Pages

Wednesday, September 4, 2013

မြန်မာ့ရိုးရာခြင်းလုံး ပထမဆုံးအကြိမ် နိုင်ငံတကာပြိုင်ပွဲကျင်းပမည်

Photo: မြန်မာ့ရိုးရာခြင်းလုံး ပထမဆုံးအကြိမ် နိုင်ငံတကာပြိုင်ပွဲကျင်းပမည်
Wednesday, September 4, 2013

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင်ပါဝင်မည့် နေပြည်တော် ရှိ မြန်မာ့ရိုး ရာ ခြင်းလုံးအားကစားနည်းကို ပရိသတ် ငါးထောင်ဆံ့ ဝဏ္ဏသိဒ္ဓိ အားကစားရုံ၌ ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် အောက်တိုဘာလ အစပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးရဲအောင်က ပြောကြားသည်။

ယင်းပြိုင်ပွဲကို SEA Games ပြိုင်ပွဲ၌ ယှဉ်ပြိုင်ရန် စာရင်းပေးထားသည့် မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ ဝင်ရောက် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းပွဲသည် အိမ်ရှင် မြန်မာနိုင်ငံ အနေနှင့်သာမက ပြည်ပနိုင်ငံများ အနေနှင့်ပါပထမ ဦးဆုံး မြန်မာ့ရိုးရာ နိုင်ငံတကာ ခြင်းလုံးပြိုင်ပွဲ ဖြစ်သည်ဟု ၄င်းကဆိုသည်။

ပြိုင်ပွဲတွင် မြန်မာ့ရိုးရာခြင်းလုံး ကစားနည်း၏ အခြေခံ အထိခြောက်ချက် မှ မျိုးကွဲပြိုင်ပွဲနှင့် အခြေခံထိချက် အတွဲနှစ်မျိုးသာ ပြိုင်ပွဲဝင်နိုင်ငံများမှ ကစားသမားများ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

မြန်မာ့ရိုးရာ ခြင်းလုံးကစားနည်း၏ အခြေခံ အထိခြောက်ချက်မှာ ခြေဖျား၊ ခြေခွင်၊ ဘေးဖဝါး၊ ဘေးဖနောင့်၊ ဒူးနှင့် ဘေးဖမျက် တို့ဖြစ်ရာ အခြေခံအထိ ခြောက်ချက် မျိုးကွဲပြိုင်ပွဲတွင် ကစားသမား ခြောက်ဦးသည် တစ်ဦးချင်းစီက ထိချက်မတူပဲ ဝိုင်းလည်အောင် ခတ်ကစားရပြီး အတွဲပြိုင်ပွဲတွင် ကစားသမား တစ်ဦးချင်းစီက အခြေခံ အထိခြောက်ချက်လုံး ကစားပြီးမှ နောက်တစ်ဦးချင်းစီ အလိုက် ဝိုင်းလည်အောင် ခတ်ကစားရခြင်းဖြစ်သည်။ 

SEA Games ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ထည့်သွင်း ကျင်းပမည့် မြန်မာ့ရိုးရာ ခြင်းလုံးအားကစား နည်းအတွက် ပြိုင်ပွဲကျင်းပရေး ကော်မတီက ရွှေတံဆိပ်၈ခု ချီးမြှင့်မည်ဖြစ်ရာ လက်ရှိအချိန်၌ အမျိုးသားပြိုင်ပွဲ အတွက် ခြောက်နိုင်ငံနှင့် အမျိုးသမီးပြိုင်ပွဲ အတွက် ငါးနိုင်ငံ စာရင်းပေးထားသည်။

The Voice Weekly

RangonNewsDaily:: September 4, 2013

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင်ပါဝင်မည့် နေပြည်တော် ရှိ မြန်မာ့ရိုး ရာ ခြင်းလုံးအားကစားနည်းကို ပရိသတ် ငါးထောင်ဆံ့ ဝဏ္ဏသိဒ္ဓိ အားကစားရုံ၌ ပထမဆုံး နိုင်ငံတကာပြိုင်ပွဲအဖြစ် အောက်တိုဘာလ အစပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးရဲအောင်က ပြောကြားသည်။ ယင်းပြိုင်ပွဲကို SEA Games ပြိုင်ပွဲ၌ ယှဉ်ပြိုင်ရန် စာရင်းပေးထားသည့် မလေးရှား၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ ဝင်ရောက် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းပွဲသည် အိမ်ရှင် မြန်မာနိုင်ငံ အနေနှင့်သာမက ပြည်ပနိုင်ငံများ အနေနှင့်ပါပထမ ဦးဆုံး မြန်မာ့ရိုးရာ နိုင်ငံတကာ ခြင်းလုံးပြိုင်ပွဲ ဖြစ်သည်ဟု ၄င်းကဆိုသည်။

ပြိုင်ပွဲတွင် မြန်မာ့ရိုးရာခြင်းလုံး ကစားနည်း၏ အခြေခံ အထိခြောက်ချက် မှ မျိုးကွဲပြိုင်ပွဲနှင့် အခြေခံထိချက် အတွဲနှစ်မျိုးသာ ပြိုင်ပွဲဝင်နိုင်ငံများမှ ကစားသမားများ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

မြန်မာ့ရိုးရာ ခြင်းလုံးကစားနည်း၏ အခြေခံ အထိခြောက်ချက်မှာ ခြေဖျား၊ ခြေခွင်၊ ဘေးဖဝါး၊ ဘေးဖနောင့်၊ ဒူးနှင့် ဘေးဖမျက် တို့ဖြစ်ရာ အခြေခံအထိ ခြောက်ချက် မျိုးကွဲပြိုင်ပွဲတွင် ကစားသမား ခြောက်ဦးသည် တစ်ဦးချင်းစီက ထိချက်မတူပဲ ဝိုင်းလည်အောင် ခတ်ကစားရပြီး အတွဲပြိုင်ပွဲတွင် ကစားသမား တစ်ဦးချင်းစီက အခြေခံ အထိခြောက်ချက်လုံး ကစားပြီးမှ နောက်တစ်ဦးချင်းစီ အလိုက် ဝိုင်းလည်အောင် ခတ်ကစားရခြင်းဖြစ်သည်။

SEA Games ပြိုင်ပွဲ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ထည့်သွင်း ကျင်းပမည့် မြန်မာ့ရိုးရာ ခြင်းလုံးအားကစား နည်းအတွက် ပြိုင်ပွဲကျင်းပရေး ကော်မတီက ရွှေတံဆိပ်၈ခု ချီးမြှင့်မည်ဖြစ်ရာ လက်ရှိအချိန်၌ အမျိုးသားပြိုင်ပွဲ အတွက် ခြောက်နိုင်ငံနှင့် အမျိုးသမီးပြိုင်ပွဲ အတွက် ငါးနိုင်ငံ စာရင်းပေးထားသည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment