Pages

Tuesday, September 3, 2013

ယခုနှစ်အတွင်း ဟိုတယ်သစ် ၆၄ လုံး ဖွင့်လှစ်သွားမည်

RangonNewsDaily:: September 3, 2013

၂၀၁၃ နှစ်ကုန်အထိ မြန်မာတစ်နိုင်ငံလုံးတွင် ဟိုတယ်သစ် စုစုပေါင်း ၆၄ လုံး ဖွင့်လှစ်သွားရန်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာ
န ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။
အဆိုပါဟိုတယ် ၆၄ လုံးမှ အခန်းအရေအတွက် ၄၀၀၀ ကျော် ထွက်ရှိလာမည်ဖြစ်ပြီး ဟိုတယ်အဆင့် မသတ်မှတ် ရသေးကြောင်း ဆိုသည်။ ရန်ကုန်မြို့တွင် ဒီဇင်ဘာလအထိ ဟိုတယ် ၁၃ လုံး ဖွင့်လှစ်သွားရန်ရှိပြီး အခန်းအရေအတွက် ၁၃၆၃ ခန်းအထိ ရှိလာမည်ဖြစ်ကြောင်း ဦးတင်ထွန်းအောင်က ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဇူလိုင်လအထိ ဟိုတယ် ၈၃၄ လုံး၊ အခန်း ၃၀၄၀၁ ခန်းရှိပြီး ရန်ကုန်မြို့တွင် ဟိုတယ်အခန်း ၂၁၃ လုံး၊ အခန်း ၉၂၉၄ ခန်းရှိကြောင်း ၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလတွင် ဖွင့်လှစ်ရန် စီစဉ်ထားသည့် ဟိုတယ်တစ်လုံးဖြစ်သော Rose Garden Hote ၏ မန်နေဂျာ ဦးနိုင်နိုင်ထွန်းက ဟိုတယ်အနေဖြင့် အခန်းအရေအတွက် ၃၀၀ ကျော်ရှိပြီး စတင်ဖွင့်လှစ်ချိန်တွင် အခန်း ၁၂၀ ဖွင့်လှစ်သွားရန်လျာထားကြောင်း ဆိုသည်။

ဦးနိုင်နိုင်ထွန်းက “အခန်းခကိုတော့ မသတ်မှတ်ရသေးဘူး။ ခရီးသွားကုမ္ပဏီတွေနဲ့ စာချုပ်,ချုပ်ဖို့ကိုလည်း အုပ်ချုပ်မှု အပိုင်းက သတ်မှတ်ပြီးမှပဲ စလုပ်လို့ရမယ်” ဟု မဇ္ဈိမသို့ ပြောသည်။

Mizzima News , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment