Pages

Tuesday, September 3, 2013

အမေရိကန် လေယာဉ်တင် သင်္ဘောနှင့် စစ်သင်္ဘော လေးစင်း ဆီးရီးယား အနီး ပင်လယ်နီ အတွင်းသို့ ထပ်မံ ရောက်ရှိ

အမေရိကန် လေယာဉ်တင် သင်္ဘောနှင့် စစ်သင်္ဘော လေးစင်း ဆီးရီးယား
အနီး ပင်လယ်နီ အတွင်းသို့ ထပ်မံ ရောက်ရှိ
Tuesday, September 3, 2013

နျူကလီးယား စွမ်းအင်သုံး အမေရိကန် လေယာဉ်တင် သင်္ဘော USS Nimitz နှင့် ၎င်းရေယာဉ်အုပ်တွင် ပါဝင်သည့် ခရူဇာ စစ်သင်္ဘော တစ်စင်းနှင့် ဖျက်သင်္ဘော သုံးစင်းတို့သည် စက်တင်ဘာ ၂ရက်က ပင်လယ်နီ အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်းနှင့် ထိုကဲ့သို့
လေယာဉ်တင် သင်္ဘော ဖြန့်ချ မှုသည် ဆီးရီးယား နိုင်ငံအပေါ် တိုက်ခိုက်ပါက အထောက် အကူ ရရှိစေရေး အတွက်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား
ခဲ့သည်။

သို့သော် အဆိုပါ သင်္ဘောများသည် ဆီးရီးယားအား တိုက်ခိုက်ရန်အတွက် အမေရိကန်၏ ဖျက်သင်္ဘော ၅စီးနှင့် ကုန်းရေ နှစ်သွယ်သွား တိုက်ယာဉ်တစ်စီးတို့ တပ်စွဲထားသည့် မြေထဲပင်လယ် အတွင်းသို့ သွားရောက်ရန် အတွက်မူ အမိန့် တစ်စုံတစ်ရာ ရရှိထားခြင်း မရှိကြောင်း သိရသည်။ ဆီးရီးယား နိုင်ငံသည် သြဂုတ် ၂၁ရက်နေ့က ပြည်သူများ အပေါ် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိကန် သမ္မတ ဘားရက် အိုဘားမား သည် ဆီးရီးယားနိုင်ငံအား တိုက်ခိုက်ရန်အတွက် လွှတ်တော်သို့ တင်ပြထားပြီး အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်း၍ လွှတ်တော် က စက်တင်ဘာ ၉ ရက်နေ့တွင် စတင် ဆွေးနွေး
သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

http://www.myanmaronlinenews.net/2013/09/blog-post_3.html

RangonNewsDaily:: September 3, 2013

နျူကလီးယား စွမ်းအင်သုံး အမေရိကန် လေယာဉ်တင် သင်္ဘော USS Nimitz နှင့် ၎င်းရေယာဉ်အုပ်တွင် ပါဝင်သည့် ခရူဇာ စစ်သင်္ဘော တစ်စင်းနှင့် ဖျက်သင်္ဘော သုံးစင်းတို့သည် စက်တင်ဘာ ၂ရက်က ပင်လယ်နီ အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်ကြောင်းနှင့် ထိုကဲ့သို့
လေယာဉ်တင် သင်္ဘော ဖြန့်ချ မှုသည် ဆီးရီးယား နိုင်ငံအပေါ် တိုက်ခိုက်ပါက အထောက် အကူ ရရှိစေရေး အတွက်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား
ခဲ့သည်။ သို့သော် အဆိုပါ သင်္ဘောများသည် ဆီးရီးယားအား တိုက်ခိုက်ရန်အတွက် အမေရိကန်၏ ဖျက်သင်္ဘော ၅စီးနှင့် ကုန်းရေ နှစ်သွယ်သွား တိုက်ယာဉ်တစ်စီးတို့ တပ်စွဲထားသည့် မြေထဲပင်လယ် အတွင်းသို့ သွားရောက်ရန် အတွက်မူ အမိန့် တစ်စုံတစ်ရာ ရရှိထားခြင်း မရှိကြောင်း သိရသည်။ 
 
ဆီးရီးယား နိုင်ငံသည် သြဂုတ် ၂၁ရက်နေ့က ပြည်သူများ အပေါ် ဓာတုလက်နက် အသုံးပြု တိုက်ခိုက်ခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိကန် သမ္မတ ဘားရက် အိုဘားမား သည် ဆီးရီးယားနိုင်ငံအား တိုက်ခိုက်ရန်အတွက် လွှတ်တော်သို့ တင်ပြထားပြီး အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်း၍ လွှတ်တော် က စက်တင်ဘာ ၉ ရက်နေ့တွင် စတင် ဆွေးနွေး
သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment