Pages

Thursday, March 6, 2014

ရွှေဂုံတိုင်ခုံးကျော်တံတားဖွင့်ပွဲကျင်းပ


RangonNewsDaily: March . 6 .2014
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရ၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် Capital Development Ltd ဆောက်လုပ်သည့် ရွှေဂုံတိုင်ခုံးကျော် တံတားဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီတွင် ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ရွှေဂုံတိုင်လမ်းဆုံရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက ယနေ့ဖွင့်လှစ်သည့် ရွှေဂုံတိုင်ခုံးကျော် တံတားကြီးကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ(၁၂)ရက်တွင် စတင်ပန္နက်ရိုက်ခဲ့ပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာ(၃၀)ရက်တွင် တံတားတည်ဆောက်မှု လုပ်ငန်းများ ပြီးစီးခဲ့ကာ ပြည်သူများသွားလာမှုလွယ်ကူလျင်မြန်စေရေးအတွက် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ(၁)ရက်မှ စတင်၍ မော်တော်ယာဉ်မျာြး ဖတ်သန်းသွားလာခွင့်ပြုထားခဲ့ကြောင်း၊တံတားကြီး ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် စည်းကမ်းရှိစွာဖြင့် စနစ်တကျမောင်းနှင်ခြင်း၊ ကုန်ပစ္စည်းများ သတ်မှတ် တန်ချိန်အတိုင်း တင်ဆောင် ခြင်းစသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ပြည်သူများက ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး(ရန်ကုန်မြို့တော်ဝန်)ဦးလှမြင့်က တံတား တည်ဆောက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ထို့နောက် တံတားမုခ်ဦးရှေ့တွင် တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး(ရန်ကုန်မြို့တော်ဝန်) ဦးလှမြင့်၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ခင်နှင့် Capital Development Ltd. မှ ဒါရိုက်တာ ဦးတင်မောင်ဝင်းတို့က ရွှေဂုံတိုင်ခုံးကျော်တံတားသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရွှေဂုံတိုင်ခုံးကျော်တံတား ကမ္ပည်းမော်ကွန်း ကျောက်စာ တိုင်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကာ ခုံးကျော်တံတားပေါ်မှ ဖြတ်သန်းကြည့်ရှု စစ်ဆေးသည်။

ယနေ့ဖွင့်လှစ်လိုက်သော ရွှေဂုံတိုင်ခုံးကျော်တံတားသည် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်တွင် တည်ရှိပြီး သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး စုစုပေါင်းတံတားအရှည်(၂၀၅၉ ဒသမ ၅၅)ပေ၊ အကျယ် (၄၅ ဒသမ ၅၉)ပေ (၄)လမ်းသွားဖြစ်၍ တံတားအောက် ကင်းလွတ်အမြင့်(၁၈)ပေရှိကာ ခံနိုင်ဝန်တန်ချိန် (၆၀)ဖြစ်ကြောင်း သတင်းရရှိသည်။ 

(သတင်းစဉ်)
မြ၀တီ , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment