Pages

Wednesday, September 4, 2013

အင်ဒိုနီးရှား နိုင်ငံသည် ကြည်းတပ်၏ ဝယ်ယူရေး အစီအစဉ်တွင် AH-64 APACHE ရဟတ်ယာဉ်များ ဝယ်ယူသွားမည်

Photo: အင်ဒိုနီးရှား နိုင်ငံသည် ကြည်းတပ်၏ ဝယ်ယူရေး အစီအစဉ်တွင် AH-64 APACHE ရဟတ်ယာဉ်များ ဝယ်ယူသွားမည်
Tuesday, September 3, 2013

အင်ဒိုနီးရှား နိုင်ငံသည် အမေရိကန် တို့ထံမှ AH-64 Apache တိုက်ခိုက်ရေး ရဟတ်ယာဉ် ၈ စီးကို ဝယ်ယူသွားမည် ဖြစ်သည်။
သို့သော် ဝယ်ယူရေး အတွက် အလုံးစုံ သဘောတူညီမှု မရရှိသေးပေ။ အာဆီယံ နိုင်ငံများအတွင်း စင်္ကာပူ ကြည်းတပ် တစ်ခုတည်းသာလျှင်  AH-64 Longbow Apache တိုက်ခိုက်ရေး ရဟတ်ယာဉ် အမျိုးအစားကို အသုံးပြုလျက် ရှိသည်။ Apache  တိုက်ယာဉ်အား အမေရိကန် ကြည်းတပ်၏ AH-1 Cobra တိုက်ခိုက်ရေး ရဟတ်ယာဉ်များ နေရာတွင် အစားထိုးရန် အတွက် Hughes Helicopter ရဟတ်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီက တီထွင်ပေးခဲ့ခြင်း ဖြစ်သည်။ လက်နက်အဖြစ် M230  ၃ဝ မမ ဆုံလည်အမြောက်၊Hellfire တင့်ဖျက်ဒုံး ၁၁၄ လုံးနှင့်Hydra တင့်ဖျက်ဒုံး ၇ဝ လုံးတို့ ပစ်ခတ်နိုင်သော ဒုံးလက်နက်များကို တပ်ဆင် ပေးထားသည်။

အင်ဒိုနီးရှား ပြည်တွင်း လေကြောင်း ကုမ္ပဏီ တစ်ခုဖြစ်သော PT Dirgantara Indonesia (PT DI) သည် ၂ဝ၁၂ ခုနှစ် မတ်လ အစောပိုင်းတွင် Bell-412 EP ရဟတ်ယာဉ် ၃စီးအား အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။ ကြည်းတပ်သို့ ၂ စီးနှင့် ရေတပ်ဖွဲ့သို့ တစ်စီး ထပ်မံလွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်သည်။

ထိုင်းဘုရင့် ကြည်းတပ်သည် ၂ဝ၁၁ ခုနှစ် ဇူလိုင်လတွင် ရဟတ်ယာဉ် သုံးကြိမ်ဆက်တိုက် ဆိုးဝါးစွာ ပျက်ကျခဲ့ပြီး နောက်ပိုင်းတွင် ရဟတ် ယာဉ်သစ် စီးရေ ၃ဝ ကျော် ဝယ်ယူပေးရန် အတွက် အစိုးရအား တောင်း ဆိုထားကြောင်း သိရသည်။ ၎င်းမှာ ကြည်းတပ်၏ အဆင့်မြှင့်တင်ရေး အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်တွင် ပါဝင်ပြီး Bell UH-1  “ Huey ” ရဟတ်ယာဉ်များ နေရာတွင် အစားထိုး၍ ဆယ်စုနှစ် ၃ ခု ကျော်ကြာ အသုံးပြုသွားမည် ဖြစ်သည်။ 

Phetchaburi ပြည်နယ်အတွင်း ထိုင်း-မြန်မာ နယ်စပ်အနီးတွင် ကြည်းတပ်မှ ရဟတ်ယာဉ် ၃ စီးမှာ သီးခြားစီ ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် Kaeng Krachan အမျိုးသား ဥယျာဉ်ရှိ တောတောင် ထူထပ်သော နေရာသို့ Huey  ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ပြီး သစ်ခိုးထုတ်သူများအား တားဆီး နှိမ်နင်းရေးတွင် လာရောက် အားဖြည့်သည့် စစ်သည် ၅ ဦး သေဆုံးခဲ့သည်။ နောက်ထပ် Black Hawk  နှင့် Bell 212 ရဟတ်ယာဉ် တစ်စီးစီ တို့မှာလည်း လေယာဉ် ပျက်ကျသွားသော စစ်သည် အလောင်းများအား သွားရောက် ကယ်ဆယ်စဉ် ဇူလိုင် ၁၉ ရက်နှင့် ၂၄ ရက်နေ့များတွင် ရှေ့ဆင့်နောက်ဆင့် ထပ်မံ ပျက်ကျခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မတော်တဆ ထိခိုက်မှု ၃ ခုတွင် စစ်သည် ၁၇ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။ 

ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha က ၎င်းအနေဖြင့် ရဟတ်ယာဉ်သစ်များ ဝယ်ယူပေးရန် ယခင်ကတည်းက အစိုးရသို့ တင်ပြခဲ့ကြောင်း၊ သို့သော် ဒီမိုကရက်တစ် အစိုးရက ရန်ပုံငွေမရှိဘူးဟု ဆိုကာ ပယ်ချခဲ့ကြောင်း ပြောကြားခဲ့သည်။ Huey  ရဟတ်ယာဉ် များမှာ လွန်စွာ ခေတ်ဟောင်းနေပြီ ဖြစ်သည်။ ကြည်းတပ်၏ ဝယ်ယူရေး အစီအစဉ်တွင် Bell 212 ရဟတ်ယာဉ်သစ် ၃ စီး ဝယ်ယူသွားရန် အတွက်လည်း လျာထားစာရင်း ထည့်သွင်း ထားပါသည်။

မြ၀တီ

RangonNewsDaily:: September 4, 2013

အင်ဒိုနီးရှား နိုင်ငံသည် အမေရိကန် တို့ထံမှ AH-64 Apache တိုက်ခိုက်ရေး ရဟတ်ယာဉ် ၈ စီးကို ဝယ်ယူသွားမည် ဖြစ်သည်။ သို့သော် ဝယ်ယူရေး အတွက် အလုံးစုံ သဘောတူညီမှု မရရှိသေးပေ။ အာဆီယံ နိုင်ငံများအတွင်း စင်္ကာပူ ကြည်းတပ် တစ်ခုတည်းသာလျှင် AH-64 Longbow Apache တိုက်ခိုက်ရေး ရဟတ်ယာဉ် အမျိုးအစားကို အသုံးပြုလျက် ရှိသည်။ Apache တိုက်ယာဉ်အား အမေရိကန် ကြည်းတပ်၏ AH-1 Cobra တိုက်ခိုက်ရေး ရဟတ်ယာဉ်များ နေရာတွင် အစားထိုးရန် အတွက် Hughes Helicopter ရဟတ်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီက တီထွင်ပေးခဲ့ခြင်း ဖြစ်သည်။ လက်နက်အဖြစ် M230 ၃ဝ မမ ဆုံလည်အမြောက်၊Hellfire တင့်ဖျက်ဒုံး ၁၁၄ လုံးနှင့်Hydra တင့်ဖျက်ဒုံး ၇ဝ လုံးတို့ ပစ်ခတ်နိုင်သော ဒုံးလက်နက်များကို တပ်ဆင် ပေးထားသည်။

အင်ဒိုနီးရှား ပြည်တွင်း လေကြောင်း ကုမ္ပဏီ တစ်ခုဖြစ်သော PT Dirgantara Indonesia (PT DI) သည် ၂ဝ၁၂ ခုနှစ် မတ်လ အစောပိုင်းတွင် Bell-412 EP ရဟတ်ယာဉ် ၃စီးအား အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။ ကြည်းတပ်သို့ ၂ စီးနှင့် ရေတပ်ဖွဲ့သို့ တစ်စီး ထပ်မံလွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်သည်။

ထိုင်းဘုရင့် ကြည်းတပ်သည် ၂ဝ၁၁ ခုနှစ် ဇူလိုင်လတွင် ရဟတ်ယာဉ် သုံးကြိမ်ဆက်တိုက် ဆိုးဝါးစွာ ပျက်ကျခဲ့ပြီး နောက်ပိုင်းတွင် ရဟတ် ယာဉ်သစ် စီးရေ ၃ဝ ကျော် ဝယ်ယူပေးရန် အတွက် အစိုးရအား တောင်း ဆိုထားကြောင်း သိရသည်။ ၎င်းမှာ ကြည်းတပ်၏ အဆင့်မြှင့်တင်ရေး အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်တွင် ပါဝင်ပြီး Bell UH-1 “ Huey ” ရဟတ်ယာဉ်များ နေရာတွင် အစားထိုး၍ ဆယ်စုနှစ် ၃ ခု ကျော်ကြာ အသုံးပြုသွားမည် ဖြစ်သည်။

Phetchaburi ပြည်နယ်အတွင်း ထိုင်း-မြန်မာ နယ်စပ်အနီးတွင် ကြည်းတပ်မှ ရဟတ်ယာဉ် ၃ စီးမှာ သီးခြားစီ ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် Kaeng Krachan အမျိုးသား ဥယျာဉ်ရှိ တောတောင် ထူထပ်သော နေရာသို့ Huey ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ပြီး သစ်ခိုးထုတ်သူများအား တားဆီး နှိမ်နင်းရေးတွင် လာရောက် အားဖြည့်သည့် စစ်သည် ၅ ဦး သေဆုံးခဲ့သည်။ နောက်ထပ် Black Hawk နှင့် Bell 212 ရဟတ်ယာဉ် တစ်စီးစီ တို့မှာလည်း လေယာဉ် ပျက်ကျသွားသော စစ်သည် အလောင်းများအား သွားရောက် ကယ်ဆယ်စဉ် ဇူလိုင် ၁၉ ရက်နှင့် ၂၄ ရက်နေ့များတွင် ရှေ့ဆင့်နောက်ဆင့် ထပ်မံ ပျက်ကျခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မတော်တဆ ထိခိုက်မှု ၃ ခုတွင် စစ်သည် ၁၇ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့သည်။

ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha က ၎င်းအနေဖြင့် ရဟတ်ယာဉ်သစ်များ ဝယ်ယူပေးရန် ယခင်ကတည်းက အစိုးရသို့ တင်ပြခဲ့ကြောင်း၊ သို့သော် ဒီမိုကရက်တစ် အစိုးရက ရန်ပုံငွေမရှိဘူးဟု ဆိုကာ ပယ်ချခဲ့ကြောင်း ပြောကြားခဲ့သည်။ Huey ရဟတ်ယာဉ် များမှာ လွန်စွာ ခေတ်ဟောင်းနေပြီ ဖြစ်သည်။ ကြည်းတပ်၏ ဝယ်ယူရေး အစီအစဉ်တွင် Bell 212 ရဟတ်ယာဉ်သစ် ၃ စီး ဝယ်ယူသွားရန် အတွက်လည်း လျာထားစာရင်း ထည့်သွင်း ထားပါသည်။

မြ၀တီ , RangonNewsDaily
kolatt (Pabedan)
 

0 comments:

Post a Comment