Pages

Tuesday, April 9, 2013

မြန်မာအရေး OIC ၌ ဆွေးနွေးရန် ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဧပြီလ ၁၁ ရက်နေ့ ဆော်ဒီသို့ ထွက်ခွာမည်

April 9, 2013

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီသည် ဆော်ဒီ အာရေးဗီးယား ဂျီဒက်တွင် ကျင်းပမည့် အိုအိုင်စီ မြန်မာ့အရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဧပြီလ ၁၁ ရက်နေ့တွင် ဒက္ကားမြို့ကနေ ထွက်ခွာမည်ဟု သိရသည်။အိုအိုင်စီ၏ နိုင်ငံခြား ၀န်ကြီး အဆင့် မြန်မာ့အရေး ဆွေးနွေးပွဲကို ဧပြီလ ၁၄ ရက်နေ့တွင် ဂျီဒက်မြို့တွင် ပြုလုပ်မည်ဟု ဆိုသည်။ အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတွင် အသစ် ဖြစ်ပေါ်ခဲ့သော ဗုဒ္ဓဘာသာ အစွန်းရောက်များ ၏ တိုက်ခိုက်မူများကြောင့် မွတ်ဆလင် ဘာသာဝင်များ သေဆုံးခဲ့ရမူများ၊ ဗလီဝတ်ပြုကျောင်းများနှင့် စာသင်ကျောင်းများ မီးရှို့ခံရမူများ၊ မွတ်ဆလင် ဘာသာဝင်များ၏ နေအိမ်များ ဖျက်ဆီး တိုက်ခိုက်ခံရမူများကို ဆွေးနွေးမည်ဟု ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။

အိုအိုင်စီ အတွင်းရေးမှူး Ekmeleddin Ihsanoglu က လာမည့် အစည်းအဝေးတွင် ရိုဟင်ဂျာ များ၏ ပြဿနာကို ဖြေရှင်းနိုင်ရေးကို ဆွေးနွေးမည်ဟု ပြောကြောင်း ကျေညာချက်တွင် ဖေါ်ပြထားသည်။

များမကြာမှီက ဆော်ဒီအာရေးဗီးယား ဂျီဒက်တွင် ပြုလုပ်သော အိုအိုင်စီ အဖွဲ့ဝင်နိုင်ငံများ ဆက်သွယ်ရေးမှူးများ အစည်းအဝေးတွင် အိုအိုင်စီ အတွင်းရေးမှူးက ကျေညာချက် ၂ ခုကို ထုတ်ပြန်ခဲ့ရာ တစ်ခုမှာ အိုအိုင်စီ အနေဖြင့် မြန်မာနိုင်ငံရှိ မွတ်ဆလင်များအတွက် ရပ်တည် ကူညီ သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ကိစ္စအတွက် လိုအပ်သလို အရေးယူ ဆောင်ရွက်သွားရန် အဆင်သင့် ရှိကြောင်း ပြောဆိုသည်။

ဒုတိယ အချက်မှာ ဗုဒ္ဓဘာသာ အစွန်းရောက်သမားများ၏ ဘာသာရေးမုန်းတီးမူ လူပ်ရှားမူကို ရပ်တန့်ရန်နှင့် မူဆလင်များကို လူမျိုးရေးအရ သုတ်သင်ချေမူန်းများကို အမြန်ဆုံး ရပ်တန့်ရန် မြန်မာ အစိုးရအား အလေးအနက် တောင်းဆိုကြောင်း ပြောဆိုသည်။

၎င်းပြင် အဆိုပါ ပြဿနာများ ရပ်တန့်ရေး အတွက် နိုင်ငံတကာ အဆင့် စည်းဝေးပွဲများတွင် အဖြေ ရရှိရန် ဆောင်ရွက် ကြိုးပမ်းသွားမည်ဟု ဆိုသည်။
 
Rakhine Straight View, Rangonnewsdaily
RND:9.4.2013 

0 comments:

Post a Comment