Pages

Tuesday, April 9, 2013

Facebook တွင် Message ပို့လျှင် ပိုက်ဆံကောက်မည်

ဧပြီလ၉ရက်နေ့ကစလို့တစ်ကမ္ဘာလုံးကနာမည်ကြီးသတင်းဌာန အတော်များများက အတည်ပြု ဖော်ပြနေတဲ့ သတင်း ဖြစ်ပါတယ်။ ကံဆိုးချက်များ Facebook မှာ ကိုယ်မသိတဲ့သူနဲ့ နာမည်ကြီး Celebrity တွေဆီကို စာ (Message) ပို့မယ်ဆိုရင် ဗြိတိန်ပေါင် ၁၀နဲ့ ညီမျှတဲ့ တန်ဖိုးကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ကံအဆိုး ဆုံးကတော့ ဗြိတိန်ပါ။ ဗြိတိန်မှာ စတင်မှာ ဖြစ်ပါတယ်။ စတောင် စနေပါပြီ။
အမေရိကန်ဒေါ်လာနဲ့ဆိုမနည်းပါဘူး။ဒါတောင်ဗြိတိန်ပေါင် ၁၀ ဒေါ် လာက အခြေခံတန်ဖိုးပဲ ရှိပါသေးတယ်။ Fan၁.၃၄သန်းကျော်တဲ့ သူတွေဆီကိုပို့မယ်ဆိုရင် ၁၀.၆၈ ဗြိတိန်ပေါင် အထက်မှာ ရှိပါတယ်။ အမေရိကန်မှာ စမ်းသပ် လို့အောင်မြင်ပြီး ဗြိတိန် နိုင်ငံမှာ စတင်အ သုံးပြုတော့မှာ ဖြစ်ပါတယ်။

Messageရိုက်ပြီးစာပို့ခါနီးဆိုရင်ဘယ်Paymentစနစ်နဲ့ငွေချဲမလဲဆိုတဲ့Popupwindow က ပေါ်လာတာမျိုး ဖြစ်
ပါတယ်။ အဲ့ဒီမှာမှ Paypal, Master Card အစရှိသဖြင့်တို့ကို ရွေးချယ်ပြီး မိမိ အကောင့် ထဲက ငွေကိုတွေ ထုတ်သွားမှာဖြစ်ပါတယ်။မြန်မာပြည်မှာpaypalတို့လိုOnlinepaymentရောက်မလာသေးတော့ အဖြစ်နိုင်ဆုံးက ကိုယ်မသိတဲ့သူတွေဆီ လုံးဝ စာပို့မရခြင်းနဲ့ Celebrity တွေဆီ စာပို့လို့ မရတော့ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် ဒီအတွက်Facebookကတစ်မျိုးတစ်ဖုံပြန်လုပ်မှာပါ။ပြည်တွင်းအွန်လိုင်းငွေချေ စနစ်တွေနဲ့ တောင် ပေါင်းပြီး
ငွေကောက် ချင်ကောက်မှာပါ။

အသက်၁၈ နှစ်အောက်ကတော့ မသိတဲ့ဆီ စာပို့လို့မရသလို နာမည်ကြီးတွေ ဆီကိုလည်း စာပို့လို့ မရပါဘူး။ သူ့အတွက် ယင်း Feature များ အသုံးပြုခွင့် မပေးသေးလို့ ဖြစ်ပါတယ။်

ဒါကိုအတော်များများကလက်မခံကြပါဘူး။ရည်ရွယ်ချက်ကတော့Cyberbullingနဲ့ အကောင့်လုံခြုံရေးအတွက်
လို့ ဆိုပါတယ်။ Message ကို ပို့ချင်တိုင်း ပို့ခွင့်ပေး ထားတော့ နာမည်ကြီး လူပုဂ္ဂိုလ် သို့ ရောက်သောစာ နဲ့မသိမကျွမ်းပဲ စာလာလာပို့သော သူစိမ်းများကြောင်း စိတ်အနှောက်အယှက်ဖြစ်ရတာမျိုးတို့ ရှိတယ်လို့ ဆိုပါတယ်။ Mutual Friend ရှိနေလဲ Friend list ထဲမှာ မရှိရင် ပိုက်ဆံ ပေးရမယ်လို့တောင် ဆိုပါတယ်။

ပေးလိုက်ရတဲ့ ပိုက်ဆံကိုလည်း ဘယ်သူမှမရပါဘူး။ Facebook က ရရှိမှာ ဖြစ်ပါတယ်။ ကိုယ့်ဆီကို သူစိမ်းတစ်ယောက်က စာပို့ရင် ကိုယ့်အတွက်သူ ၁၅ ဒေါ်လာကုန်ထားပေမယ့် ယင်း ၁၅ ဒေါ်လာကို ကိုယ်မရပါဘူး။ Facebook ရဲ့  ဝင်ငွေတစ်ခုအဖြစ် ရှိမှာ ဖြစ်ပါတယ်။

Facebook တည်ထောင်သူ ဇူကာဘတ်ဆီကိုလည်း အလကားပို့လို့ မရ တော့ပါဘူး။ အမေရိကန်ဒေါ်လာ ၁၆ဒေါ်လာမကတောင်ပေးရမယ်ထင်ပါတယ်။ရည်ရွယ်ချက်တော့ကောင်းပါတယ်။သို့ပေမယ့်မကောင်းတာ
ကလည်း တွဲပါနေတော့ ဝေဖန်သူများနေပါပြီ။

နောက်ဆို Comment ပေးတာတောင် ပိုက်ဆံပေးမှ ပေးလို့ရတာမျိုး၊ Post သွားတင်တာတောင် ပိုက်ဆံပေးမှ တင်ခွင့်ရှိ တာမျိုးတို့ကို ပါ ပြုလုပ်နိုင်ချေ ရှိပါတယ်။ ယခုကဲ့သို့ ငွေကောက်ခံမှု စနစ်ကြောင့် Google Plus နှင့် Twitter ဘက်ကိုသာ User အရေအတွက် ပိုမို တိုးလာ နိုင်ချေရှိတယ်လို့ ဝေဖန် ခန့်မှန်းလျက်ရှိကြကြောင်း သိရပါတယ်။

Ref: The Sunday Times, Rangonnewsdaily
RND:9.4.2013
Aung Kham (TSJ team)

0 comments:

Post a Comment