Pages

Tuesday, April 30, 2013

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ရေအားလျှပ်စစ်ဓါတ်ကြိုးမှ ဓါတ်လိုက်၍ လူ ၃ ဦးသေဆုံး

နေပြည်တော်၊ ဧပြီ ၃၀
၂၉-၄-၂၀၁၃ ရက်နေ့ ၁၅၄၅ အချိန် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေး ကျေးရွာအုပ်စု တိုက်နယ်ဆေးရုံသို့ ဓါတ်လိုက်ဒဏ်ရာရရှိသူ(၃)ဦး ရောက်ရှိနေကြောင်းသတင်းအရ လွိုင်လင်လေးရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ လွိုင်လင်လေးကျေးရွာအုပ်စု၊ ကွန်နားအောက်ရွာနေသူများဖြစ်သည့် စိုင်းလောင်လင်း(၁၂)နှစ်တွင် ယာလက်ကောက်ဝတ်မီးလောင် ဒဏ်ရာ၊ လည်ပင်းယာဘက်မီးလောင်ဒဏ်ရာ၊ မောင်တူး(ခ)အောင်ကိုလတ်(၁၂)နှစ်တွင် ၀ဲဘက် လက်ညှိုးနှင့်ယာဘက်လက်သူကြွယ်မီးလောင်ဒဏ်ရာ၊ ဦးလုံးပိ(၇၂)နှစ်တွင် မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။ စစ်ဆေးချက်အရ ယင်းနေ့ ၁၅၀၀ အချိန်တွင် ကျေးရွာအတွင်း တည်ဆောက်ထားသည့် ရေအား
လျှပ်စစ်မှဓါတ်ကြိုးအား စိုင်းလောင်လင်းနှင့် မောင်တူး(ခ) အောင်ကိုလတ်တို့(၂)ဦး ဆော့ကစားစဉ် ဓါတ်လိုက်နေသည်ကို ဦးလုံးပိမှမြင်တွေ့ပြီး ၀င်ဆွဲရာမှ (၃)ဦးစလုံး ဓါတ်လိုက်ဒဏ်ရာများရရှိပြီး လွိုင်လင်လေးဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် လွိုင်ကော်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၆/၂၀၁၃)ဖြင့် စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည် ,Rangonnewsdaily
RND:  :30.4.2013

0 comments:

Post a Comment