Pages

Tuesday, April 30, 2013

ဥက္ကံနဲ့ပတ်သတ်ပြီး စုဆောင်းရရှိသောသတင်းများ

ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့တွင် ပဋိပက္ခများ စတင်ဖြစ်ပွား ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့တွင် လူမျိုး
ရေးနှင့်ဘာသာရေးပုံစံ ပဋိပက္ခများ စတင်ဖြစ်ပွားနေပြီး ဘာသာရေး အဆောက်အအုံ၊ ဈေးဆိုင်များ၊ နေ
အိမ်များ ဖျက်ဆီးမှုများ ရှိကြောင်း ဧရာဝတီက သတင်းရရှိထားသည်။ ဥက္ကံမြို့ရှိ အောင်ရတနာရပ်ကွက်တွင် ယခု မီးလောင်ကျွမ်းမှုများဖြစ်ပွားနေပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်နေသည်ဟု ဒေသခံများက ဆိုသည်။(ဥက္ကံမြို့သို့ ဧရာဝတီသတင်းဌာနမှသတင်းအဖွဲသွားရောက်လျက်ရှိပြီး အသေးစိတ်သတင်းအချက်
အလက်များကို တိုက်ရိုက် ဆက်လက် သတင်းပေးပို့ပါမည်။

လက်ရှိဥက္ကံမြိုပေါ်ရှိရဲစခန်းအား အဖျက်သမားများကိုမထိန်းနိုင်သော ကြောင့်ပိတ်ထားပြီး အဖျက်သမား ၄၀၀ ကျော် အင်းအားစုများသည် မြို့ ပေါ်နာမည်ကြီးဆိုင်များဖြစ်သောဟာဂျီဦးတင်ဦး(စိန်စတိုး) ဟာဂျီဦးမောင်ရွှေ(အိမ်ဆောက်ပစ္စည်းဆိုင်)တခြားသောလမ်းမတန်းရှိ ဆိုင်များကိုဖျက်ဆီးပြီးရပ်ကွက်အတွင်းများသို့ ထပ်မံဝင်ရောက်နေကြောင်း သတင်းဆိုးများကိုကြားရပါသည် ။
 
ရန်ကုန်တိုင်း၊ ဥက္ကံမြို့ရှိ အစ္စလာမ်ဝတ်ပြုကျောင်း ဗလီအား အစွန်းရောက် ဗုဒ္ဓဘာသာ အကြမ်းဖက်သမား

များမှ ယနေနံနက် (၁၀)ကျော်ခန့်မှ စတင်ကာ ဖျက်ဆီးမှုများ ပြုလုပ်နေကြကြောင်းနှင့် ယခုအချိန်အထိ
ဒေသခံ အစ္စလာမ်ဘာသာဝင်များမှာ အိမ်တွင်းမှ အိမ်ပြင်မထွက်ရဲကြောင်း၊ စိုးရိမ်မှုများရှိနေကြောင်း ဥက္ကံ
မြို့ခံ တစ်ဦးမှ တိုက်ရိုက်သတင်းပေးပို့ထားသည်။ 

ဥက္ကံမြို့ တွင် သပိတ် အဖုံးကျကွဲရာမှ အဓိကရုန်း ဖြစ်ပွားနေ 30.4.2013 ဥက္ကံမြို့၊ ဆင်ဖြူရှင်ရပ်ကွက်၊ အလံ

တိုင်ကျောင်းတိုက်နေ (၃၀.၄.၂၀၁၃) ရက်နေ့ နံနက် (၉)နာရီ အချိန်က ကိုရင် ပုည၊ (၁၁)နှစ်၊ (ဘ)ဦးမျိုး
သည် ဘုရားကြီးဈေးတောင်ဘက်၊ ဘုရားကြီး လမ်းတွင် ဈေးဝယ်လာသူ မ၀င်းဝင်းစိန်၊ (၃၄)နှစ်၊ (ဘ)ဦးလူ
လူမျှား၊ မူဆလင်/အစ္စလာမ်မှ ၀င်တိုက် မိသဖြင့် လွယ်ထားသည့် သပိတ် လွတ်ကျကာ အဖုံးကွဲသွားသဖြင့် ရဲစခန်းသို့လာရောက် တိုင်တန်း ရ်ျ အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။ 

သပိတ်အဖုံး ကျကွဲရ်ျ ဆွမ်း နှင့် ဆွမ်းဟင်းများ မှောက်သွားခဲ့သဖြင့် မ၀င်းဝင်းစိန်မှာသပိတ် အသစ် ပြန်လည်
ဝယ်ပေးခဲ့ပြီး စခန်းမှူး မှ ဆွမ်း နှင့် ဆွမ်းဟင်းများအား လှူဒါန်းပေးခဲ့စဉ် ဈေး အနီး ရပ်ကွက်နေ ကျား/မ (၅၀)
ဦးခန့်မှ မကျေနပ်သဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ပေးစဉ် ဈေးပတ်လည်ရှိ ဆိုင်ခန်းအချို့အား ဖျက်ဆီး
သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းဆောင် ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သ
တင်းရရှိပါသည်။ 

ဥက္ကံမြို့ဈေးဗလီတွင် ရှိသောမွတ်စလမ်မင်ျားပိုသင်ည့် ဆိုခင်န်းများအား အကြမ်းဖက်၍၀ိုင်းဝန်းဖျက်ဆီးလိုက်သည့်အတွက် ဆိုခင်န်း(၅)ခန်း ပျက်စီးသွားသည်ဟု သိရသည်။ဆိုခင်န်းများဖျက်ဆီးစဉ်ကတည်းကရဲများ
ရောက်ရှိလာသော်လည်းရဲများမှလည်း မထိန်းသိမ်းနိုင်ပဲရှိနေသည်။

မွတ်စလမ်မင်ျားစိုးရိမ်ထိတ်လန့်နေ၍အိမ်ထဲမှ မထွက်ဝံ့ကြောင်းလည်းသိရသည်ဥက္ကံမြို့ပြဿနာစဖြစ်စဉ်
တွင် ဖုန်းလိုင်းများပြတ်တောက်နေမှုဖြစ်ပေါ်ခဲ့ပြီ်ဖြစ်ကြောင်းလဲသိရသည်။ 

Rangonnewsdaily
RND:  :30.4.2013

0 comments:

Post a Comment