Pages

Thursday, March 6, 2014

အင်းစိန်မြို့နယ်တွင် အက်စစ်ဖြင့်ပက်သည့်အမှုမှ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၏သတင်းကိုပေးကြပါရန် မေတ္တာရပ်ခံခြင်း


RangonNewsDaily: March . 6 .2014
ရန်ကုန်တိုင်းဒေသကြီး၊ကမာရွတ်မြို့နယ်နေ ဦးအောင်ကိုကို၏နေအိမ်သို့ လင်မယားချင်းစကားများပြီး ခေတ္တရောက်ရှိနေထိုင်ေ
သည့် ဦးအောင်ကိုကို၏တူမတော်စပ်သူ မကြည်မွေ့အိမ် မှာ ၁၀.၂.၂၀၁၄ ရက်နေ့ ၁၄၁၅ အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ စော်
ဘွားကြီးကုန်း၊ ၀ါခင်းကျောင်းလမ်း၌ နေထိုင်သော ၎င်းနှင့်ခွဲခွာနေသည့် ခင်ပွန်းဖြစ်သူ သန်းထိုက်ဦး(ခ)နေထွဋ်ထံရှိ သားဖြစ်သူ
ကလေးငယ်ကို ခေါ်ဆောင်ရန်သွားရောက်ခဲ့ကြစဉ် နေအိမ်အထိကားဝင်၍မရသဖြင့် ၀ါခင်းကျောင်းလမ်း အလယ်လောက်၌ ဦးအောင်ကိုကိုမှကားရပ်ပြီးေ
စာင့်နေခဲ့ကာ မကြည်မွေ့
အိမ် တစ်ဦးတည်း သွားရောက်ခဲ့ပါသည်။
::
ထိုသို့ သွားရောက်ခဲ့သည့် မကြည်မွေ့အိမ် မှာ ပြန်မလာဘဲအချိန်ကြာနေသဖြင့် ဦးအောင်ကိုကိုမှလိုက်သွားကြည့်ရာ မကြည်ေ
မွ့
အိမ် ၏ မျက်နှာနှင့်ဝဲ/ယာပေါင်တို့တွင် အက်စစ်အရည်များပေလျက် အသားများလောင်ကျွမ်းထားသည့်ကိုတွေ့ရှိရပြီး လင်မယား
(၂)ဦးတွေ့ဆုံစကားများကြခိုက် သန်းထိုက်ဦး(ခ)နေထွဋ်မှ အက်စစ်ဖြင့်ပက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသောကြောင့် အရေးယူပေးပါ
န် ဦးအောင်ကိုကိုမှ တိုင်တန်းခဲ့၍ အင်းစိန်မြို့မရဲစခန်း (ပ)၁၃၉/ ၂၀၁၄၊ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူခဲ့ပါသည်။

ထိုသို့အခင်းဖြစ်ပွားပြီးချိန်တွင် ထွက်ပြေးတိမ်းရှောင်သွားသည့်ပြစ်မှုကျူးလွန်သူ သန်းထိုက်ဦး(ခ)နေထွဋ်ကို ဖမ်းဆီးရမိရေး ရဲတပ်ဖွဲ့
မှ စုံစမ်းဆောင်ရွက်လျက်ရှိပါသည်။
::
ယင်းကဲ့သို့ ထွက်ပြေးတိမ်းရှောင်နေသည့်သန်းထိုက်ဦး(ခ)နေထွဋ်၊(၂၇)နှစ်၊(ဘ)ဦးလှထွန်း၊ယာဉ်မောင်း၊၁၂/ထတပ(နိုင်)၁၂
၉၀၇၁၊
အမှတ်(မရှိ)၊ ၀ါခင်းကျောင်းလမ်း၊ စော်ဘွားကြီးကုန်းရပ်ကွက်၊အင်းစိန်မြို့နယ်နေသူကိုအမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် မိဘပြည်
သူများအနေဖြင့်လည်း၎င်းနှင့်ပတ်သက်သည့်သတင်းများ ရရှိပါက အောက်ဖေါ်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီသတင်းပေးနိုင်
ပါရန် မေတ္တာရပ်ခံအပ်ပါသည်-

၀၁-၂၃၀၀၇၄၇ (ကွပ်ကဲမှုခန်းမ၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး)

၀၉-၅၂၄၀၁၁၂ (ရဲမှူး-ဦးစီး၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး)

၀၉-၈၆၀၂၃၆၃ (ရဲမှူး-မှုခင်း၊ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး)

၀၁- ၆၄၅၈၂၀(မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊

၀၁- ၆၄၅၈၂၁(အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး)၊

၀၁- ၆၄၅၈၁၉(အင်းစိန်မြို့မရဲစခန်း)။


Yangon Police ::--
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment