Pages

Wednesday, September 4, 2013

ဆက်သွယ်ရေးကွန်ရက်များ ရောထွေးမှုမရှိစေရန် ရန် ကုန်နှင့် နေပြည်တော်ရှိ ဖုန်းလိုင်းသုံးသန်းလဲလှယ်မည်

RangonNewsDaily:: September 4, 2013

ဒေသတစ်ခုအတွင်း မတူညီသော ရေဒီယိုဆက်သွယ်ရေးကွန်ရက်များ ရောထွေးမှု မရှိစေရန်အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်နှင့် နေပြည်တော်ရှိ မိုဘိုင်းဖုန်း

လိုင်း သုံးသန်းကို လဲလှယ်တပ်ဆင်မည်ဖြစ်ပြီး အဆိုပါစီမံကိန်းကို Huawei ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်
မည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့်၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်အတွင်း မိုဘိုင်းဖုန်းလိုင်းအင်အား လေး
သန်း ထပ်မံတပ်ဆင်မည်ဖြစ်ရာ တစ်သန်းမှာ အသစ်တပ်ဆင်မည်ဖြစ်ပြီး သုံးသန်းမှာ စနစ်မတူသည့် ကွန်
ရက်များနေရာတွင် စနစ်တူသည့်ကွန်ရက်များဖြင့် လဲလှယ်တပ်ဆင်ခြင်းဖြစ်သည်ဟု မြန်မာ့ဆက် သွယ်ရေး
လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းက စက်တင်ဘာ ၃ ရက်က နိုင်ငံပိုင်သတင်းစာတွင် ဖြေ
ကြားထားသည်။

နက်ခ်ဝပ်များ ဒီဇိုင်းပြုလုပ်ရာတွင် ဆက်သွယ်ရေးပစ္စည်းတင်သွင်းသည့် ကုမ္ပဏီများ၏ စက်ပစ္စည်းဆက်စပ်

မှုနှင့်Radioစနစ်မတူညီမှုများရှိသည့်အတွက်ယခုကဲ့သို့ကုမ္ပဏီတစ်ခုတည်း၏ စက်ပစ္စည်းကို တပ်ဆင်ရခြင်း
ဖြစ်သည်ဟု လည်း ဆိုသည်။

ထိုသို့မိုဘိုင်းလိုင်းအင်အား တိုးချဲ့ရန်အတွက် ပြည်တွင်းပြည်ပကုမ္ပဏီများကို ဧပြီလအတွင်းက အကျိုးတူ ပူး

ပေါင်း လုပ်ကိုင်ခွင့် တင်ဒါခေါ်ယူခဲ့ရာ Huawei ကုမ္ပဏီက တင်ဒါအောင်မြင်ခဲ့ပြီး လက်ရှိတွင် လုပ်ငန်း စတင်
ရန်အတွက် စာချုပ်,ချုပ်ဆိုထားပြီးဖြစ်သည်

ဦးခင်မောင်ထွန်းက “လိုင်းလေးသန်းတိုးချဲ့ရေးစီမံကိန်းမှာမတူညီတဲ့ ရေဒီယိုဆက်သွယ်ရေးစခန်းတွေ
ရော

ယှက်နေတဲ့ ရန်ကုန်နဲ့ နေပြည်တော်တို့မှာစုစုပေါင်းလိုင်းသုံးသန်းကိုပစ္စည်းပေးသွင်းတဲ့ ကုမ္ပဏီ တစ်ခုတည်း
ရဲ့စက်နဲ့ အစားထိုးတပ်ဆင်သွားမှာပါ။ အဲဒီ အစားထိုးရာကနေ ထွက်ရှိလာတဲ့စက်ပစ္စည်း တွေကို မိုဘိုင်း
လိုင်းတိုးချဲ့ဖို့ လိုအပ်နေတဲ့ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တိုးချဲ့တပ်ဆင်ဖို့ စီစဉ်ထားပါတယ်”ဟု 
 ဖြေကြားထားသည်။

ထို့အပြင် လိုင်းအင်အားတစ်သန်း သီးသန့်တိုးချဲ့မည်ဖြစ်ရာ ရန်ကုန်တွင် လိုင်းအင်အား ခြောက်သိန်း၊ 

 နေပြည်တော် တွင် ၁၆၀,၀၀၀ နှင့် မန္တလေးတွင် ၂ ဒသမ ၅ သိန်း တိုးချဲ့တပ်ဆင်သွားမည်ဖြစ်သည်။

ယင်းအပြင် မိုဘိုင်းဖုန်းလိုင်းအင်အားများ တိုးချဲ့ရာတွင် လိုအပ်သည့် စက်မှုအဆောက်အအုံများ၊
လေအေး

ပေး စက်စနစ်၊ လျှပ်စစ်ဓာတ်အားပေးစနစ်၊ တာဝါတိုင်တည်ဆောက်ခြင်း စသည့် မိုဘိုင်းအခြေစိုက် စခန်း ၄၀၀ ခန့် တည်ဆောက်ရန်အတွက် ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင်မည့် ကုမ္ပဏီများကို စက်တင်ဘာ ၂၆ ရက် နောက်ဆုံးထားတင်ဒါလျှောက်ထားရန် ဆက်သွယ်ရေးလုပ်ငန်းက ဖိတ်ခေါ်ထားသည်။

လက်ရှိအချိန်အထိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှမိုဘိုင်းဖုန်းလိုင်းအင်အား၅ ဒသမ၂သန်းကျော် ချထားပေး

လျက်ရှိပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မိုဘိုင်းလိုင်းအင်အား လေးသန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် မို
ဘိုင်းလိုင်း အင်အားငါးသန်းနှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင်လည်း မိုဘိုင်အင်အား ငါးသန်းတိုးချဲ့ရန်စီစဉ်
ထားကြောင်း ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ချိုကို
မဇ္ဈိမ , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment