Pages

Thursday, March 6, 2014

ဓာတ်ဆီသုံး အငှားယာဉ် စရိတ်များ၍ အငှားမောင်းလိုသူ ရှားပါး


RangonNewsDaily: March . 6 .2014
စီအန်ဂျီမရသေးသော ခရီးသည် တင် အငှားယာဉ်များ အုံနာကြေးဖြင့် မောင်းနှင်လိုသူ ရှားပါးလျက်ရှိသည်။
အငှားယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုကျော်နိုင်စိုးက ”ကိုးလလောက်ရှိပြီ စီအန်ဂျီမရသေးတော့ ဓာတ်ဆီနဲ့ပြေး နေတယ်။ ဓာတ်ဆီနဲ့ကျတော့ အငှား ယာဉ်မောင်းတွေ နေ့တွက်ကြေး မကိုက် လို့ မဆွဲချင်ကြဘူး”ဟု ပြောသည်။

စီအန်ဂျီဖြင့် ပြေးဆွဲသော အငှား ယာဉ်တစ်စီးလျှင် တစ်နေ့အုံနာကြေး ကျပ် ၁ဝဝဝဝ မှကျပ် ၁၂ဝဝဝ အထိ ပေးရပြီး ဓာတ်ဆီဖြင့်ပြေးဆွဲသော အငှားယာဉ်တစ်စီး၏ အုံနာကြေးမှာ ကျပ် ၉ဝဝဝ ရှိကြောင်း၊ စီအန်ဂျီ ယာဉ် တစ်စီး၏ တစ်နေ့တာ ကုန်ကျစရိတ်မှာ အများဆုံး ကျပ် ၆ဝဝဝ ကျော်သာရှိပြီး ဓာတ်ဆီယာဉ်တစ်စီး၏ တစ်နေ့တာ ကုန်ကျစရိတ်မှာ အများဆုံးကျပ် ၂ဝဝဝဝ ဝန်းကျင်ရှိကြောင်း သိရသည်။

အငှားယာဉ်ပိုင်ရှင် ကိုဝင်းထွဋ် ဝင်းက ”ဓာတ်ဆီဆိုရင် ယာဉ်မောင်း တွေ အတွက် နေ့တွက် မကျန်တော့ မောင်းမယ့်သူရှားတယ်။ အခု ကိုယ်တိုင် ပဲ မောင်းနေရတယ်” ဟု ပြောသည်။

ခရီးသည်တင်ယာဉ်လိုင်းများမှ ယာဉ်အို၊ ယာဉ်ဟောင်း၊ ဟိုင်းလပ်ယာဉ် များအပ်နှံ၍ တက္ကစီယာဉ်များတွင် စီအန်ဂျီဓာတ်ငွေ့ ပြောင်းလဲတပ်ဆင် ခွင့် လျှောက်ထားခြင်း ကို ၂ဝ၁၃ ခုနှစ် ဧပြီ၊ မေနှင့်ဇွန်လများ၌ ဆောင်ရွက် ခဲ့ ကြောင်း၊ သို့သော်လည်း ယနေ့အချိန် အထိ စီအန်ဂျီမရသေးသည့် အငှား ယာဉ်စီးရေ ၁၅ဝ ကျော်ရှိကြောင်း သိရ သည်။

၎င်းနှင့် ပတ်သက်၍ အငှားယာဉ် ပိုင်ရှင် ဦးတင်မောင်ရီက ”စီအန်ဂျီ ရမယ်ရမယ်နဲ့ စောင့်လာတာ တစ်နှစ် လောက်ရှိပြီ။ ဓာတ်ဆီနဲ့မို့လို့ အုံနာ ကြေးက ကျပ် ၁ဝဝဝဝ ရတယ် ဆိုရင် တောင်ယာဉ်ပြင်ဆင်စရိတ်နဲ့ဆို ကိုယ့် အတွက် ကျပ် ၇ဝဝဝ ပဲကျန်တယ်။အဲဒါနဲ့ မိသားစုစားဝတ်နေရေးက မပြေ လည်ပါဘူး”ဟု ပြောသည်။

ထိုကဲ့သို့ အခက်အခဲရှိနေသည့် ယာဉ်ပိုင်ရှင်အများစုသည် ခရီးသည် တင်ဟိုင်းလပ်ယာဉ်အား ပြန်လည်အပ်နှံ ကာ အစားထိုးခရီးသည် တင်ယာဉ်အား ပြန် လည်တင် သွင်းနိုင်ရန် ငွေကြေးလုံ လောက်မှု မရှိ၍ ကျပ်သိန်း ၁ဝဝ အောက်ရှိတက္ကစီယာဉ်များအား ပြောင်း လဲကာ ဝယ်ယူခဲ့ကြသူများဖြစ်သည်။

လှိုင်မြို့နယ်မှ အငှားယာဉ်မောင်း တစ်ဦးက ”အစက ဓာတ်ဆီယာဉ်ကို ငှားပြီးဆွဲတာကိုယ့်အတွက် ကျပ် ၅ဝဝဝ ကျန်ဖို့ တစ်နေကုန်မောင်း တာတောင် မရဘူး။ ဓာတ်ဆီ နဲ့ဆိုရင် ခရီးဝေး လည်းမလိုက်နိုင်ဘူး။ အခုက အုံနာ ကြေး ကျပ် ၁၂ဝဝဝ ပေးရတဲ့ စီအန်ဂျီ အငှားယာဉ်ကိုမောင်းနေတာ။ တစ်နေ့ ကို ခရီးသည်ရတဲ့နေ့ဆိုရင် ကိုယ့်အ တွက် ကျပ် ၂ဝဝဝဝ လောက် ကျန် တယ်”ဟု ပြောသည်။

ကားအငှားဈေးကွက်တွင် ဓာတ် ဆီဖြင့်ပြေးဆွဲသော အငှားယာဉ်များ ထက်စီအန်ဂျီဖြင့် ပြေးဆွဲသော အငှားယာဉ်များကို ဈေးနှုန်းကွာခြားချက် တို့ ကြောင့် ခရီးသည်များ ကိုယ်တိုင် ရွေး ချယ်စီးနင်းလျက်ရှိသည်။

Popular Myanmar , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment