Pages

Friday, March 7, 2014

ဗင်နီဇွဲလားနိုင်ငံမြို့တော် ကာရာကက်စ်မှာ ဆန္ဒပြသမားများနှင့်ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်

RangonNewsDaily: March . 7 .2014
ဗင်နီဇွဲလားနိုင်ငံမြို့တော် ကာရာကက်စ်မှာ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေနဲ့ ရဲတွေ မတ် ၆ ရက်နေ့မှာ ထိပ်တိုက်တွေ့ကြပြန်ပါတယ်။ဆန္ဒပြသမားတွေက ရဲတွေကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး ရဲတွေက မျက်ရည်ယို ဗုံးတွေနဲ့ တုံ့ပြန် လူစုခွဲခဲ့ပါတယ်။တိုင်းပြည်စီးပွားရေးကျဆင်းတာနဲ့ ပြည်သူတွေရဲ့ နေ့စဉ်ဘ၀ မလုံခြုံတာကို အကြောင်းပြုလို့ ဆန္ဒပြပွဲတွေ ဖြစ်နေတာ ၂ လထဲရှိနေပြီး ဘယ်လောက်ပဲ နှိမ်နင်းခံနေရပေမယ့် အဆုံးထိ တိုက်ပွဲဝင်သွားမယ်လို့ ဆန္ဒပြသမားတယောက်က ပြောပါတယ်။
သမ္မတ နီကိုလတ်မာဒူရိုက ဆန္ဒပြမှုတွေဟာ အာဏာသိမ်းဖို့ ကြိုးစားတဲ့ အစိတ်အပိုင်းလို့ ပြောနေတဲ့အချိန်မှာ အစိုးရကို ထောက်ခံတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်သားတွေ ဆန္ဒပြသမားတွေကို တိုက်ခိုက်နေတာကိုလည်း အတိုက်အခံတွေက ဝေဖန်နေကြပါတယ်။

သမိုင်းကို ပြန်ကြည့်ရင် ၂၀၀၂ ခုနှစ်မှာ အစိုးရဆန့်ကျင်တဲ့ အုပ်စုတွေဟာ ဆိုရှယ်လစ်ခေါင်းဆောင် ဟူဂိုချာဗက်စ်ကို အခိုက်အတန့် ဖြုတ်ချနိုင်ခဲ့ပါတယ်။
ဟူဂိုချာဗက်စ်ဟာ မနှစ်က ကင်ဆာရောဂါနဲ့ ကွယ်လွန်ပေမယ့် လက်ရှိအစိုးရဟာ သူ့ရဲ့ ပေါ်လစီတွေကိုပဲ ဆက်ခံထားပါတယ်။

တိုင်းပြည်ထဲမှာ ငွေကြေးဖောင်းပွမှုနဲ့ ရာဇ၀တ်မှုတွေ ထူပြောတဲ့အတွက် မကျေနပ်ချက်တွေ ကျယ်ပြန့်နေပေမယ့် လက်ရှိ အစိုးရဆန့်ကျင်တဲ့အုပ်စုတွေဟာ အစိုးရကို ဖြုတ်ချနိုင်တဲ့ အင်အားတော့ မရှိသလို အစိုးရက နုတ်ထွက်ပေးမယ့် အရိပ်အယောင် မတွေ့ရပါဘူး။

DVB , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment