Pages

Tuesday, April 9, 2013

နိုင်ငံခြားသားများ မြန်မာ့စောင်းကို စိတ်ဝင်စား သော်လည်း မြန်မာ့ အနုပညာရှင်များ မြန်မာ့ဂီတကို တီထွင်ဖန်တီးမှုအားနည်း

နိုင်ငံခြားသားများ မြန်မာ့စောင်းကို စိတ်ဝင်စား သော်လည်း မြန်မာ့ အနုပညာရှင်များ မြန်မာ့ဂီတကို တီထွင်ဖန်တီးမှုအားနည်း

ဧပြီလ ၉ ရက် ၂၀၁၃

မြန်မာ့ရိုးရာ တူရိယာတစ်မျိုးဖြစ်သည့် စောင်းကို နိုင်ငံခြားသားများ ပိုမိုစိတ် ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာကြကြောင်း ဧည့်လမ်းညွှန် များထံမှ  သတင်းရရှိသည်။ “နိုင်ငံခြားသားတွေက မြန်မာ့တူရိယာထဲမှာ စောင်းကို သဘောကျတာ။ ဗိုလ်ချုပ်ဈေးမှာ လက်ဆောင်ပစ္စည်း ၀ယ်ရင်လည်း စောင်း ကို ၀ယ်တာများတယ်။ အခုနောက်ပိုင်း အမျိုးသားအနုပညာနှင့် ယဉ်ကျေးမှု တက္ကသိုလ်တွေပါ သွားလေ့လာကြတာ” ဟု ပြင်သစ် ဧည့်လမ်းညွှန် တစ်ဦး က ပြောသည်။

     စောင်းတူရိယာကို ဥရောပမှ နိုင်ငံခြားဧည့်သည်များ ပိုမိုစိတ်ဝင် စားကြပြီး စောင်းတီးခတ်ပုံ နည်းစနစ်များကိုပါ သင်ယူကြကြောင်း  ဧည့်  လမ်းညွှန်များက ပြောသည်။ “အရင်တုန်းက နိုင်ငံခြားသားတွေ တက္ကသိုလ် ကိုမလာကြဘူး။ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ အရင်က တစ်ခါမှ မလာဘူးတဲ့ အမေရိကန်၊ အစ္စရေးနဲ့ ဥရောပနိုင်ငံတွေက ခရီးသွားတွေအပြင် ဂီတကို စိတ်ဝင်စားသူတွေပါ လာပြီး လေ့လာကြတယ်” ဟု အမျိုးသားအနုပညာနှင့် ယဉ်ကျေးမှု တက္ကသိုလ်မှ လက်ထောက်ကထိကတစ်ဦးက ပြောသည်။
ဆက်လက်၍ ၎င်းက မြန်မာ့တူရိယာ မျိုးစုံကို နိုင်ငံခြားသားများ အနေဖြင့် လေ့ လာ သည့်အပြင် တူရိယာပစ္စည်းများ၏ တီးခတ်ပုံများ ကိုပါ လေ့လာကြကြောင်း ပြောသည်။ ၂၀၁၂  ဧပြီလ မှ ၂၀၁၃ ခုနှစ် ဖေဖော် ၀ါရီလအထိ  ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြည်ဝင် ခွင့်ဗီဇာ အလိုက်   ၀င်ရောက်လာသော  နိုင်ငံခြားသား ဦးရေမှာ ၅၈၀၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ စာရင်းများအရသတင်းရရှိသည်။

 နိုင်ငံခြားသားများ မြန်မာ့စောင်းကို စိတ်ဝင်စား သော်လည်း မြန်မာ့ အနု ပညာရှင်များ မြန်မာ့ဂီတကို တီထွင်ဖန်တီးမှုအားနည်းကြောင်း၊ ကိုးရီးယား လို ခေတ်ပေါ်နှင့် ကိုယ်ပိုင်ယဉ်ကျေးမှုများကို ပေါင်းစပ် တီထွင်ရန် လိုအပ် .သေးကြောင်း၊ တရားမ၀င်ကူးယူခြင်းအားဖမ်းဆီးရန်ကိုသာ အား ထုတ်ပြီး သီးချင်းအများစုကိုတော့ ကော်ပီတွေလုပ်ပြီး ဆိုနေသည့် အတွက် မေးခွန်း ထုတ် စရာ ဖြစ်လာကြောင်း ပြည်သူတွေထံမှသိရှိရပါတယ်။

7 Day

ဧပြီလ ၉ ရက် ၂၀၁၃

မြန်မာ့ရိုးရာ တူရိယာတစ်မျိုးဖြစ်သည့် စောင်းကို နိုင်ငံခြားသားများ ပိုမိုစိတ် ပါဝင်စားစွာ လာရောက်ကြည့်ရှုလေ့လာကြကြောင်း ဧည့်လမ်းညွှန် များထံမှ သတင်းရရှိသည်။ “နိုင်ငံခြားသားတွေက မြန်မာ့တူရိယာထဲမှာ စောင်းကို သဘောကျတာ။ ဗိုလ်ချုပ်ဈေးမှာ လက်ဆောင်ပစ္စည်း ၀ယ်ရင်လည်း စောင်း ကို ၀ယ်တာများတယ်။ အခုနောက်ပိုင်း အမျိုးသားအနုပညာနှင့် ယဉ်ကျေးမှု တက္ကသိုလ်တွေပါ သွားလေ့လာကြတာ” ဟု ပြင်သစ် ဧည့်လမ်းညွှန် တစ်ဦး က ပြောသည်။ စောင်းတူရိယာကို ဥရောပမှ နိုင်ငံခြားဧည့်သည်များ ပိုမိုစိတ်ဝင် စားကြပြီး စောင်းတီးခတ်ပုံ နည်းစနစ်များကိုပါ သင်ယူကြကြောင်း ဧည့် လမ်းညွှန်များက ပြောသည်။ “အရင်တုန်းက နိုင်ငံခြားသားတွေ တက္ကသိုလ် ကိုမလာကြဘူး။ ၂၀၁၂ ခုနှစ်နောက်ပိုင်းမှာ အရင်က တစ်ခါမှ မလာဘူးတဲ့ အမေရိကန်၊ အစ္စရေးနဲ့ ဥရောပနိုင်ငံတွေက ခရီးသွားတွေအပြင် ဂီတကို စိတ်ဝင်စားသူတွေပါ လာပြီး လေ့လာကြတယ်” ဟု အမျိုးသားအနုပညာနှင့် ယဉ်ကျေးမှု တက္ကသိုလ်မှ လက်ထောက်ကထိကတစ်ဦးက ပြောသည်။

ဆက်လက်၍ ၎င်းက မြန်မာ့တူရိယာ မျိုးစုံကို နိုင်ငံခြားသားများ အနေဖြင့် လေ့ လာ သည့်အပြင် တူရိယာပစ္စည်းများ၏ တီးခတ်ပုံများ ကိုပါ လေ့လာကြကြောင်း ပြောသည်။ ၂၀၁၂ ဧပြီလ မှ ၂၀၁၃ ခုနှစ် ဖေဖော် ၀ါရီလအထိ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ပြည်ဝင် ခွင့်ဗီဇာ အလိုက် ၀င်ရောက်လာသော နိုင်ငံခြားသား ဦးရေမှာ ၅၈၀၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ စာရင်းများအရသတင်းရရှိသည်။

နိုင်ငံခြားသားများ မြန်မာ့စောင်းကို စိတ်ဝင်စား သော်လည်း မြန်မာ့ အနု ပညာရှင်များ မြန်မာ့ဂီတကို တီထွင်ဖန်တီးမှုအားနည်းကြောင်း၊ ကိုးရီးယား လို ခေတ်ပေါ်နှင့် ကိုယ်ပိုင်ယဉ်ကျေးမှုများကို ပေါင်းစပ် တီထွင်ရန် လိုအပ် .သေးကြောင်း၊ တရားမ၀င်ကူးယူခြင်းအားဖမ်းဆီးရန်ကိုသာ အား ထုတ်ပြီး သီးချင်းအများစုကိုတော့ ကော်ပီတွေလုပ်ပြီး ဆိုနေသည့် အတွက် မေးခွန်း ထုတ် စရာ ဖြစ်လာကြောင်း ပြည်သူတွေထံမှသိရှိရပါတယ်။

7 Day News, Rangonnewsdaily
RND:9.4.2013

0 comments:

Post a Comment