Pages

Wednesday, September 4, 2013

" ဆရာကြီး ဒဂုန်တာရာ အမှတ်တရစာအုပ်ထုတ်ဝေမည် "

" ဆရာကြီး ဒဂုန်တာရာ အမှတ်တရစာအုပ်ထုတ်ဝေမည် "
=================================

ဆရာဒဂုန်တာရာကို ချစ်မြတ်နိုးသူကြသူများ စုပေါင်း မှတ်တမ်းပြုထားသည့် အမှတ်တရစာများကို တစ်စုတစ်ပေါင်း တည်း စာအုပ်ထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစာအုပ်ကို ဆရာကြီး ဒဂုန်တာရာတစ်လပြည့်အမီ ထွက်ရှိနိုင်ရေးအတွက် မြန်မာနိုင်ငံကဗျာ ဆရာသမဂ္ဂမှ ဝိုင်းဝန်း လုပ်ဆောင်ပေးလျက်ရှိကြောင်း ၎င်းသမဂ္ဂမှ ဥက္ကဋ္ဌ ဖြစ်သူ မောင်စိမ်းနီက ပြောသည်။

”ကျွန်တော်တို့က ဝိုင်းဝန်းလုပ်ဆောင်ပေးကြတာပါ။ အမှန်တော့ ပိတောက်ပွင့်သစ်မှာ ဝမ်းနည်းကြောင်း အမှတ်တရ လုပ်ရာကနေ ဆရာ့ကိုပူဇော်ကြတဲ့၊ တမ်းတကြတဲ့ သူတွေက တိုက်တိုက်တွန်းတွန်းရှိကြတာနဲ့ စာတမ်းလေးလုပ်မယ်ဆိုပြီး လုပ်ဖြစ်သွားတာပါ”ဟု မောင်စိမ်းနီက ပြောသည်။ ထိုစာအုပ်တွင် မြန်မာပြည်အနှံ့ရှိ ကဗျာဆရာ များ၊ စာရေး ဆရာများ၊ ငြိမ်းချမ်းရေးချစ်မြတ်နိုးသူများ၊ အမှန်တရားကို ချစ် မြတ်နိုးကြသူများ ပါဝင်ရေးသားကြမည်ဖြစ်ကာ  ဆရာကြီးဒဂုန် တာရာ အမှတ်တရ ကဗျာ၊ ဆောင်းပါးများစွာကို တစ်စု တဝေးတည်း ဖတ်ရှုနိုင်ရန်စီစဉ်နေကြောင်း ဆရာမောင်စိမ်းနီက ထပ်လောင်းပြောသည်။

အဆိုပါ စာအုပ်ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီပေး နေသည့် မြန်မာနိုင်ငံကဗျာဆရာများ သမဂ္ဂမှ အတွင်းရေးမှူး သစ္စာနီကလည်း ဆရာကြီးအမှတ်တရအဖြစ် ထုတ်ဝေမည့် စာအုပ်တွင် ဆရာကြီး၏ရှားပါးဓာတ်ပုံများကိုလည်း တွေ့မြင်ရ မည်ဟုဆိုသည်။ ”ဒီစာအုပ်မှာ ဆရာတာရာရယ်၊ ဗိုလ်ချုပ်ရယ်၊ သခင်သန်း ထွန်းရယ်၊ ဆရာအသက် ၂ဝ အရွယ်တုန်းက ကျောင်းသား သမဂ္ဂမှာ လုပ်နေတဲ့ အချိန်ကပုံလည်း ပါမယ်” ဟု သစ္စာနီက ပြောသည်။ ဆရာဒဂုန်တာရာစာအုပ်ကို အလင်္ကာစာပေ တိုက်မှ ထုတ်ဝေမည်ဖြစ်သည်။ ၁၉၁၉ ခုနှစ် မေလ ၁ဝ ရက်နေ့ဖွား ဆရာ ကြီးဒဂုန်တာရာသည် အသက် ၉၅ နှစ်အရွယ် ၂ဝ၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။

အိမ်စည်စိုးစံ

RangonNewsDaily:: September 4, 2013

ဆရာဒဂုန်တာရာကို ချစ်မြတ်နိုးသူကြသူများ စုပေါင်း မှတ်တမ်းပြုထားသည့် အမှတ်တရစာများကို တစ်စုတစ်ပေါင်း တည်း စာအုပ်ထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစာအုပ်ကို ဆရာကြီး ဒဂုန်တာရာတစ်လပြည့်အမီ ထွက်ရှိနိုင်ရေးအတွက် မြန်မာနိုင်ငံကဗျာ ဆရာသမဂ္ဂမှ ဝိုင်းဝန်း လုပ်ဆောင်ပေးလျက်ရှိကြောင်း ၎င်းသမဂ္ဂမှ ဥက္ကဋ္ဌ ဖြစ်သူ မောင်စိမ်းနီက ပြောသည်။ ”ကျွန်တော်တို့က ဝိုင်းဝန်းလုပ်ဆောင်ပေးကြတာပါ။ အမှန်တော့ ပိတောက်ပွင့်သစ်မှာ ဝမ်းနည်းကြောင်း အမှတ်တရ လုပ်ရာကနေ ဆရာ့ကိုပူဇော်ကြတဲ့၊ တမ်းတကြတဲ့ သူတွေက တိုက်တိုက်တွန်းတွန်းရှိကြတာနဲ့ စာတမ်းလေးလုပ်မယ်ဆိုပြီး လုပ်ဖြစ်သွားတာပါ”ဟု မောင်စိမ်းနီက ပြောသည်။ 
 
ထိုစာအုပ်တွင် မြန်မာပြည်အနှံ့ရှိ ကဗျာဆရာ များ၊ စာရေး ဆရာများ၊ ငြိမ်းချမ်းရေးချစ်မြတ်နိုးသူများ၊ အမှန်တရားကို ချစ် မြတ်နိုးကြသူများ ပါဝင်ရေးသားကြမည်ဖြစ်ကာ ဆရာကြီးဒဂုန် တာရာ အမှတ်တရ ကဗျာ၊ ဆောင်းပါးများစွာကို တစ်စု တဝေးတည်း ဖတ်ရှုနိုင်ရန်စီစဉ်နေကြောင်း ဆရာမောင်စိမ်းနီက ထပ်လောင်းပြောသည်။

အဆိုပါ စာအုပ်ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီပေး နေသည့် မြန်မာနိုင်ငံကဗျာဆရာများ သမဂ္ဂမှ အတွင်းရေးမှူး သစ္စာနီကလည်း ဆရာကြီးအမှတ်တရအဖြစ် ထုတ်ဝေမည့် စာအုပ်တွင် ဆရာကြီး၏ရှားပါးဓာတ်ပုံများကိုလည်း တွေ့မြင်ရ မည်ဟုဆိုသည်။
 
 ”ဒီစာအုပ်မှာ ဆရာတာရာရယ်၊ ဗိုလ်ချုပ်ရယ်၊ သခင်သန်း ထွန်းရယ်၊ ဆရာအသက် ၂ဝ အရွယ်တုန်းက ကျောင်းသား သမဂ္ဂမှာ လုပ်နေတဲ့ အချိန်ကပုံလည်း ပါမယ်” ဟု သစ္စာနီက ပြောသည်။ ဆရာဒဂုန်တာရာစာအုပ်ကို အလင်္ကာစာပေ တိုက်မှ ထုတ်ဝေမည်ဖြစ်သည်။ 
 
၁၉၁၉ ခုနှစ် မေလ ၁ဝ ရက်နေ့ဖွား ဆရာ ကြီးဒဂုန်တာရာသည် အသက် ၉၅ နှစ်အရွယ် ၂ဝ၁၃ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။

အိမ်စည်စိုးစံ
Popular Myanmar ,  RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment