိရတယ်။

ဦးကျော်သူက “သေပြီဆိုရင် လူတွေကဘာလုပ်လို့ဘာကိုင်ရမယ်မှန်းမသိဖြစ်ကြတယ်။အဲ့ဒီ့မှာအခွင့်အရေးယူတဲ့နာရေးပွဲစားလုပ်

မယ်ဆိုအရမ်းငရဲကြီးပါတယ်။အဲ့လိုမဖြစ်ဖို့ အတွက် ပုဂ္ဂလိကဆေးရုံတွေမှာရော၊အစိုးရဆေးရုံတွေမှာပါ နာရေးအသင်းတွေရဲ့ ဖုန်း
နံပါတ်တွေကို ကပ်ထားပေး၊ရေးထားပေးဖို့လိုအပ်တယ်။ဒါမှ နာရေးရှင်တွေအနေနဲ့ အဆင်ပြေနိုင်မှာဖြစ်တယ်” လို့ပြောပါတယ်။

The Modern News , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment