Pages

Tuesday, April 30, 2013

ဥက္ကံမြို့သတင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ သတင်း ထုတ်ပြန်ချက်


Tuesday, April 30, 2013

၃ဝ-၄-၂ဝ၁၃ ရက်နေ့ ဝ၉:ဝဝ အချိန် ရန်ကုန်တိုင်းဒေသကြီး၊တိုက်ကြီးမြို့နယ်၊ဥက္ကံမြို့၊ ဆင်ဖြူရှင်ရပ်ကွက်
နေ အလံတိုင်ကျောင်းတိုက် ကျောင်းအကျိုးတော်ဆောင် ဦးလှိုင်တင်(၆၂)နှစ်သည် တိုက်ကြီးရဲစခန်းသို့
ရောက်ရှိလာပြီး အလံတိုင်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သည့် ကိုရင်အရှင်ပုည (၁၁)နှစ်သည် ဥက္ကံ
ဈေးတောင်ဘက်၊ဘုရားကြီးလမ်းအတိုင်းဆွမ်းခံကြွလာစဉ် ဈေးဝယ်လာသူ မဝင်းဝင်းစိန်မှဝင်ရောက်တိုက်
မိ၍ သပိတ်လွတ်ကျပြီး အဖုံးကွဲသွားကြောင်း သိရှိရသဖြင့်မဝင်းဝင်းစိန်ကို အရေးယူပေးရန် တိုင်တန်း၍ 
ဥက္ကံရဲစခန်း(ပ)၁၁၂/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မကျေနပ်သည့် ဗုဒ္ဓဘာသာဝင်ပြည်သူ(၂ဝဝ)ဦးခန့်မှ ၁၃:၁၅ အချိန် ဥက္ကံမြို့၊ အနော်ရထာ ရပ်ကွက်ရှိ ဈေးဗလီသို့ ရောက်ရှိလာပြီး လူ(၁ဝ)ဦးခန့်မှ အုတ်နီခဲဖြင့် ပစ်ပေါက်၍ ထွက်ပြေး သွားခဲ့သဖြင့်

ဗလီရှေ့ရှိ ၃ × ၃ ပေခွဲခန့်ရှိ မှန်(၆)ချပ် ကွဲသွားခဲ့ပြီး လျှပ်စစ်မီတာပုံး(၂)ပုံး ကျိုးပဲ့ပျက်စီးကာ လူထိခိုက်ဒဏ်
ရာ ရရှိမှုမရှိကြောင်းနှင့်အခင်းဖြစ်နေရာသို့တိုက်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့် တပ်ဖွဲ့ဝင်များမှ အခြေအ
နေ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

၁၄:၂၅ အချိန်တွင် ဈေးအနီး ဆိုင်ခန်း(၂၅)ခန်းအတွင်းရှိ ပစ္စည်းများအား လူ(၂၅)ဦးခန့်မှ လမ်းမပေါ်သို့ ဆွဲ

ချခဲ့ပြီး ပြည်သူ(၂ဝဝ)ဦးခန့်မှ ဝိုင်းဝန်းကြည့်ရှုနေကြောင်း သိရှိရသည်။

၁၄:၄ဝ အချိန်မှ ၁၄:၄၅အချိန်အတွင်းအခြေအနေထိန်းသိမ်းနိုင်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့မှ သေနတ်

(၄)ချက် ချောက်လှန့်ပစ်ခတ်ခဲ့သည်။

၁၅:ဝဝ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ ရောက်ရှိ လာပြီး နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ၁၅:၁ဝ အချိန် အခြေအနေ ထိန်းသိမ်းနိုင်ခဲ့ပါသည်။

၁၅:၄၅ အချိန်တွင် ဥက္ကံမြို့ပြင်၊ မင်းရဲကျော်စွာရပ်ကွက်၊ လယ်ကွင်းကောက်ရိုးပုံအနီးတွင် ဒဏ်ရာရရှိသူ

(၂)ဦးအား တွေ့ရှိ ရသဖြင့် ဆေးကုသနိုင်ရေး ဒုတိယတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးနှင့်အဖွဲ့မှ ဆေးရုံသို့ပို့
ဆောင်ပေး ခဲ့ကြောင်းနှင့် ပြစ်မှု ကျူးလွန်သူများအား ဥပဒေအရ အရေးယူနိုင်ရေး ဖော် ထုတ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အထက်ပါဖြစ်စဉ်တွင် ဒဏ်ရာရရှိသူ ၈ ဦးထပ်မံတွေ့ရှိရသဖြင့် စုစုပေါင်း ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း သိရှိရပါသည်။



မြန်မာနိုင်ငံရဲတပ်ဖွဲ့
Rangonnewsdaily
RND:  :30.4.2013

0 comments:

Post a Comment