Pages

Tuesday, April 9, 2013

ကိုးရီးယားစစ်ဖြစ်ရင် Chernobyl က အသေးစားဖြစ်သွားမယ်လို့ဆို

ကိုးရီးယားစစ်ဖြစ်ရင် Chernobyl က အသေးစားဖြစ်သွားမယ်လို့ဆို
Tuesday, 09 April 2013 

မြောက်ကိုးရီးယားအစိုးရက တောင်နဲ့မြောက်ကိုးရီးယား နှစ်နိုင်ငံ စက်မှုဇုံအတွင်းရှိ မြောက်ကိုးရီးယားနိုင်ငံသား အားလုံးကို ပြန်လည်ခေါ်
ယူနေပြီး အဲဒီစက်မှုဇုံအတွင်းက လုပ်ငန်းတွေ ရပ်တန့်လိုက်ပြီး ဒီလို တင်းမာမှုတွေကြောင့် စစ်ဖြစ်ပွားမယ်ဆိုရင် Chernobyl နျူးကလီးယား
ပေါက်ကွဲမှုက ကလေးကစားစရာ အသေးအဖွဲကိစ္စ ဖြစ်သွားမယ်လို့ ရုရှားသမ္မတက ဆိုပါတယ်။


အဲဒီ နှစ်နိုင်ငံ ပူးပေါင်း စက်မှုဇုံ အတွင်း မြောက်ကိုးရီးယားနိုင်ငံသား အလုပ်သမား အယောက်ပေါင်း ၅၀၀၀၀ (ငါးသောင်း) ကျော် အလုပ်လုပ်
နေတာဖြစ်ပါတယ်။

တောင်နဲ့မြောက် ကိုးရီးယား နှစ်နိုင်ငံကြား ပူးပေါင်းမှုကို ပြသတဲ့အနေနဲ့ အဲဒီ စက်မှုဇုံကို လွန်ခဲ့တဲ့ ၁၀ နှစ်က တည်ထောင်ထားတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ တုန်း က မြောက် ကိုး ရီး ယား နိုင်ငံ ကနေ နိုင်ငံတကာက ကန့်ကွက်တဲ့ကြားက နျူးကလီးယား စမ်းသပ်မှု လုပ်ခဲ့တာကို ကုလသမဂ္ဂက ထပ်မံ ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ခဲ့ပြီး တစ်ပတ်အကြာမှာ မြောက်ကိုရီးယား အစိုးရက ခုလို လုပ်သားတွေကို ပြန်လည်ခေါ်ယူနေတာ ဖြစ်ပါတယ်။

ရုရှားနဲ့ တရုတ်အစိုးရတို့ကလည်း စိတ်အေးအေးထားဖို့ တိုက်တွန်းနေပြီး
 တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လုပ်ဖို့ မြောက်ကိုးရီးယားနိုင်ငံကို တိုက်တွန်း
ထားပါတယ်။

ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင်းကတော့ ကိုးရီးယားကျွန်းဆွယ်မှာ စစ်ဖြစ်ပွားမယ်ဆိုရင် ပြဿနာကြီးမားလွန်းမှာဖြစ်တဲ့အတွက် လူပေါင်း
မြောက်များစွာကို ထိခိုက်မှုဖြစ်ခဲ့တဲ့ Chernobyl နျူးကလီးယာစက်ရုံ
ပေါက်ကွဲမှုဟာ ကလေးကစားစရာ ပေါက်ကွဲမှု သဘော တက်ရောက်နိုင်
တယ်လို့ ပြောလိုက်ပါတယ်။

၁၉၈၆ ခုနှစ်တုန်းက Chernobyl နျူးကလီးယားစက်ရုံ ပေါက်ကွဲမှုကြောင့်
 ရေဒီယိုဓာတ်သတ္တိတွေ ယူကရိန်းနိုင်ငံအပြင် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘလားရုစ်နဲ့ ရုရှားနိုင်ငံတို့အထိ ပြန့်နှံ့ခဲ့ပြီး အဲဒီ ဒဏ်ကို ဒီနေ့အထိ ခံစားနေရတာ ဖြစ်ပါတယ်။

ကိုးရီးယားကျွန်းဆွယ်အတွင်း စစ်ဖြစ်မယ်ဆိုရင် Chernobyl ဖြစ်ရပ်က အသေးအဖွဲ ဖြစ်သွားလိမ့်မယ်လို့ ရုရှားနိုင်ငံသမ္မတက သတိပေးလိုက်တာ
ဖြစ်ပါတယ်။

အစောပိုင်းတုန်းက မြောက်ကိုးရီးယားနိုင်ငံအနေနဲ့ စတုတ္ထကြိမ်မြောက် 
နျူးကလီးယားစမ်းသပ်မှု ပြုလုပ်ဖို့ ရှိတယ်လို့ တောင်ကိုးရီးယားက
 ပြောဆိုခဲ့ပေမယ့် ခုအခါမှာ စမ်းသပ်မှု လုပ်မယ့်အနေအထားမရှိဘူးလို့
 ပြန်ပြောင်း ပြောဆိုနေပါတယ်။

နျူးကလီးယားစမ်းသပ်တဲ့ နေရာမှာ မြောက်ကိုးရီးယားရဲ့ လုံခြုံကားတွေ၊ လုံခြုံရေးသမားတွေ သွားလာမှုတွေဟာ သာမှန်လုပ်ရပ်တွေသာ ဖြစ်ဖို့ များတယ်လို့ တောင်ကိုးရီးယားက ပြောလိုက်တာ ဖြစ်ပါတယ်။

ABC Radio Australia

Tuesday, 09 April 2013

မြောက်ကိုးရီးယားအစိုးရကတောင်နဲ့မြောက်ကိုးရီးယားနှစ်နိုင်ငံ စက်မှုဇုံအတွင်းရှိ မြောက်ကိုးရီးယားနိုင်ငံ
သား အားလုံးကို ပြန်လည်ခေါ် ယူနေပြီး အဲဒီစက်မှုဇုံအတွင်းက လုပ်ငန်းတွေ ရပ်တန့်လိုက်ပြီး ဒီလို တင်းမာမှုတွေကြောင့် စစ်ဖြစ်ပွားမယ်ဆိုရင် Chernobyl နျူးကလီးယား ပေါက်ကွဲမှုက ကလေးကစားစရာ အသေးအဖွဲကိစ္စ ဖြစ်သွားမယ်လို့ ရုရှားသမ္မတက ဆိုပါတယ်။ အဲဒီ နှစ်နိုင်ငံ ပူးပေါင်း စက်မှုဇုံ အတွင်း မြောက်ကိုးရီးယားနိုင်ငံသား အလုပ်သမား အယောက်ပေါင်း ၅၀၀၀၀ (ငါးသောင်း) ကျော် အလုပ်လုပ် နေတာဖြစ်ပါတယ်။

တောင်နဲ့မြောက် ကိုးရီးယား နှစ်နိုင်ငံကြား ပူးပေါင်းမှုကို ပြသတဲ့အနေနဲ့ အဲဒီ စက်မှုဇုံကို လွန်ခဲ့တဲ့ ၁၀ နှစ်က တည်ထောင်ထားတာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလတုန်းက မြောက် ကိုး ရီး ယား နိုင်ငံ ကနေ နိုင်ငံတကာက ကန့်ကွက်တဲ့ကြားက နျူးကလီးယား စမ်းသပ်မှုလုပ်ခဲ့တာကိုကုလသမဂ္ဂကထပ်မံဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ခဲ့ပြီး တစ်ပတ်အကြာမှာ မြောက်ကို
ရီးယား အစိုးရက ခုလို လုပ်သားတွေကို ပြန်လည်ခေါ်ယူနေတာ ဖြစ်ပါတယ်။

ရုရှားနဲ့တရုတ်အစိုးရတို့ကလည်းစိတ်အေးအေးထားဖို့ တိုက်တွန်းနေပြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လုပ်ဖို့
မြောက်ကိုးရီးယားနိုင်ငံကို တိုက်တွန်း ထားပါတယ်။

ရုရှားနိုင်ငံသမ္မတဗလာဒီမာပူတင်းကတော့ကိုးရီးယားကျွန်းဆွယ်မှာ စစ်ဖြစ်ပွားမယ်ဆိုရင် ပြဿနာကြီးမား
လွန်းမှာဖြစ်တဲ့အတွက် လူပေါင်း မြောက်များစွာကို ထိခိုက်မှုဖြစ်ခဲ့တဲ့Chernobyl နျူးကလီးယာစက်ရုံပေါက်
ကွဲမှုဟာ ကလေးကစားစရာ ပေါက်ကွဲမှု သဘော တက်ရောက်နိုင် တယ်လို့ ပြောလိုက်ပါတယ်။

၁၉၈၆ ခုနှစ်တုန်းက Chernobyl နျူးကလီးယားစက်ရုံ ပေါက်ကွဲမှုကြောင့် ရေဒီယိုဓာတ်သတ္တိတွေ ယူကရိန်းနိုင်ငံအပြင် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ဘလားရုစ်နဲ့ ရုရှားနိုင်ငံတို့အထိ ပြန့်နှံ့ခဲ့ပြီး အဲဒီ ဒဏ်ကို ဒီနေ့အထိ ခံစားနေရတာ ဖြစ်ပါတယ်။

ကိုးရီးယားကျွန်းဆွယ်အတွင်း စစ်ဖြစ်မယ်ဆိုရင် Chernobyl ဖြစ်ရပ်က အသေးအဖွဲ ဖြစ်သွားလိမ့်မယ်လို့ ရုရှားနိုင်ငံသမ္မတက သတိပေးလိုက်တာ ဖြစ်ပါတယ်။

အစောပိုင်းတုန်းက မြောက်ကိုးရီးယားနိုင်ငံအနေနဲ့ စတုတ္ထကြိမ်မြောက် နျူးကလီးယားစမ်းသပ်မှု ပြုလုပ်ဖို့ 
ရှိတယ်လို့ တောင်ကိုးရီးယားက ပြောဆိုခဲ့ပေမယ့် ခုအခါမှာ စမ်းသပ်မှုလုပ်မယ့်အနေအထားမရှိဘူးလို့ ပြန်
ပြောင်း ပြောဆိုနေပါတယ်။

နျူးကလီးယားစမ်းသပ်တဲ့နေရာမှာမြောက်ကိုးရီးယားရဲ့လုံခြုံကားတွေ၊လုံခြုံရေးသမားတွေ သွားလာမှုတွေ
ဟာ သာမှန်လုပ်ရပ်တွေသာ ဖြစ်ဖို့ များတယ်လို့ တောင်ကိုးရီးယားက ပြောလိုက်တာ ဖြစ်ပါတယ်။

ABC Radio Australia , Rangonnewsdaily
RND:9.4.2013

0 comments:

Post a Comment