Pages

Friday, March 7, 2014

ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများ သံရုံးများသို့ ချီတက်ဆန္ဒပြ


RangonNewsDaily: March . 7 .2014
ထိုင်းအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားများသည် ဘန်ကောက်မြို့တော်ရှိ နိုင်ငံခြား သံရုံးများသို့ သွားရောက် ဆန္ဒပြလျက် ရှိကြောင်း Xinhua သတင်းတွင် ဖော်ပြထားသည်။
တရုတ်သံရုံး၊ ဗြိတိန်သံရုံး၊ အမေရိကန် သံရုံး၊ ဂျပန်သံရုံးတို့သို့ ထိုင်းပြုပြင် ပြောင်းလဲရေး ပြည်သူနှင့် ကျောင်းသားကွန်ရက် အဖွဲ့ဝင်များ သွားရောက် ချီတက် ဆန္ဒပြလျက် ရှိသည်။

ယင်းသို့ ဆန္ဒပြရာတွင် မည်သည့်အတွက် လက်ရှိ အိမ်စောင့်အစိုးရ အဖွဲ့ကို ရာထူးမှ နုတ်ထွက်ခိုင်းရကြောင်း၊ သက်ဆင် အင်အားစု၏ အကျင့်ပျက် လာဘ်စားမှုများ အကြောင်း စသည့်အချက်များကို ထိုင်း-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထားသော စာရွက်များကို ယူဆောင် လာခဲ့ကြသည်။

ထို့အပြင် ပြင်သစ်၊ ရုရှား၊ ဂျာမနီ သံရုံးများနှင့် နိုင်ငံခြား သတင်းဌာနရုံးများ ထံသို့လည်း သွားရောက် ဆန္ဒပြကြမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

တစ်ချိန်တည်းမှာပင် ထိုင်းငြိမ်းချမ်းရေးနှင့် အမိန့်အာဏာ ထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင် ဖြစ်သော ယူဘန်ရန်က အတိုက်အခံ ဆန္ဒပြခေါင်းဆောင် ဆူသက်နှင့် တွေ့ဆုံ ဆွေးနွေးမည်ဟု ကြာသပတေးနေ့တွင် ကမ်းလှမ်းလိုက်သည်။

သို့သော်လည်း အိမ်စောင့် ဝန်ကြီးချုပ်ယင်းလပ် ရာထူးမှ နုတ်ထွက်ရေးကို အတိုက်အခံ ခေါင်းဆောင် ဆူသက် တောင်းဆိုပါက ဆွေးနွေးမှု ပေါ်ပေါက် လာနိုင်မည် မဟုတ်ဟု ၎င်းက သတိပေးလိုက်သည်။

ဝန်ကြီးချုပ် ယင်းလပ်မှာ အစိုးရ ဆန်ဝယ်ယူရေး အစီအစဉ်တွင် တာဝန်ယူမှု ကင်းမဲ့ပြီး လျစ်လျူရှု ခဲ့သည်ဟု စွပ်စွဲခံနေရခြင်းကြောင့် မတ်လ ၁၄ ရက်နေ့တွင် အမျိုးသား အကျင့်ပျက် လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်တွင် စစ်ဆေးခံရမည် ဖြစ်သည်။

ယခင်ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ သြဇာခံများမှာ နိုင်ငံတော် ငွေကြေး အသုံးပြုမှု လူထုကြိုက် မူဝါဒများ ချမှတ်ကာ အကျင့်ပျက် လာဘ်စားနေခြင်းကြောင့် နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရန် လိုအပ်သည်ဟု အတိုက်အခံများက စွပ်စွဲပြောကြားပြီး ဆန္ဒပြပွဲများကို လနှင့်ချီ ပြုလုပ်လျက် ရှိသည်။

 The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment