Pages

Wednesday, September 4, 2013

အမေရိကန်မှ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး ကျူးဘားမှ ဖလော်ရီဒါ ပြည်နယ်သို့ အောင်မြင်စွာ ရေကူးဖြတ်သန်း

Photo: အမေရိကန်မှ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦး ကျူးဘားမှ ဖလော်ရီဒါ ပြည်နယ်သို့ အောင်မြင်စွာ ရေကူးဖြတ်သန်း
Wednesday, September 4, 2013

အမေရိကန် ပြည်ထောင်စုမှ ဒိုင်ယာနာနက်စ် အမည်ရှိ အသက် ၆၄ နှစ် အရွယ် အမျိုးသမီးကြီး တစ်ဦးသည် သမိုင်းတွင် မှတ်တမ်း တင်နိုင်သည့် ပထမဆုံး လူပုဂ္ဂိုလ် ဖြစ်လာစေရန် အတွက် ကျူးဘား နိုင်ငံမှ ဖလော်ရီဒါ ပြည်နယ်သို့ မိုင် ၁၀၀ ခရီးကို သုံးရက်ကြာ ရေကူး ခတ် ပြခဲ့ရာ အောင်မြင်မှု ရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ အမျိုးသမီးသည် ကျူးဘားနိုင်ငံ ဟာဗားနား မြို့ရှိ လှေလှော်ရွက်တိုက် အဖွဲ့မှ သြဂုတ် ၃၁ ရက်တွင် ထွက်ခွာ ခဲ့ပြီးနောက် ဖလော်ရီဒါ ပြည်နယ် ကီးဝတ်စ် ကမ်းခြေသို့ စက်တင်ဘာ ၂ ရက်တွင် ရောက်ရှိခဲ့သည်။ သူမသည်  ၎င်းခရီးစဉ်ကို ၁၂ နာရီ ၅၄ မိနစ် (၁၈ ဒသမ ၆ စက္ကန့်) ဖြင့် ကူးခတ်ပြနိုင် ခဲ့ကြောင်း သူမ၏  ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားဖော်ပြ ထားသည်။

၎င်းအမျိုးသမီးသည် အဆိုပါ ကြိုးပမ်းမှုကို ယခင်က လေးကြိမ်လုပ်ဆောင် ခဲ့သော်လည်း ရာသီဥတု ဆိုးရွားမှုနှင့် ငါးများ၏ တိုက်ခိုက်မှုကြောင့် အောင်မြင်မှု မရှိခဲ့ကြောင်းနှင့် ယခု တစ်ကြိမ်မှသာ အောင်မြင်မှု ရရှိခဲ့ကြောင်း ၎င်းစာမျက်နှာတွင် ဖော်ပြထားသည်။

မြ၀တီ

RangonNewsDaily:: September 4, 2013

အမေရိကန် ပြည်ထောင်စုမှ ဒိုင်ယာနာနက်စ် အမည်ရှိ အသက် ၆၄ နှစ် အရွယ် အမျိုးသမီးကြီး တစ်ဦးသည် သမိုင်းတွင် မှတ်တမ်း တင်နိုင်သည့် ပထမဆုံး လူပုဂ္ဂိုလ် ဖြစ်လာစေရန် အတွက် ကျူးဘား နိုင်ငံမှ ဖလော်ရီဒါ ပြည်နယ်သို့ မိုင် ၁၀၀ ခရီးကို သုံးရက်ကြာ ရေကူး ခတ် ပြခဲ့ရာ အောင်မြင်မှု ရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။ အဆိုပါ အမျိုးသမီးသည် ကျူးဘားနိုင်ငံ ဟာဗားနား မြို့ရှိ လှေလှော်ရွက်တိုက် အဖွဲ့မှ သြဂုတ် ၃၁ ရက်တွင် ထွက်ခွာ ခဲ့ပြီးနောက် ဖလော်ရီဒါ ပြည်နယ် ကီးဝတ်စ် ကမ်းခြေသို့ စက်တင်ဘာ ၂ ရက်တွင် ရောက်ရှိခဲ့သည်။ သူမသည် ၎င်းခရီးစဉ်ကို ၁၂ နာရီ ၅၄ မိနစ် (၁၈ ဒသမ ၆ စက္ကန့်) ဖြင့် ကူးခတ်ပြနိုင် ခဲ့ကြောင်း သူမ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားဖော်ပြ ထားသည်။

၎င်းအမျိုးသမီးသည် အဆိုပါ ကြိုးပမ်းမှုကို ယခင်က လေးကြိမ်လုပ်ဆောင် ခဲ့သော်လည်း ရာသီဥတု ဆိုးရွားမှုနှင့် ငါးများ၏ တိုက်ခိုက်မှုကြောင့် အောင်မြင်မှု မရှိခဲ့ကြောင်းနှင့် ယခု တစ်ကြိမ်မှသာ အောင်မြင်မှု ရရှိခဲ့ကြောင်း ၎င်းစာမျက်နှာတွင် ဖော်ပြထားသည်။

မြ၀တီ , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment