Pages

Tuesday, April 30, 2013

HTC Oneနဲ့ Microphone နည်းပညာပိုင်း ဆိုင်ရာ တရားရင်ဆိုင်မှုတွင် Nokia အနိုင်ရ

HTC Oneနဲ့ Microphone နည်းပညာပိုင်း ဆိုင်ရာ တရားရင်ဆိုင်မှုတွင် Nokia အနိုင်ရ
Tuesday, April 30, 2013

STMicroelectronicမှ ထုတ်လုပ်ပြီး HTC Oneဖုန်းများတွင် အသုံးပြုထားသော Microphoneများနှင့် ပတ်သက်သော နည်းပညာပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုအတွက် တရားရင်ဆိုင်ရာတွင် Nokiaမှ အနိုင်ရသွားပါတယ်။ Amsterdam တရားရုံးက ဆုံးဖြတ်ပေးခဲ့တာဖြစ်ပြီး တရားရုံး ဆုံးဖြတ်ချက်များအရ Nokiaဟာ အဆိုပါ Microphone နည်းပညာများကို သူကိုယ်ပိုင် သုံးစွဲဖို့ ထုတ်လုပ် ဖန်တီးခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ 

Nokiaရဲ့ ပြောရေးဆိုခွင့် ရှိသူရဲ့ ပြောကြားချက်အရ “HTCဟာ အခု Microphoneနဲ့ ပတ်သက်ပြီး သူတို့ရဲ့ မူပိုင် နည်းပညာ အဖြစ်ကြေညာပြီး ဈေးကွက်တင်ခဲ့တာကြောင့် အခုလို တရားရုံးကနေ နည်းပညာ မူပိုင်ခွင့်အတွက် အမှုရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အခုလို အနိုင်ရခဲ့တာပါ”ဟု ပြောပါတယ်။ အခုလို ဆုံးဖြတ်ချက်ကြောင့် STMicroဟာ ဒီနှစ်ကုန်ပိုင်းအထိသာ HTCကို Microphoneများ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။ 

ရလဒ်အနေနဲ့ HTCဟာ ကမ္ဘာတစ်ဝှမ်းကို ဖြန့်ချိထားတဲ့ HTC Oneတွေနဲ့ ပတ်သက်ပြီး Microphoneဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အခုလို ဖြစ်ရပ်နှင့် နောက်ဆက်တွဲအဖြစ် HTCအတွက် Microphoneများ ထုတ်လုပ် ပေးခဲ့တဲ့ STMicroဟာ Nokiaကို ယူရို ၅၀၀၀၀ (စတာလင်ပေါင် ၄၃၀၀၀) ပေးချေရတော့မှာ ဖြစ်ပါတယ်။

Ref: www.guardian.com 
Myanmar ICT Journal

Tuesday, April 30, 2013

STMicroelectronicမှ ထုတ်လုပ်ပြီး HTC Oneဖုန်းများတွင် အသုံးပြုထားသော Microphoneများနှင့် ပတ်သက်
သောနည်းပညာပိုင်းဆိုင်ရာပိုင်ဆိုင်မှုအတွက်တရားရင်ဆိုင်ရာတွင်Nokiaမှအနိုင်ရသွားပါတယ်။Amsterdam
တရားရုံးက ဆုံးဖြတ်ပေးခဲ့တာဖြစ်ပြီး တရားရုံး ဆုံးဖြတ်ချက်များအရ Nokiaဟာ အဆိုပါ Microphone နည်း
ပညာများကို သူကိုယ်ပိုင် သုံးစွဲဖို့ ထုတ်လုပ် ဖန်တီးခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။ Nokiaရဲ့ ပြောရေးဆိုခွင့် ရှိသူရဲ့ ပြောကြားချက်အရ “HTCဟာ အခု Microphoneနဲ့ ပတ်သက်ပြီး သူတို့ရဲ့ မူ
ပိုင် နည်းပညာ အဖြစ်ကြေညာပြီး ဈေးကွက်တင်ခဲ့တာကြောင့် အခုလို တရားရုံးကနေ နည်းပညာ မူပိုင်ခွင့်
အတွက အမှုရင်ဆိုင်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အခုလို အနိုင်ရခဲ့တာပါ”ဟု ပြောပါတယ်။ အခုလို ဆုံးဖြတ်ချက်
ကြောင့် STMicroဟာ ဒီနှစ်ကုန်ပိုင်းအထိသာ HTCကို Microphoneများ ရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

ရလဒ်အနေနဲ့ HTCဟာ ကမ္ဘာတစ်ဝှမ်းကို ဖြန့်ချိထားတဲ့ HTC Oneတွေနဲ့ ပတ်သက်ပြီး Microphoneဆိုင်ရာ
ပြဿနာတွေနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အခုလို ဖြစ်ရပ်နှင့် နောက်ဆက်တွဲအဖြစ် HTCအတွက် Microphoneများ ထုတ်လုပ် ပေးခဲ့တဲ့ STMicroဟာ Nokiaကို ယူရို ၅၀၀၀၀ (စတာလင်ပေါင် ၄၃၀၀၀) ပေး
ချေရတော့မှာ ဖြစ်ပါတယ်။

Ref: www.guardian.com
Myanmar ICT Journal , Rangonnewsdaily
RND:  :30.4.2013

0 comments:

Post a Comment