Pages

Tuesday, September 3, 2013

အစ္စရေး ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်

RangonNewsDaily:: September 3, 2013

အစ္စရေးနိုင်ငံ၏ ဆက်သွယ်ရေးဂြိုဟ်တုအား သယ်ဆောင်ထားသည့် ဒုံးကျည်တစ်စင်းအား ကာဇက် စတန်နိုင်ငံမှ အောင်မြင်စွာလွှတ်တင်ပေးနိုင်ခဲ့
ပြီဟု အစ္စရေးအာကာသ သိပံ္ပလုပ်ငန်းများအဖွဲ့ (IAI) မှ ထုတ်ပြန်ချက်အရသိရကြောင်း စက်တင်ဘာ ၁ ရက်က ဘီဘီစီသတင်းဌာနမှ ဖော်ပြထားသည်။ လွှတ်တင်လိုက်သည့် ဆက်သွယ်ရေးဂြိုဟ်တုအား AMOS-4 ဟု အမည်ပေးထားပြီး ယင်းအားရုရှားနိုင်ငံ ဇင်းနစ်မြို့ထုတ် ဒုံးကျည်ဖြင့်ကာဇက်စတန်နိုင်ငံ ဘိုက်ကိုနာဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ လွှတ်တင် လိုက်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

အလေးချိန် ၄ ဒသမ ၃ တန်ရှိသည့် အဆိုပါ AMOS-4 ဂြိုဟ်တုမှာ “ဥရောပတိုက်၊ အရှေ့အလယ်ပိုင်း ဒေသ၊ အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းခြေဒေသ၊ အာဖရိက၊ အာရှနှင့် အရှေ့တောင်အာရှဒေသတို့ တွင် ဆက်သွယ်ရေးနှင့် ရုပ်သံထုတ်လွှင့်ရေး လုပ်ငန်းများတွင် ၀န်ဆောင်မှုပေးနိုင်ရန်အတွက် ဖြစ်သည်” ဟုလည်း IAI မှ ပြောကြားလိုက်သည်။

ယခုလွှတ်တင်လိုက်သည့် ဆက်သွယ်ရေးဂြိုဟ်တုမှာ လေးခုမြောက်ဖြစ်ပြီး ဇင်းနစ်မြို့ထုတ် ဒုံးကျည်ဖြင့် AMOS-4 အား ၂၀၀၈ ခုနှစ်တွင် နောက်ဆုံးအကြိမ်အဖြစ် လွှတ်တင်ခဲ့သည်။

အစ္စရေးနိုင်ငံအနေဖြင့် ဆက်သွယ်ရေးဂြိုဟ်တုများအပြင် ကိုယ်ပိုင်ဒုံးကျည်ရှက်ဗစ်ဖြင့် လွှတ်တင်ထား သည့်ထောက်လှမ်းရေးဂြိုဟ်တု ခြောက်လုံးခန့်အား အစ္စရေးတို့က ပိုင်ဆိုင်ထားပြီး မကြာသေးခင်က လွှတ်တင်လိုက်သည့် AMOS-3 မှာ ဒေသတွင်းပြိုင်ဘက် နိုင်ငံတစ်နိုင်ငံဖြစ်သော အီရန်အားစုံစမ်း ထောက်လှမ်းနိုင်သည်ဟုပင် သတင်းများထွက်ပေါ်ခဲ့သည်။

ထို့အပြင် အစ္စရေးမှာအရှေ့အလယ်ပိုင်း နိုင်ငံများအနက် နျူကလီးယားလက်နက်များ ပိုင်ဆိုင်ထားသည့် တစ်ခုတည်းသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စစ်ပွဲများဖြစ်ပွားလာပါက နျူကလီးယားဒုံးကျည်များဖြင့် တိုက် ခိုက်နိုင်သည့်စွမ်းရည်များ ပိုင်ဆိုင်ထားသည်ဟုယူဆထားခြင်းခံရသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

Mizzima - News , RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment