Pages

Tuesday, September 3, 2013

နိုင်ငံရေးပါတီများ ပြည်သူပိုင်ပစ္စည်းအသုံးပြုပါက ပါတီမှတ်ပုံတင် ပယ်ဖျက်သည်အထိ အရေးယူနိုင်

RangonNewsDaily:: September 3, 2013

နိုင်ငံ ရေးပါတီတစ်ခုအနေဖြင့် ပြည်သူ ပိုင်ပစ္စည်းများကို အသုံးပြုပါက နိုင်ငံရေးပါတီ မှတ်ပုံတင်ထားခြင်း မှ ပယ်ဖျက်သည်အထိ အရေးယူ နိုင်ကြောင်း ရှေ့နေဦးရောဘတ် စန်းအောင်က ပြောသည်။တောင်ဥက္ကလာပမြို့နယ် (၉)ရပ်ကွက်တွင်ရှိသော ပန်းခြံ နှင့် ကလေးအားကစားကွင်းကို ပြည်ခိုင်ဖြိုးပါတီမှ ကွန်ဒိုဆောက် လုပ်နေခြင်းအပေါ်တွင် ယင်းကဲ့ သို့ ပြောကြားခြင်းဖြစ်သည်။ ဦးရောဘတ်စန်းအောင် က ''နိုင်ငံရေးပါတီတစ်ခုအနေ နဲ့ ပြည်သူပိုင်ပစ္စည်းကို ထိပါးမယ် ဆိုရင် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ-၁၂(က)ပုဒ်မခွဲ(၅)အရ ပါတီကို ထိခိုက်နိုင်တယ်။ မှတ်ပုံတင်ထားခြင်းကနေ ပါတီကို ဖျက်သိမ်းတဲ့အထိ အရေးယူလို့ ရတယ်''ဟု ပြောသည်။

ပြည်သူများအနေဖြင့်လည်း ပထမဦးစွာ နေပြည်တော်တရား ရုံးချုပ်တွင် တားမြစ်စေစာချွန် တော်လျှောက်ထားနိုင်ကြောင်း နှင့် ရန်ကုန်တိုင်းဒေသကြီး တရား လွှတ်တော်တွင်လည်း မြွက်ဟ ကြေညာစေလိုမှုနှင့်ထာဝရတား ဝရမ်းထုတ်ပေးစေရန် လျှောက် ထားနိုင်ကြောင်း ဦးရောဘတ်စန်း အောင်က ပြောသည်။

တောင်ဥက္ကလာပမြို့နယ် (၉)ရပ်ကွက်တွင်နေထိုင်သော ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက လည်း အမျိုးသားရေးအသင်း အဖွဲ့အမည်ခံကာ ပြည်သူပိုင်မြေ ပေါ်တွင် ဆိုင်းဘုတ်ထူခဲ့ပြီး ထိုမှ တစ်ဆင့် နိုင်ငံရေးပါတီသို့ ပြောင်း သောအခါ အသင်းပိုင်ပစ္စည်း များကို လွှဲပြောင်းယူခြင်းသည် မတရားကြောင်း၊ ကလေးများအ တွက် အားကစားကွင်းဆုံးရှုံးသည် သာမက လူကြီးများအတွက်လည်း စစ်မှန်ပြီး တရားမျှတသည့် ပါတီ စုံဒီမိုကရေစီစနစ်ကို အကောင် အထည်ဖော်နိုင်တော့မည်မဟုတ် ကြောင်း ဆွေးနွေးခဲ့သည်။

တောင်ဥက္ကလာပမြို့နယ် မှ ပြည်သူတစ်ဦးကလည်း ''သူတို့ က၂၀၁၅ကို ရည်ရွယ်ပြီး ပိုက်ဆံ စုနေတာပါ။ ဒီတိုက်ခန်းရောင်းရ ငွေတွေက ဘယ်ကိုသွားတာလဲ။ ရောင်းလိုက်တဲ့ငွေတွေက ဘယ် ရောက်သွားတာလဲ ထင်သာမြင် သာရှိချင်ပါတယ်''ဟု ပြောသည်။

တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ဦးအောင် သိန်းလင်းကလည်း အဆိုပါမြေ နေရာသည် ၎င်းတို့အသင်းအ ဖြစ်ရှိစဉ် ၂၀၀၂ခုနှစ်ကပင် မြို့နယ် စည်ပင်မှ နှစ်၆ဝဂရမ် ချထား ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ပါတီသည် လည်း အသင်းကို အခြေခံ၍ ဖွဲ့ စည်းထားခြင်းဖြစ်သောကြောင့် အသင်းပိုင်သည်များကို လွှဲပြောင်း ခွင့်ရှိကြောင်း ဇွန် ၂၉ရက်က တောင်ဥက္ကလာ ပါတီရုံးခန်း၌ ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။

နန်းသီတာဝင်း
Yangon Media ::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment