Pages

Tuesday, April 9, 2013

ဘာပေါင်းစုံချစ်ကြည်ရေး အခမ်းအနား ပဲခူးတွင်ကျင်းပမည်

ဘာသာပေါင်းစုံချစ်ကြည်ရေးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊လူမှုရေးအဖွဲ့ အစည်းများသို့ အပြန်အလှန် အလှုငွေပေးအပ်ပွဲ အမည်ဖြင့် အခမ်းအနားကို ယခုလ ၁၁ ရက်နေ့တွင် ပဲခူးမြို့ ၌်ကျင်းပရန်
ခွင့်ပြုခွင့် ရရှိပြီဖြစ်ကြောင်းအခမ်းအနားဖြစ်မြောက်ရေး ကော်မတီဝင် ဦးသောင်းစိန်က မြန်မာမွတ်စလင်မ် မီဒီယာသို့ပြောသည်။
" Interfaith အဓွါန့်ရှည်တည်တံ့ဖို့ အတွက်ရယ်၊ဘာသာပေါင်းစုံတစ်ဦးနဲ့တစ်ဦးမေတ္တာပေါင်းစပ်ပြီးတော့ အတူ
ယှဉ်တွဲနေထိုင်နေတယ်ဆိုတဲ့ သရုပ်မှန်ပေါ်ပေါက်စေရေး ရည်ရွယ်ပြီးတော့လုပ်တာပါ"ပာု ဦးသောင်းစိန်က အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်ကိုပြောသည်။" "

ှုဗုဒ္ဓဘာသာကိုယ်စားပြု အဖြစ် ပဲခူးတိုင်းသံဃာမပာာနာယက ဥက္ကဌ ဆရာတော်၊ကြခတ်ဝိုင်းကျောင်းဆရာ
တာ်၊၀င်းနိမ္မိတာရုံကျောင်းဆရာတော်၊မပာာစေတီကန်ကျောင်းဆရာတော်၊မြို့မကျောင်းဆရာတော် တို့
ကလည်းကောင်း၊အစ္စလာမ်ဘာသာကိုယ်စားပြု အဖြစ် အလ်ပာာ့ဂ်ျ မုဖ်သီ ဒေါက်တာမြင့်သိန်း(မြန်မာမွတ်
စလင်မ်ကွန်ရက်)၊ခရစ်ယန်သာသနာ ကိုယ်စားပြု သိက္ခာတော်ရဆရာတော်ဦးစောကော်သော(ဥက္ကဌ၊ခရစ်
ယန် အသင်းတော်များကောင်စီ ၊ပဲခူး)ပိာန္ဒူဘာသာကိုယ်စားပြု ဦးတင်ထွန်း တို့က ဘာသာတရား အသီး
သီးအားကိုယ်စားပြုကာ တရားဒေသနာတော်များ ပောာကြားမည်ဖြစ်ကြောင်းသိရသည်။

ဘာသာပေါင်းစုံချစ်ကြည်ရေး အခမ်းအနား အပြီးတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊သွေးလှုအဖွဲ့၊
ကုသိုလ်ဖြစ်ဆေးခန်းများ စသည့် လူမှု ရေးအကျိုးပြု အဖွဲ့များထံသို့ လှုဒါန်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း
လည်းသိရသည်။

မကြာသေးမှီကာလ အတွင်း မြန်မာနိင်ငံရှိဒေသ အချို့တွင် ဘာသာရေးအစွန်းရောကှ်၉၆၉ ဂိုဏ်းဝင်များ
က မြန်မာမွတ်စလင်မ်များအား မြို့လုံးကျွတ်ဖျက်ဆီးသတ်ဖြတ်ခြင်းများကို အရှိန် အပာုန်ဖြင့်ပြုလုပ်ခဲ့ပြီး
နောက် ယခုကဲ့သို့ ဘာသာပေါင်းစုံချစ်ကြည်ရေးပွဲများကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ် လာခြင်းဖြစ်သည်။

အထက်ပါအခမ်းအနားကို ပဲခူးမြို့ ရွေမော်ဓော ဘုရားလမ်း ရှိ ဗုဒ္ဓအသံ သာသနာ့ဗိမ္မာန်တွင် ယခုလ၁၁ ရက်
နေ့ တွင် နံနက် ၈ နာရီမှ ၁၁ နာရီ အထိကျင်းပသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

ပိာန်းအောင်
Myanmar Muslim.Net , Rangonnewsdaily
RND:9.4.2013 

0 comments:

Post a Comment