Pages

Tuesday, April 9, 2013

လမ်းဘေးတွင် အလှူခံနေသူ အမျိုးသမီး အဝေးပြေး မှန်လုံယာဉ် တိုက်မိ သေဆုံး

စစ်ကိုင်းတိုင်း ဒေသကြီး လယ်ကြီးကျေးရွာ ဇရပ်အနီးရှိ မန္တလေး- မုံရွာ ကားလမ်း မိုင်တိုင်အမှတ် (၃၅/၃) နှင့် (၃၅/၄)အကြား၌ ဧပြီ ၆ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ်က အလှူခံနေသူ အမျိုးသမီး တစ်ဦးကို မှန်လုံယာဉ် တစ်စီးမှ တိုက်မိခဲ့သဖြင့် သေဆုံး ခဲ့ကြောင်း သိရှိရသည်။ ဖြစ်စဉ်မှာ လယ်ကြီးကျေးရွာ ဇရပ် အနီးရှိ မန္တလေး- မုံရွာ ကားလမ်း မိုင်တိုင်အမှတ် (၃၅/၃)နှင့် (၃၅/၄) အကြား၌ ယာဉ်မောင်း အောင်ဖြိုးမင်း ၂၆ နှစ် (ဘ)ဦးသိန်းဝင်း ညောင်ပင်သာ ရပ်ကွက်၊ ကလေးမြို့ မောင်းနှင်သည့် ၆င/--- မှန်လုံယာဉ်သည် လမ်းဘေး တွင် အလှူခံ နေသူ မခင်နှင်းရီ ၄၅ နှစ် (ဘ)ဦးစိန်အောင် လယ်ကြီးကျေးရွာ စစ်ကိုင်းမြို့နယ် နေသူအား ဝင်တိုက် မိခဲ့ရာ မခင်နှင်းရည်မှာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကိုင်းမြို့ အမှတ်(၁)ရဲစခန်းမှ အောင်ဖြိုးမင်း အား ယာဉ်(ပ) ၁ဝ/၂ဝ၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၄-က အရ အမှုဖွင့် အရေးယူ ထားကြောင်း သတင်း ရရှိ သည်။

မြ၀တီ , Rangonnewsdaily
RND:9.4.2013

0 comments:

Post a Comment