Pages

Tuesday, April 30, 2013

ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ကို ယနေ့ညနေ ၅နာရီမှစတင်ပြီး ပုဒ်မ (၁၈၈) အမိန့်ထုတ်ပြန်


ဒီကနေ့ဧပြီလ ၃ဝ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ဈေးအတွင်း အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးနဲ့ ဗုဒ္ဓဘာသာဝင် ကိုရင်တစ်ပါးတို့ မတော်တဆတိုက်မိပြီး သပိတ်ပြုတ်ကျရာက စတင်ခဲ့
တဲ့ ပဋိပက္ခကြောင့် ဥက္ကံမြို့မှာရှိတဲ့ ဗလီတစ်လုံး၊ နေအိမ်နဲ့ ဆိုင်ခန်း ၅ဝ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။ အခုလို ပဋိပက္ခတွေဖြစ်ပွားခဲ့တာကြောင့် ဒေသတည်ငြိမ်အေးချမ်းမှုရှိစေဖို့ဧပြီလ ၃ဝ ရက်နေ့ ညနေ ၅ နာရီ
ကစတင်လို့ ဥက္ကံမြို့ကို ပုဒ်မ (၁၈၈) အမိန့်ထုတ်ပြန်လိုက်ကြောင်း ဥက္ကံမြို့နယ် အုပ်ချုပ်ရေးမှူးက လိုက်လံ
ကြေငြာနေပါတယ်။ 
 
ဥက္ကံမြို့ဒေသ ပြန်လည်တည်ငြိမ်းအေးချမ်းမှုရှိစေဖို့အတွက် ရန်ကုန်တိုင်းရဲမှူးကြီး သူရဝင်းနိုင်က လုံခြုံရေး
လုပ်ငန်းတွေကို စီမံဆောင်ရွက်မှုတွေပြုလုပ်နေပြီး ဒေသခံတပ်ရင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ 
 
အလားတူ ဥက္ကံမြို့ပတ်ဝန်းကျင်က မြို့နယ်တွေကိုလည်း တည်ငြိမ်မှုရှိစေဖို့အတွက် ရန်ကုန်တိုင်းအတွင်းက ရဲတပ်ဖွဲ့ဝင်တွေသွားရောက်ပြီး လုံခြုံရေးလုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ 
 
photo: RFA/ Moe Thu Aung, Kyaw Zawe Win 
Rangonnewsdaily
RND:  :30.4.2013

0 comments:

Post a Comment