Pages

Wednesday, September 4, 2013

ပရီးမီးယားလိဂ်အသင်းများ၏ ပြောင်းရွှေ့စရိတ် စံချိန်တင်များပြားခဲ့

Photo: ပရီးမီးယားလိဂ်အသင်းများ၏ ပြောင်းရွှေ့စရိတ် စံချိန်တင်များပြားခဲ့ 
 Wednesday, September 4, 2013

ရုပ်သံထုတ်လွှင့်မှု ခွဲတမ်းခံစားခွင့် မြင့်တက်လာခြင်းနှင့်အတူ ပရီးမီးယားလိဂ် ကလပ်အသင်းများ အပြိုင်အဆိုင် ငွေသုံးကြမ်းခဲ့ကြပြီး ယခင်စံချိန်ဟောင်းကို အပြတ်အသတ် နောက်ကျကျန်စေခဲ့သည် 

နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ကာလအတွင်း အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းများ၏ ပြောင်းရွှေ့ကြေး အသုံးစရိတ်သည် ပေါင်စတာလင် သန်း(၆၃၀)ထိ စံချိန်တင် ရောက်ရှိခဲ့ကြောင်း သိရသည်။ ရုပ်သံထုတ်လွှင့်မှု ခွဲတမ်းခံစားခွင့် မြင့်တက်လာခြင်းနှင့်အတူ ပရီးမီးယားလိဂ် ကလပ်အသင်းများ အပြိုင်အဆိုင် ငွေသုံးကြမ်းခဲ့ကြပြီး ယခင်စံချိန်ဟောင်းကို အပြတ်အသတ် နောက်ကျကျန်စေခဲ့သည်။ ပြီးခဲ့သည့် နွေရာသီက ပရီးမီးယားလိဂ် အသင်းများ၏ အပြောင်းအရွှေ့ အသုံးစရိတ်သည် ပေါင်စတာလင် သန်း(၄၉၀) ရှိခဲ့သည်။ ယခင်က စံချိန်တင်ထားသည့် နွေရာသီ အပြောင်းအရွှေ့ အသုံးစရိတ်မှာ (၂၀၀၈)ခုနှစ်က ရပ်တည်ခဲ့သည့် ပေါင်စတာလင် သန်း(၅၀၀)ဖြစ်ပြီး လက်ရှိ စံချိန်က ပေါင်စတာလင် သန်း(၁၃၀) ပိုမိုသာလွန်သွားသည်။

ဈေးကွက်ပိတ်ရက်ကျမှ ရီးယဲလ်မက်ဒရစ် အသင်းကို စွန့်ခွာကာ အာဆင်နယ်သို့ ပြောင်းရွှေ့လာသည့် မီဆွတ်အိုဇေးလ်သည် ပရီးမီးယားလိဂ်၏ ယခုနွေရာသီ တန်ကြေးအမြင့်ဆုံး ကစားသမား ဖြစ်လာသည်။ အပြောင်းအရွှေ့ ဈေးကွက်ကို လေ့လာခဲ့သည့် Deloitteမှ သုတေသီ ဒန်ဂျုံးစ်က "ဒီနွေရာသီရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းတွေကတော့ စံချိန်သစ်တစ်ခု ဖြစ်လာစေပါတယ်။ ပြီးတော့ ပရီးမီးယားလိဂ်က အသင်းတစ်သင်းဟာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကစားသမား တစ်ယောက်ကို ရောင်းထုတ်နိုင်ခဲ့တယ်"ဟု ဆိုသည်။

တော့တင်ဟမ် ဟော့စပါး တစ်သင်းတည်းသည် ယခုနွေရာသီတွင် ပြောင်းရွှေ့စရိတ် ပေါင်စတာလင် သန်း(၁၁၀)နီးပါး အသုံးပြုခဲ့ပြီး ဂါရတ်သ်ဘေးလ်ကို ကမ္ဘာ့စံချိန်တင် ဈေးနှုန်း ပေါင်စတာလင် (၈၅)သန်းဖြင့် ရောင်းထုတ်ခဲ့သည်။ ပရီးမီးယားလိဂ် ကလပ်အသင်းများသည် လာမည့်(၃)နှစ်အတွင်း ရုပ်သံခွဲတမ်း ဝင်ငွေလည်း ပိုမိုတိုးပွား ရရှိလာခဲ့သည်။ BT Sportsသည် တစ်နှစ်လျှင် ပရီးမီးယားလိဂ် ပွဲစဉ် (၃၈)ပွဲ ထုတ်လွှင့်ပြသရန် ပေါင်စတာလင် (၇၃၈)သန်းဖြင့် မူပိုင်ခွင့် ရယူခဲ့ပြီး Skyကမူ တစ်ရာသီလျှင် (၁၁၆)ပွဲ ပြသနိုင်ရန် ပေါင်စတာလင် (၂.၃)ဘီလျံထိ ပေးချေခဲ့သည်။

ပြီးခဲ့သည့် နွေရာသီ ဈေးကွက်အတွင်း ပရီးမီးယားလိဂ်ပြီးလျှင် ပြောင်းရွှေ့စရိတ် အသုံးအကြမ်းဆုံး လိဂ်ပြိုင်ပွဲမှာ စပိန်လာလီဂါနှင့် အီတလီ စီးရီးအေတို့ ဖြစ်လာသည်။ ထိုလိဂ်ပြိုင်ပွဲ နှစ်ခု၏ ကစားသမားသစ် ဝယ်ယူမှု စရိတ်သည် ပေါင်စတာလင် (၃၃၅)သန်းစီ ရှိခဲ့သည်။ ပြင်သစ်လီဂူးကမူ စုစုပေါင်း ပေါင်စတာလင် (၃၁၅)သန်း သုံးစွဲခဲ့သည်။ ဂျာမန်ဘွန်းဒစ်လီဂါ၏ နွေရာသီ ကစားသမားသစ် ဝယ်ယူမှု အသုံးစရိတ်ကမူ ပေါင်စတာလင် သန်း(၂၃၀)မျှ ရှိခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network

RangonNewsDaily:: September 4, 2013

ရုပ်သံထုတ်လွှင့်မှု ခွဲတမ်းခံစားခွင့် မြင့်တက်လာခြင်းနှင့်အတူ ပရီးမီးယားလိဂ် ကလပ်အသင်းများ အပြိုင်အဆိုင် ငွေသုံးကြမ်းခဲ့ကြပြီး ယခင်စံချိန်ဟောင်းကို အပြတ်အသတ် နောက်ကျကျန်စေခဲ့သည် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ကာလအတွင်း အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းများ၏ ပြောင်းရွှေ့ကြေး အသုံးစရိတ်သည် ပေါင်စတာလင် သန်း(၆၃၀)ထိ စံချိန်တင် ရောက်ရှိခဲ့ကြောင်း သိရသည်။ ရုပ်သံထုတ်လွှင့်မှု ခွဲတမ်းခံစားခွင့် မြင့်တက်လာခြင်းနှင့်အတူ ပရီးမီးယားလိဂ် ကလပ်အသင်းများ အပြိုင်အဆိုင် ငွေသုံးကြမ်းခဲ့ကြပြီး ယခင်စံချိန်ဟောင်းကို အပြတ်အသတ် နောက်ကျကျန်စေခဲ့သည်။ ပြီးခဲ့သည့် နွေရာသီက ပရီးမီးယားလိဂ် အသင်းများ၏ အပြောင်းအရွှေ့ အသုံးစရိတ်သည် ပေါင်စတာလင် သန်း(၄၉၀) ရှိခဲ့သည်။ ယခင်က စံချိန်တင်ထားသည့် နွေရာသီ အပြောင်းအရွှေ့ အသုံးစရိတ်မှာ (၂၀၀၈)ခုနှစ်က ရပ်တည်ခဲ့သည့် ပေါင်စတာလင် သန်း(၅၀၀)ဖြစ်ပြီး လက်ရှိ စံချိန်က ပေါင်စတာလင် သန်း(၁၃၀) ပိုမိုသာလွန်သွားသည်။

ဈေးကွက်ပိတ်ရက်ကျမှ ရီးယဲလ်မက်ဒရစ် အသင်းကို စွန့်ခွာကာ အာဆင်နယ်သို့ ပြောင်းရွှေ့လာသည့် မီဆွတ်အိုဇေးလ်သည် ပရီးမီးယားလိဂ်၏ ယခုနွေရာသီ တန်ကြေးအမြင့်ဆုံး ကစားသမား ဖြစ်လာသည်။ အပြောင်းအရွှေ့ ဈေးကွက်ကို လေ့လာခဲ့သည့် Deloitteမှ သုတေသီ ဒန်ဂျုံးစ်က "ဒီနွေရာသီရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းတွေကတော့ စံချိန်သစ်တစ်ခု ဖြစ်လာစေပါတယ်။
 
 ပြီးတော့ ပရီးမီးယားလိဂ်က အသင်းတစ်သင်းဟာ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ကစားသမား တစ်ယောက်ကို ရောင်းထုတ်နိုင်ခဲ့တယ်"ဟု ဆိုသည်။

တော့တင်ဟမ် ဟော့စပါး တစ်သင်းတည်းသည် ယခုနွေရာသီတွင် ပြောင်းရွှေ့စရိတ် ပေါင်စတာလင် သန်း(၁၁၀)နီးပါး အသုံးပြုခဲ့ပြီး ဂါရတ်သ်ဘေးလ်ကို ကမ္ဘာ့စံချိန်တင် ဈေးနှုန်း ပေါင်စတာလင် (၈၅)သန်းဖြင့် ရောင်းထုတ်ခဲ့သည်။ ပရီးမီးယားလိဂ် ကလပ်အသင်းများသည် လာမည့်(၃)နှစ်အတွင်း ရုပ်သံခွဲတမ်း ဝင်ငွေလည်း ပိုမိုတိုးပွား ရရှိလာခဲ့သည်။ 
 
BT Sportsသည် တစ်နှစ်လျှင် ပရီးမီးယားလိဂ် ပွဲစဉ် (၃၈)ပွဲ ထုတ်လွှင့်ပြသရန် ပေါင်စတာလင် (၇၃၈)သန်းဖြင့် မူပိုင်ခွင့် ရယူခဲ့ပြီး Skyကမူ တစ်ရာသီလျှင် (၁၁၆)ပွဲ ပြသနိုင်ရန် ပေါင်စတာလင် (၂.၃)ဘီလျံထိ ပေးချေခဲ့သည်။

ပြီးခဲ့သည့် နွေရာသီ ဈေးကွက်အတွင်း ပရီးမီးယားလိဂ်ပြီးလျှင် ပြောင်းရွှေ့စရိတ် အသုံးအကြမ်းဆုံး လိဂ်ပြိုင်ပွဲမှာ စပိန်လာလီဂါနှင့် အီတလီ စီးရီးအေတို့ ဖြစ်လာသည်။ ထိုလိဂ်ပြိုင်ပွဲ နှစ်ခု၏ ကစားသမားသစ် ဝယ်ယူမှု စရိတ်သည် ပေါင်စတာလင် (၃၃၅)သန်းစီ ရှိခဲ့သည်။
 
 ပြင်သစ်လီဂူးကမူ စုစုပေါင်း ပေါင်စတာလင် (၃၁၅)သန်း သုံးစွဲခဲ့သည်။ ဂျာမန်ဘွန်းဒစ်လီဂါ၏ နွေရာသီ ကစားသမားသစ် ဝယ်ယူမှု အသုံးစရိတ်ကမူ ပေါင်စတာလင် သန်း(၂၃၀)မျှ ရှိခဲ့ကြောင်း သိရှိရသည်။

Planet Myanmar Network , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment