skip to main |
skip to sidebar
ထိုင်းရောက် မြန်မာလုပ်သားများကို ဘတ် ၁ဝဝဝ မကောက်ရန် အစိုးရ တောင်းဆိုမည်
8:10 PM
Kolatt
RangonNewsDaily: March . 7 .2014
ထိုင်းရောက် မြန်မာ များအား အိမ် ပြန်စရိတ် ရန်ပုံငွေ အဖြစ် ထိုင်းအစိုးရ က ဘတ် ၁ဝဝဝ ကောက်မည့် အစီအ စဉ်ကို လျှော့ပေါ့ပေးရန် တရားဝင် တောင်းဆို သွားမည် ဟု အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ သိရသည်။
အခြေခံ လုပ်ငန်းနှင့် အိမ်အကူ လုပ်ငန်းမှ အထွေထွေ လုပ်သား မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံ တို့မှ အလုပ် သမားများအပေါ်တွင် အိမ်ပြန် စရိတ် ရန်ပုံငွေ အဖြစ် ယခု လမှ စ၍ ထိုင်းအစိုး ရက တစ်ဦးလျှင် ဘတ် ၁ဝဝဝ ကောက် မည်ဟု ကြေညာထားသည်။”ဒီငွေကို မကောက်ဖို့၊ လျှော့ပေါ့ ပေးဖို့ မေတ္တာရပ်ခံစာ ရေးနေတယ်” ဟု အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ချုပ် ဦးမျိုးအောင်က ယနေ့ ပြော သည်။
ထိုင်းနိုင်ငံ နိုင်ငံခြားသား အလုပ် အကိုင် ဆိုင်ရာ ဥပဒေ ၂ဝဝ၈ ကို အ ကောင်အထည်ဖော်သည့် အနေဖြင့် ထို သို့ ကောက်ခံခြင်း ဖြစ်ကြောင်း ထိုင်း အစိုးရ က ကြေညာ ထားသည်။ သို့သော် လည်း ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင် နေသည့် အမေရိကန်၊ ဥရောပ၊ ဂျပန်၊ ကိုရီးယား စသည့် နိုင်ငံခြားသား အလုပ်သမား များအပေါ်တွင် မကောက်ဘဲ သုံးနိုင်ငံကိုသာ ကောက်မည့် အဆိုပါ စနစ်ကို အလုပ်သမားအရေး ဆောင် ရွက်သူများက ကန့်ကွက်လျက်ရှိသည်။
ထိုင်းနိုင်ငံတွင် တရားဝင် အလုပ် လုပ်ခွင့် ကိုင်ဆောင်ထား သူများ သည် ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး၊ အိမ်ဖော် လုပ်ငန်း၊ ရေထွက်လုပ်ငန်း စသည့် လုပ် ငန်းများ ကိုသာ လုပ်ကိုင်ခွင့် ရထား သည်။ လက်ရှိ ကောက်ခံမည့် စနစ် သည် ထိုင်းတွင် အလုပ်လုပ်နေသော မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံ တို့မှ အလုပ်သမား ၃ သန်းကျော် ကို ခွဲခြား ဆက်ဆံခြင်း ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) က ကြေညာချက် ထုတ်ပြန် ထားသည်။
Popular Myanmar , kolatt(PBDN)
RangonNewsDaily
world time
0 comments:
Post a Comment