Pages

Wednesday, September 4, 2013

ဗြိတိန်ဝန်ကြီး ချုပ်ဟောင်း တိုနီဘလဲ စတုတ္ထ အကြိမ် လာရောက်မည်

Photo: ဗြိတိန်ဝန်ကြီး ချုပ်ဟောင်း တိုနီဘလဲ စတုတ္ထ အကြိမ် လာရောက်မည်
Tuesday, September 3, 2013

မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များကို အစဉ်တစိုက် တွန်းအားပေး ကူညီမည်ဟု ပြောကြားထားသည့် ဗြိတိန်ဝန်ကြီး ချုပ်ဟောင်း တိုနီဘလဲသည် စက်တင်ဘာလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် လာရောက်မည် ဖြစ်ကြောင်း အစိုးရ အဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ် အတွင်းပင် မြန်မာနိုင်ငံသို့ သုံးကြိမ်မြောက်အဖြစ် လာရောက်မည့် ဗြိတိန်ဝန်ကြီးဟောင်း အနေနှင့် သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ရှိ မရှိကိုမူ မသိရသေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“State Visit နဲ့ လာတာ မဟုတ်ဘူး” ဟု အဆိုပါ အစိုးရအဖွဲ့နှင့် နီးစပ်သူက ဆိုသည်။ ဗြိတိန်ဝန်ကြီး ချုပ်ဟောင်းသည် ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ၂၀၁၂ ခုနှစ် အောက်တိုဘာတွင် လာရောက်ပြီး သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း မတ်လတွင် တစ်ကြိမ်၊ ဇွန်လအတွင်း ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်စဉ်က တစ်ကြိမ်နှစ်ကြိမ် တိုင်တိုင် လာရောက်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆက်လက် ကူညီမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ၁၀ နှစ်ကြာ တာဝန်ယူ ခဲ့သည့် တိုနီဘလဲသည် ၂၀၀၇ ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးမှ အနားယူပြီးနောက် တိုနီဘလဲ ဖောင်ဒေးရှင်းကို ထူထောင်ကာ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ အကူအညီများကို ဖွံ့ဖြိုးဆဲနိုင်ငံ များသို့ ပေးအပ်လျက် ရှိသည်။ 

ရိုးရာလေး

RangonNewsDaily:: September 4, 2013

မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များကို အစဉ်တစိုက် တွန်းအားပေး ကူညီမည်ဟု ပြောကြားထားသည့် ဗြိတိန်ဝန်ကြီး ချုပ်ဟောင်း တိုနီဘလဲသည် စက်တင်ဘာလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ စတုတ္ထအကြိမ် လာရောက်မည် ဖြစ်ကြောင်း အစိုးရ အဖွဲ့နှင့် နီးစပ်သူ တစ်ဦးက ပြောကြားသည်။ ၂၀၁၃ ခုနှစ် အတွင်းပင် မြန်မာနိုင်ငံသို့ သုံးကြိမ်မြောက်အဖြစ် လာရောက်မည့် ဗြိတိန်ဝန်ကြီးဟောင်း အနေနှင့် သမ္မတ ဦးသိန်းစိန် အပါအဝင် အစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံရန် ရှိ မရှိကိုမူ မသိရသေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“State Visit နဲ့ လာတာ မဟုတ်ဘူး” ဟု အဆိုပါ အစိုးရအဖွဲ့နှင့် နီးစပ်သူက ဆိုသည်။ ဗြိတိန်ဝန်ကြီး ချုပ်ဟောင်းသည် ၎င်း၏ ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်အဖြစ် ၂၀၁၂ ခုနှစ် အောက်တိုဘာတွင် လာရောက်ပြီး သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း မတ်လတွင် တစ်ကြိမ်၊ ဇွန်လအတွင်း ကမ္ဘာ့စီးပွားရေး ဖိုရမ်သို့ တက်ရောက်စဉ်က တစ်ကြိမ်နှစ်ကြိမ် တိုင်တိုင် လာရောက်ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆက်လက် ကူညီမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ၁၀ နှစ်ကြာ တာဝန်ယူ ခဲ့သည့် တိုနီဘလဲသည် ၂၀၀၇ ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးမှ အနားယူပြီးနောက် တိုနီဘလဲ ဖောင်ဒေးရှင်းကို ထူထောင်ကာ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ဆိုင်ရာ အကူအညီများကို ဖွံ့ဖြိုးဆဲနိုင်ငံ များသို့ ပေးအပ်လျက် ရှိသည်။

ရိုးရာလေး , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment