Pages

Thursday, March 6, 2014

မန်ယူ လူငယ်ကစားသမား ဂျာနူဇတ်နဲ့ သတင်းတွေကို ခပ်ကြမ်းကြမ်း ငြင်းခဲ့တဲ့ စပရင်ဂါ


RangonNewsDaily: March . 6 .2014
မန်ယူ လူငယ်ကစားသမား ဂျာနူဇတ်နဲ့ ချစ်သူဖြစ်နေကြလို့ သတင်းလွှင့်သူတွေကို ကာယကံရှင် စပရင်ဂါက အွန်လိုင်းကနေ ခပ်ကြမ်းကြမ်း တုံ့ပြန်သွားပါတယ်။
ဂျာနူဇတ် နာမည်ကျော်ကြား လာပြီးနောက် အမေရိကန် အဖော်အချွတ် မဂ္ဂဇင်းတွေမှာ မျက်နှာဖုံးရှင် ဖြစ်ခဲ့တဲ့ အင်္ဂလန် နာမည်ကျော် မော်ဒယ် စပရင်ဂါနဲ့ ချစ်သူတွေ ဖြစ်နေကြပြီလို့ သတင်းထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စပရင်ဂါက “ ဖေ့ဘွတ်ပေါ်မှာ ကျွန်မ အကြောင်း သားပုတ်လေလွှင့် ပြောနေတာတွေကို ရပ်တန်းက ရပ်သင့်ပါပြီ။ အလိမ်အညာတွေကို ဖြန့်မနေ သင့်ပါဘူး။ ဒါက မနှစ်မြို့စရာကောင်းတဲ့ ကိစ္စပါ။ 


လုံးဝကို အဓိပ္ပာယ်မရှိပါဘူး”လို့ ပြောခဲ့တာပါ။ စပရင်ဂါဟာ ချဲလ်ဆီးနည်းပြ မော်ရင်ဟိုနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူဖြစ်လို့ မန်ယူ အသင်းသား တစ်ယောက်နဲ့ ချစ်သူဖြစ်နေပြီဆိုတဲ့ သတင်းတွေကို ပြန်တုံ့ပြန်ခဲ့ တာလို့လည်း သုံးသပ်ထားကြပါသတဲ့။

YoYarLay , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment