Pages

Thursday, March 6, 2014

ရဲဘက်ပြေးတစ်ဦးအား ဖမ်းမိစစ်ဆေးရာမှ ခိုးမှု(၃)မှုပေါ်


RangonNewsDaily: March . 6 .2014
၂၄.၃.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ အုပ်ချုပ်မှုတပ်ခွဲ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များသည် နယ်မြေသတင်းစုံစမ်းစဉ် ဒလမြို့၊ ဗိုလ်မင်းရောင်လမ်း၌ ၂၀၁၂ခုနှစ်က ခိုးမှု(၇)မှုဖြင့် ထောင်ဒဏ်(၄)နှစ်ကျော်
ကျခံနေရစဉ် ရဲဘက်စခန်းမှထွက်ပြေးလာသူ ဇာနည်အောင်(ခ)ကျော်သက် (ဘ)ဦးသံစိအားတွေ့ရှိသဖြင့် ဖမ်းဆီးစစ်ဆေးရှာဖွေရာ
၎င်းလွယ်ထားသည့် ကျောပိုးအိတ်အတွင်းမှ ဖုန်းဟန်းဆက်အမျိုးအစားမျိုးစုံ(၁၄)လုံး၊Tablet pc (၃)လုံး၊ ၅၀၀၀တန် ငွေဖြည့်ကဒ်(၁)
ကဒ်၊ ငွေကျပ်(၄၇၀၀၀)၊ငွေစုစာအုပ်(၁)အုပ်၊ ဘေးလွယ်အိတ်(၂)အိတ်၊ နိုင်ငံသားစိစစ်ရေးကဒ်(၂)ခုနှင့် ယာဉ်မောင်းလိုင်စင်(၁)ခုတို
့အားလည်းကောင်း၊ ခါးကြားမှ အရိုးအသွား(၈)လက်မခန့်ရှိ ခေါက်ဓါး(၁)ချောင်းအားလည်းကောင်းတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

၎င်းအားဖမ်းဆီးရမိစဉ်တွင် ခါးကြားမှ အရိုးအသွား(၈)လက်မခန့်ရှိခေါက်ဓါးတွေ့ရှိသိမ်းဆည်းရမိမှုကို ဒလမြို့မရဲစ
ခန်း(ပ)၇၆/
၂၀၁၄၊ လက်နက်ပုဒ်မ၁၉(င)ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး၊ ကျောပိုးအိတ် အတွင်းမှတွေ့ရှိသည့်ပစ္စည်းများနှင့်ပတ်သက်၍ စစ်ဆေးခဲ့ရာ ၂၄.၂.၂၀၁၄ရက်နေ့ ၀၃၀၀ အချိန်ခန့်က မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်ရှိဖုန်းအရောင်းဆိုင်မှ ခိုးယူလာခဲ့သောပစ္စည်း
များဖြစ်ကြောင်းပေါ်ပေါက်ခဲ့သဖြင့် ယင်းနေ့နံနက်က မြောက်ဥက္ကလာပမြို့နယ်၊ (ဌ)ရပ်ကွက်ရှိ ဦးဇော်မျိုးအောင်၏ ဖုန်းအရောင်း
ဆိုင်မှပစ္စည်းများခိုးယူခံရသောကြောင့် ဝေဘာဂီနယ်မြေရဲစခန်းတွင် အမှုဖွင့်စုံစမ်းစစ်ဆေး လျက်ရှိသော (ပ) ၆၀/၂၀၁၄၊ ပုဒ်မ ၃၈၀ အမှုအား ဖော်ထုတ်နိုင်ခဲ့ပါသည်။

၎င်းအား အခြားအမှုများကျူးလွန်ထားခြင်း ရှိ/မရှိဆက်လက်စစ်ဆေးရာ ၂၀၁၄ခုနှစ်၊ ဇန်န၀ါရီလကုန်ပိုင်းက ညအချိန်တွင် မရမ်း

ကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းရှိ ဖုန်းဆိုင်အတွင်းမှဖုန်းဟန်းဆက်(၁၇)လုံးနှင့်Laptopကွန်ပျူတာ(၁)လုံးတို့အားလည်းကောင်း၊

 ဖေဖော်ဝါရီလဆန်းပိုင်း က ညအချိန်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (က)ရပ်ကွက်ရှိလမ်းပေါ်တွင်သော့တန်းလန်းဖြင့် ရပ်ထားသော SUZUKI Smash နက်/ပြာရောင်ဆိုင်ကယ်(၁)စီးအားလည်းကောင်း ခိုးယူခဲ့ကြောင်း ထပ်မံပေါ်ပေါက်ခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်း
များတွင် အမှုများထပ်မံဖွင့်လှစ်ကာ သက်သေခံပစ္စည်းများသိမ်းဆည်းပြီး အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရဲဇာနည် , kolatt(PBDN)
RangonNewsDaily


0 comments:

Post a Comment