Pages

Thursday, March 6, 2014

လမ်းမတော်မြို့နယ် မင်းရဲကျော်စွာယာဉ်ရပ်နားစခန်းအနီး မော်တော်ယာဉ်ရောင်းဝယ်မှုများစတင်ဖယ်ရှား

RangonNewsDaily: March . 5 .2014
လမ်းမတော်မြို့နယ်ရှိ မင်းရဲ ကျော်စွာမော်တော်ယာဉ်ရောင်းဝယ် ရေးစခန်းအနီးရှိ လမ်းများပေါ်တွင် ယာဉ်အရောင်းအဝယ်လုပ်နေသည့် မော်တော်ယာဉ်များကို ယနေ့မှစ၍ စတင်ဖယ်ရှားနေကြောင်းသိရသည်။
မင်းရဲကျော်စွာ ယာဉ်ရောင်း ဝယ်ရေးစခန်းသည် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI ) ရှေ့တွင်တည်ရှိပြီး ၄င်း လမ်းထဲတွင် မော်တော်ယာဉ်များ ရပ်တန့်၍ ယာဉ်အရောင်းအဝယ် ပြုလုပ်ခွင့်မရှိကြောင်း မင်းရဲကျော် စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
''အခုလိုကားရပ်ပြီး အရောင်း အဝယ်မလုပ်ရတာက UMFCCI ရှိတဲ့မင်းရဲကျော်စွာလမ်းတစ်ခုတည်း မဟုတ်ပါဘူး။ သူနာပြုတက္ကသိုလ် ရှေ့မှာပါ ယာဉ်ရပ်ပြီး အရောင်း အဝယ် လုပ်ခွင့်မပြုတော့တာပါ။ ဘာကြောင့်ရယ်လို့တော့အတိအကျ မသိပါဘူး။ ယနေ့ကစပြီးလမ်းတွေ ပေါ်မှာမရပ်ဖို့ကြေညာတယ်။ယာဉ် ရောင်းဝယ်ရေးစခန်းထဲမှာပဲ ရပ်ရ မယ်။ အပြင်မှာရပ်ရင် အကုန်ဖမ်း မယ်ပြောတယ်''ဟု၎င်းကပြောသည်။

လက်ရှိ ကားပွဲစားတန်းတွင် အရောင်းအဝယ်ပါးနေပြီး အပြင် တွင်ရပ်ထားသည့်ကားများ အထဲ ရောက်ကုန်သည့်အတွက် ဝယ်သူ များအနေဖြင့် လိုက်လံရှာဖွေနေရ ကြောင်းသိရသည်။ ၄င်းအပြင် မင်းရဲကျော်စွာယာဉ်ရောင်းဝယ်ရေး စခန်းအတွင်း၌လည်း နေရာဦးထား သူများရှိနေပြီး တစ်စီးရပ်ရန်နေရာ တစ်ခုလျှင် ကျပ် ၂ဝဝဝဝ ဖြင့် ပြန်လည်ရောင်းချနေကြောင်း ပွဲ စားအချို့ကပြောသည်။

''အခုဆိုရင် ဒီဘက်မှာက ဆေးရုံသစ်ကြီးလဲ ရှိနေပြီဆိုတော့ ဒီလိုမျိုးလမ်းကိုရှင်းလိုက်တာက ကောင်းပါတယ်။ အရင်က ကား ဝင်းအပြင်မှာ ထမင်းဆိုင်ဖွင့်တဲ့သူ တွေရှိတယ်။ အဲဒီလူတွေက ယာဉ် ရောင်းဝယ်ရေးစခန်း(ယာယီ) လာ ဖွင့်တော့ သူတို့နေရာမှာ ကားထား ခွင့်ပေးပြီးရောင်းလို့ရရင်နှစ်သောင်း၊ သုံးသောင်းယူတာတွေ ရှိတယ်။ အခုလိုလုပ်တော့ သူတို့စီးပွား နည်းနည်းတော့ ထိခိုက်တာပေါ့'' ဟုကားပွဲစား ဦးတင်လင်းကပြော သည်။

၎င်းနေရာကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအရ ရှင်းလင်းခြင်း ဖြစ်ကြောင်း၊ မင်းရဲကျော်စွာယာဉ် ရောင်းဝယ်ရေးစခန်း၏ အရောင်း အဝယ်မှာ သိသိသာသာကျဆင်း နိုင်ခြင်းမရှိကြောင်း ပွဲစားအချို့က ပြောသည်။

The Union Daily , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment