Pages

Tuesday, September 3, 2013

ပြွန်တန်ဆာ အထက်တန်းကျောင်း ဝရန်တာပြိုကျ၊ ကျောင်းသား ၁၃ ဦးဒဏ်ရာရ

ပြွန်တန်ဆာ အထက်တန်းကျောင်း ဝရန်တာပြိုကျ၊ ကျောင်းသား ၁၃ ဦးဒဏ်ရာရ

kolatt(PBDN): Sep . 3. 2013

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ အမှတ် (၃) ရပ်ကွက် ရန်ကုန်- မန္တလေး လမ်းဟောင်းရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်ခန့်က ကျောင်းဝရန်တာ ပြိုကျ၍ ကျောင်းသား၊ ကျောင်းသူ ၁၃ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း အဆိုပါကျောင်းရှိ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ခင်မြင့်က The Voice သို့ ပြောကြားသည်။

ကျောင်းမတက်ခင် နိုင်ငံတော်သီချင်း သီဆိုရန် ကျောင်းသားကျောင်းသူများ ဝရန်တာ၌ တန်းစီနေစဉ် အပေါ်ထပ် ဝရန်တာ ၁၀ ပေခန်းတစ်ခန်း အချပ်လိုက် ပြိုကျခဲ့ရာ အပေါ်ထပ် ပြိုကျသောနေရာမှ တက္ကသိုလ်ဝင်တန်း တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများက အောက်ထပ်ရှိ အဋ္ဌမတန်းကျောင်းသား၊ ကျောင်းသူများပေါ် ပိကျခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

အဆိုပါ ပြိုကျမှုကြောင့် ကျောင်းသားကျောင်းသူ ၁၃ ဦးတွင် မျက်နှာ၊ ခေါင်း၊ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတို့တွင် ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာရရှိ သူများအနက် ပြွန်တန်ဆာ ဆေးရုံတွင် သုံးဦး၊ ပဲခူးဆေးရုံတွင် သုံးဦး ပို့ဆောင် ကုသလျက် ရှိကြောင်း ၎င်းကရှင်းပြသည်။

“သမီးတို့ တန်းစီနေတုန်း ဝုန်းခနဲဆိုပြီး ကြားလိုက်ရတာ။ သမီးလည်း လက်လှမ်းမီရာ ဝရန်တာလက်တန်းကိုဆွဲခိုပြီး တန်းလန်းကြီး ဖြစ်နေတာ။ အဲဒီကနေ အပေါ်ထပ်ကို ပြန်တွယ်တက်လိုက်တာ” ဟု ပြွန်တန်ဆာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် တက္ကသိုလ်ဝင်တန်း တက်ရောက်နေသော ကျောင်းသူ မစကားဝါခင်က ရှင်းပြသည်။

အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသည် ၁၉၉၀ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ရာ သက်တမ်းအားဖြင့် ၂၃ နှစ်ခန့်ရှိပြီး ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူဦးရေ ၁၁၉၄ ဦး ပညာသင်ကြားလျက် ရှိကြောင်း အဆိုပါကျောင်း၏ စာရင်းများအရ သိရှိရသည်။

The Voice ::--

RangonNewsDaily:: September 3, 2013
ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့ အမှတ် (၃) ရပ်ကွက် ရန်ကုန်- မန္တလေး လမ်းဟောင်းရှိ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်ခန့်က ကျောင်းဝရန်တာ ပြိုကျ၍ ကျောင်းသား၊ ကျောင်းသူ ၁၃ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း အဆိုပါကျောင်းရှိ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ခင်မြင့်က The Voice သို့ ပြောကြားသည်။ ကျောင်းမတက်ခင် နိုင်ငံတော်သီချင်း သီဆိုရန် ကျောင်းသားကျောင်းသူများ ဝရန်တာ၌ တန်းစီနေစဉ် အပေါ်ထပ် ဝရန်တာ ၁၀ ပေခန်းတစ်ခန်း အချပ်လိုက် ပြိုကျခဲ့ရာ အပေါ်ထပ် ပြိုကျသောနေရာမှ တက္ကသိုလ်ဝင်တန်း တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများက အောက်ထပ်ရှိ အဋ္ဌမတန်းကျောင်းသား၊ ကျောင်းသူများပေါ် ပိကျခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

အဆိုပါ ပြိုကျမှုကြောင့် ကျောင်းသားကျောင်းသူ ၁၃ ဦးတွင် မျက်နှာ၊ ခေါင်း၊ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတို့တွင် ဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ဒဏ်ရာရရှိ သူများအနက် ပြွန်တန်ဆာ ဆေးရုံတွင် သုံးဦး၊ ပဲခူးဆေးရုံတွင် သုံးဦး ပို့ဆောင် ကုသလျက် ရှိကြောင်း ၎င်းကရှင်းပြသည်။

“သမီးတို့ တန်းစီနေတုန်း ဝုန်းခနဲဆိုပြီး ကြားလိုက်ရတာ။ သမီးလည်း လက်လှမ်းမီရာ ဝရန်တာလက်တန်းကိုဆွဲခိုပြီး တန်းလန်းကြီး ဖြစ်နေတာ။ အဲဒီကနေ အပေါ်ထပ်ကို ပြန်တွယ်တက်လိုက်တာ” ဟု ပြွန်တန်ဆာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် တက္ကသိုလ်ဝင်တန်း တက်ရောက်နေသော ကျောင်းသူ မစကားဝါခင်က ရှင်းပြသည်။

အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းသည် ၁၉၉၀ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ရာ သက်တမ်းအားဖြင့် ၂၃ နှစ်ခန့်ရှိပြီး ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူဦးရေ ၁၁၉၄ ဦး ပညာသင်ကြားလျက် ရှိကြောင်း အဆိုပါကျောင်း၏ စာရင်းများအရ သိရှိရသည်။

The Voice ::-- , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment